မနေ့က အပိုင်း(၁)မှာ AutoCAD 2014 ကိုသုံးပြီး External Reference/Background/Underlay ထည့်တာကိုပြောခဲ့တယ်။ ပြောခဲ့တဲ့အထဲမှာ AutoCAD Version အလိုက် အနည်းနဲ့ အများကွာခြားမှုတွေရှိနိုင်တယ်လို့ပြောခဲ့တယ်နော်။ အခု မနေ့က command ကိုပဲ AutoCAD 2008 သုံးပြီးယှဉ်ပြပါ့မယ်။
မနေ့က Menu->Insert ခေါ်တာချင်းမှာတော့ အတူတူလုပ်လို့ရပါတယ်။ တစ်ခုပဲကွာသွားတယ်။ PDF Underlay လုပ်လို့မရဘူး ၂၀၀၈ မှာ။ ဒီအတိုင်း PDF ကိုနောက်ခံအနေနဲ့ ဆွဲထည့်လို့မရသေးဘူး။
“ xref” ခေါ်ကြည့်ပါ။ Xref Manager Box ပုံစံပြောင်းနေတယ်။
Attach
ကိုနှိပ်ကြည့်ရင် DWG ပဲဆွဲထည့်လို့ရတာတွေ့လိမ့်မယ်။
ဒီတော့ Scan ဖတ်ထားတဲ့ပုံတွေ၊ Image file တွေထည့်လို့မရဘူးလား။ Command ပြောင်းသွားတာပါ။ “ Image” ကိုခေါ်ကြည့်ပါ။ Image Manager တက်လာလိမ့်မယ်။ အဲ့ကျမှ Attach လုပ်တော့။
ဒီလိုမှမဟုတ်လဲ “ Imageattach” command နဲ့တစ်ခါတည်းထည့်လိုက်။
ကျန်တာကတော့ထွေထွေထူးထူးပြောင်းတာမရှိပါဘူး။ သဘောတရားက အတူတူပါပဲ။
ပုံနေရာလွဲသွားရင်၊ Path ပြန်ပေးဖို့ကိုတော့ DWG ဆိုရင် Xref Manager ထဲ၊ Image ဆိုရင် Image Manager ထဲမှာ ပုံကို Select လုပ်၊ Browse လုပ်ပြီးပြန်ရွေး၊ ပြီးရင် Save Path နှိပ်တာပဲ။ ကွာခြားမှုကို ယှဉ်ပြပေးတာပါ။ ဒီလိုပဲတခြား command တွေမှာလည်း နည်းနည်းစီ ကွာသွားတာ လေးတွေရှိပါတယ်။ သဘောတရားကတော့ ဒါပါပဲဗျာ။
ပထမပိုင်းမှာလည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တတ်လွန်းလို့ ရေးနေတာမဟုတ်ပါဘူး။
သင်တန်းလည်းမတက်ခဲ့ဖူးပါဘူး။ သိသလောက်၊ မှတ်သလောက်၊ လေ့လာထားသလောက်ကို
ပြန်မျှဝေရုံသက်သက်သာဖြစ်ပါတယ်။
Scale with Reference, Rotate with Reference, Overkill, Move in specific axis, Flatten အကြောင်း စတာတွေကိုလည်း ဆက်ရေးပေးပါ့မယ်။
ထိုက်အောင်ကျော်
အသုံးဝင်မယ်ထင်တဲ့ AutoCAD Command အချို့… (၃) | Htike Aung Kyaw's Blog
[…] ထည့်တာကိုပြောခဲ့တယ်။ ပြီးသွားတော့ အပိုင်း(၂) ရောက်လာတော့လည်း […]