ကဲကဲ… အပိုင်း(၁) တုန်းက AutoCAD 2014 သုံးပြီး External Reference/Background/Underlay ထည့်တာကိုပြောခဲ့တယ်။ ပြီးသွားတော့ အပိုင်း(၂) ရောက်လာတော့လည်း ဝေ့လည်ချောင်ပတ်နဲ့ ဒီအကြောင်းကိုပဲ AutoCAD 2008 သုံးပြီးပြပြန်ရော။ ပြီးတော့နောက် အပိုင်းတွေမှာ ဟိုဟာပြောပြမယ် ဒီဟာပြောပြမယ် လေကြီးမိုးကြီး မျှော်လင့်ချက်တွေပေးပြီးတော့ မေလ ၁၃ရက်နေ့လည်းက ပျောက်သွားလိုက်တာ နှစ်ပတ်ကျော်တဲ့ ဒီကနေ့အထိပါပဲ။ အလုပ်က ရှုပ်ရှုပ်မရှုပ်ရှုပ်၊ ရှုပ်ချင်ယောင်ဆောင်လိုက်တာပဲ… 😛

ကဲ… ဆိုပါတော့… Scale with Reference, Rotate with Reference အကြောင်းလေး စလိုက်ရအောင်။ ပုံမှန် အရာဝတ္ထုတစ်ခုကို Scale ချုံ့၊ ချဲ့ချင်ရင် အဲ့ Object ကို Select လုပ်၊ SC->Enter… Base Point ကလစ်ချပြီး လိုချင်တဲ့ Scale ဂဏန်း ရိုက်ထည့်လိုက်ရင် ကိုရွေးခဲ့တဲ့ Base Point ကို ဗဟိုပြုပြီး လိုချင်တဲ့ ဆိုဒ် ချုံ့ချဲ့ဖြစ်သွားရော။ ဒါက AutoCAD သုံးတဲ့သူတော်တော်များများသိပါတယ်။ ဒါပေမဲ့ တော်တော်များများနေရာမှာ အသုံးဝင်နိုင်တဲ့ Scale with Reference ကို မေ့နေတာတို့ တစ်ချို့သင်တန်းတွေဆိုရင် သင်တောင်မသင်ပေးကြဘူး တို့ ဖြစ်ပါတယ်။

SCALE WITH REFERENCE
Scale with Reference ဆိုတာက ဒီအမှတ်ကနေ၊ ဒီအမှတ်အထိက အလျား ဘယ်လောက်ရှိပါတယ်ဆိုတာ ပြောလိုက်ရုံနဲ့ ပုံက သူ့အလျားအတိုင်း ချုံ့ချဲ့ သူ့ဟာသူလုပ်သွားလိမ့်မယ်။ ဘယ်နှဆတွေ ဘာတွေသိဖို့မလိုဘူး။ ပြန်တွက်နေစရာလဲမလိုဘူးပေါ့။ Command ကလဲ အခက်ကြီးမဟုတ်ပါဘူး။ SC->Enter… Base Point ကိုကလစ်ချ၊ R>Enter… အကွာအဝေးသိတဲ့အမှတ် ၂ခုကို တစ်ချက်စီ ကလစ်ချပြီး သိတဲ့ အကွာအဝေး (အလျား) ကို ရိုက်ထည့်လိုက်ရင် ပုံက ချုံ့ချဲ့ လုပ်သွားပါလိမ့်မယ်။ ခုနက Point ၂ခုရဲ့ အကွာအဝေး ကို Dimension ပြန်တိုင်းကြည့်ပါ။ ကိုယ်လိုချင်တဲ့ အကွာအဝေးဖြစ်သွားပါလိမ့်မယ်။

တစ်ခုသတိထားစေချင်တာ AutoCAD နဲ့ ပုံဆွဲတိုင်း Drawing Unit ကိုသတိထားပေးဖို့ပါ။ ခုနကပြောတာတွေ မရှင်းမှာစိုးလို့ ပုံနဲ့ပြပါမယ်။ အပိုင်း ၁၊ ၂ က ပြောသလို ပုံတစ်ပုံ ကို AutoCAD ထဲ Reference လုပ်ဖို့ ထဲ့ထားပါတယ်။

ပုံ(၁)

ဒီထည့်ထားတဲ့ပုံမှာ Frame Spacing လေးတွေပါပါတယ်။ တစ်Frame နဲ့ တစ်Frame ဟာ ၂ပေ (609.6mm) ကွာတယ်ကို ကြိုသိထားပါတယ်။ ဒါပေမယ့် Scan ဖတ်ထားတဲ့ပုံကို ထည့်ပြီး Dimension တိုင်းကြည့်တော့ ၆.၉၀၄၃ မီလီမီတာပဲရှိတယ်။

ပုံ(၂)

ဒါဆိုချဲ့ရမှာပေါ့။ ဘယ်နှဆချဲ့မလဲဆိုတော့ (609.6/6.9043=88.29280304 ဆ) ချဲ့ရမှာပေါ့။ တွက်ရတာရှုပ်တယ်။ တွက်ရမှာမရှုပ်ရင်တောင်မှ အတိအကျလိုချင်ရင် အဆကို ဂဏန်းအကုန်ရိုက်နေရမှာ ရှုပ်တယ်။ Reference နဲ့ချဲ့မယ်။ Command မှာ “sc” ရိုက်ပြီး Enter ခေါက်မယ်။ ချုံ့ချဲ့ချင်တဲ့ Object (အခုဒီမှာဆိုရင်တော့ Background ထည့်ထားတဲ့ပုံ) ကို select လုပ်ပါမယ်။

ပုံ(၃)

ရွေးပြီးရင် Enter ခေါက်ပါ။ Base Point ပေးပါ (ဗဟိုပြုချဲ့ချင်တဲ့နေရာ ကို ကလစ်တစ်ချက်ချလိုက်ပါ)။

ပုံ(၄)

ပြီးရင် Reference နဲ့လုပ်မှာဖြစ်တဲ့အတွက် “r” ရိုက်ပြီး Enter ခေါက်ပါ။ Specify Reference Length လို့မေးပါလိမ့်မယ်။ Frame နှစ်ခုကြားကို တစ်ချက်စီ ကလစ်ခေါက်ပါ။ (ပထမတစ်ချက်ခေါက်ပြီးရင် Specify Second Point လို့ပေါ်လိမ့်မယ်၊ ဒုတိယတစ်ချက်ခေါက်ပါ) ဒီပုံမှာဆိုရင်တော့ ၄၆ ရှိတဲ့လိုင်းပေါ်တစ်ချက် ၄၇ ရှိတဲ့လိုင်းပေါ်တစ်ချက်ခေါက်လိုက်ရင်ဖြစ်တယ်။ အဲ့လိုခေါက်ပြီးရင် Specify New Length လို့ပေါ်လာမယ်။ ဒီမှာ ဒီpoint နှစ်ခုကြားက ၆၀၉.၆ ရှိမယ်ဆိုတာသိထားတော့ 609.6 ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် ချဲ့ပြီးသွားပါပြီ။ Zoom Out လုပ်ပြီး ပြန် Dimension တိုင်းကြည့်ပါ။ ခန့်မှန်းချေ တူညီပါလိမ့်မယ်။ Click ချတာပေါ်မူတည်ပြီးတော့ အနည်းနဲ့အများ Error တော့ရှိနိုင်ပါတယ်။ ဒီလိုချဲ့ပြီးပြီဆိုရင် ထပ်ဆွဲမယ်ဆိုလဲ ထပ်ဆွဲ၊ တိုင်းစရာရှိတာဆိုလဲ စတိုင်းလို့ရပြီပေါ့ဗျာ။

ပုံ(၅)

Rotate with Reference လဲဒီလိုပဲ သုံးတာပါပဲ။ Scan ဖတ်တဲ့အခါ ပုံအားလုံးက အညီမထွက်လာနိုင်ဘူးလေ။ စောင်းတာ ရွဲ့တာ အနည်းနဲ့ အများတော့ ရှိမှာပဲ။ ဒါကို ပြန်တည့်ပေးရမှာပဲလေ။ Drawing တွေကို Scan ဖတ်တဲ့အခါ ပုံကြီးတစ်ပုံထဲ ပြန်ထွက်လာခဲတယ်။ အပိုင်းပိုင်း ဖြတ်ပြီး ပြန် Scale ချဲ့ ပြန် Rotate လုပ်ပြီး ပုံတွေကို ပြန်ထပ်ယူရလေ့ရှိတယ်။ ဒီလိုအခြေအနေတွေမှာ Scale with Reference နဲ့ Rotate with Reference က အလွန်အသုံးဝင်ပါတယ်။

Rotate with Reference
ကိုလည်း ပုံနဲ့ သေချာရှင်းပြပေးပါဦးမယ်။

 

အချိန်ပေးဖတ်ရှုသည့် အတွက်ကျေးဇူးတင်ပါတယ်။ မရှင်းတာရှိရင် မေးနိုင်ပါတယ်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ပြန်ရွှီး… အဲ့လေ… ပြန်ဖြေပေးတာပေါ့ဗျာ။ ကျွန်တော်လည်း တတ်နိုင်သလောက် posts တွေတင်ပေးပါ့မယ်။ တစ်ယောက်ထဲဆိုတော့ အားမှပဲရေးဖြစ်တယ်ဗျာ။ အမှားပါရင်ခွင့်လွှတ်ဖို့နဲ့ Post သိပ်မတင်ဖြစ်ရင် ခွင့်လွှတ်ပေးဖို့ တောင်းပြန်ချင်ပါတယ်ဗျာ။
 

ကျေးဇူးအထူးပါ။

ထိုက်အောင်ကျော်
 

 

 

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.