Section Modulus အကြောင်းက ပြောနေရင်တော့ ကုန်မှာမဟုတ်ပါဘူး။ ကျောင်းမှာ သင်ခဲ့ပေမယ့် အလုပ်ခွင်ရောက်တော့ ဒီထက်ပိုလိုတာတဲ့ Midship Section Modulus တွက်တဲ့အကြောင်းလေးလည်း နဲနဲထည့်ရေးလိုက်ပါဦးမယ်။ ကျောင်းမှာတုန်းက Midship Section Modulus တွက်သလိုပါပဲ။ အတူတူပါပဲ။…
ဧပြီလ၂ရက်နေ့၊ Tug Boat တစ်စင်းတိုင်းဖို့ ရောက်လာတယ်။ ဒီ Tug Boat က ဆင်မလိုက်မှာဆောက်တာမို့ ဆင်မလိုက်ကဆွဲပေးထားတဲ့ Drawing တွေပါပါလာပါတယ်။ Drawing အတိုင်းဟုတ်မဟုတ်လိုက်ကြည့်ဖို့ နဲ့ As Built Drawing တွေပြန်ဆွဲပေးဖို့ပါ။…
ဪ... ပို့စ်ရေးမယ်... ပို့စ်ရေးမယ်နဲ့ ဘာမဟုတ်တဲ့အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နေရင်း ပြက္ခဒိန်စာမျက်နှာတောင် တစ်ရွက်လန်သွားပြန်ပြီ။ ကြားထဲမှာ ခရီးခဏသွားလိုက်တာလည်းပါတယ်။ ဒီစာမျက်နှာပေါ်မပြောနဲ့၊ အင်တာနက်ပေါ်တောင် အချိန်ပေးပြီး မတက်ဖြစ်ဘူး။ ဒီနေ့မှ ဖွဘုတ်... ဖေ့စ်ဘုတ်ခ်လေးတက်ကြည့်တော့ အားပါးပါး... NA အကြောင်းတွေတုတ်ထားတာ အများကြီးပဲ...…
အပိုင်း(၁)မှာတုန်းက အာ.ဗီ. အေကြူ ကို ရောက်ခဲ့ပြီးမှ အပိုင်း(၂)လည်းကျရော ရုံးမှာပြောခဲ့တယ့် Project Management/Project Planning ဆီပြန်ဆွဲခေါ်သွားတော့ မဖတ်ချင်ဖတ်ချင်နဲ့ပဲ ဖတ်လိုက်ရမယ်ထင်ပါတယ်။ ကျေးဇူးပဲ... ဟဲဟဲ...။ ကိုပြည့်ဝေအောင်နဲ့ ဒေါပုံသင်္ဘောကျင်းက သင်္ဘောရှိတဲ့နေရာကို ရုံးကနေလိုင်းကားနဲ့ သွားခဲ့ကြတယ်။…
အမိကျောင်းတော်ကြီး MMU ကနေ ဖေဖော်ဝါရီနှစ်ရက်နေ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော့်လက်ထဲ ဘွဲ့လက်မှတ်ကြီးထိုးပေးလိုက်တဲ့နေ့ကစပြီး တရားဝင် ဘွဲ့ရအလုပ်လက်မဲ့ကြီးဖြစ်ခဲ့ပါတယ်။ ဘွဲ့ယူတုန်းနဲ့ ဘွဲ့နှင်းသဘင်အပြီး ညစာစားပွဲမှာတော့ ရှေ့ဆက်ရမယ့် ဘဝခရီးကို တစ်ခဏ မေ့ပြီးပျော်ပျော်ပါးပါးနေခဲ့မိတယ်။ အဲ့ဒီ့အချိန်တင်မကပါဘူး၊ ဘွဲ့ယူပြီးတော့ ပုဂံကို…
ကဲ… မသိတဲ့ခလုတ်လေးတွေအကြောင်း အပိုင်း(၂)မှာ ရွှီးပြီးပြီဆိုတော့ အပိုင်း(၃)ဆက်လိုက်ကြစို့။ ဒီအပိုင်းမှာတော့ Resistance Test အတွက် Towing Tank ကထုတ်ပေးမယ့် Data တွေအကြောင်း ပြောကြတာပေါ့။ အဲ့ဒါမတိုင်ခင် Towing Tank သုံးမယ်ဆိုရင် အသုံးပြုခွင့်လျှောက်ရမယ်လေ။…
Towing Tank မှာ Resistance Test စမ်းတော့မယ်ဆိုရင်၊ ပထမဦးဆုံးလိုမှာကတော့ Model Hull Form တစ်ခုပါပဲ။ Model Hull Form က လွယ်လွယ်ကူကူနဲ့ စျေးသက်သာချင်ရင်တော့ Fiberglass Reinforced Plastics…
This website uses cookies.