Categories: Uncategorized

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။

အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web Hosting Server တွေအကြောင်း၊ DNS အလုပ်လုပ်ပုံနဲ့ IPv4, IPv6 IP Address တွေအကြောင်းပြောခဲ့သလို Domain Name ကို ဘယ် website တွေမှာ ဝယ်နိုင်တယ်နဲ့ ဘယ် website တွေမှာ free ရနိုင်တယ်ဆိုတာတွေကို ပြောပြခဲ့တယ်။ အခု ဒီအပိုင်း (၂) မှာတော့ Hosting Server ဝယ်ဖို့အကြောင်းကို ပြောပြသွားမှာဖြစ်သလို လတ်တလော Domain တွေ Hosting Server တွေမဝယ် ကိုယ့်ကွန်ပျူတာထဲမှာကိုယ် Offline Website တစ်ခု စမ်းသပ်ရေးဆွဲနိုင်မယ့်နည်းတွေကို ပြောပြပေးသွားမှာပါ။

Hosting Server တွေကို Bluehost, Hostgator, Amazon AWS စသဖြင့် အများအပြားရှိပါတယ်။ Bluehost ကတော့ WordPress Website တွေတင်ဖို့အတွက် လူအတော်များများက Recommend ပေးကြပါတယ်။ ကျွန်တော်ကတော့ တောက်လျှောက် Hostgator ကို သုံးနေပါတယ်။ AWS လည်း သုံးကြပေမယ့် ကျွန်တော်ကတော့ မသုံးဖူးတဲ့အတွက် သူ့အကြောင်းကို မပြောတတ်ပါဘူး။ Hosting Server တွေမှာလည်း Paid Hosting Server တွေရှိသလို၊ Free Hosting Server တွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ Free Hosting Server တွေကိုတော့ သိပ်အားမပေးလိုပါဘူး။ ဘာလို့လဲဆိုတော့ 000webhost ဆိုတဲ့ Free Hosting ကို ဟိုးအရင် ကျွန်တော်သုံးဖူးပါတယ်။ Hosting Server တစ်ခုကိုထောင်ထားဖို့က ထောင်တဲ့ကုမ္ပဏီမှာ အမြဲပိုက်ဆံအကုန်အကျရှိနေမှာပါ။ အဲ့အတွက် အခမဲ့ပေးတယ်လို့ဆိုတိုင်း ကန့်သတ်ချက်တစ်ခုမဟုတ်တစ်ခု၊ ထောင်ချောက်တစ်ခုမဟုတ်တစ်ခုနဲ့ သူ့ဆီက နောက်ဆုံး မဝယ်ဝယ်အောင် တစ်မျိုးမဟုတ်တစ်မျိုးလုပ်ပြီး စောင့်ဖမ်းပါလိမ့်မယ်။ ပြီးသွားတော့ security ပိုင်းမှာလည်း လုံခြုံမှုမရှိပါဘူး။ 000webhost နဲ့ရေးတုန်းက ကျွန်တော့် Username, Password, Email စတဲ့အချက်အလက်တွေအကုန် သူတို့ Website Hack ခံရတုန်းက အကုန်ပါသွားဖူးပါတယ်။ 

Free Hosting တွေဟာ Bandwidth ကိုကန့်မယ်၊ Diskspace ကို ကန့်မယ်၊ သွင်းနိုင်တဲ့ Plugin တွေကို ကန့်မယ်၊ သုံးနိုင်တဲ့ Memory ကို ကန့်မယ် စသဖြင့် ကန့်သတ်ချက်မျိုးစုံတွေထား၊ Downtime များတာတွေအပြင် ကိုယ့်ဝက်ဘ်ဆိုဒ်တွေပေါ်မှာ သူတို့တင်ချင်တဲ့ ကြော်ငြာမျိုးစုံကို လာတင်မှာပါ။ ကိုယ်ဘာမှလုပ်ခွင့်ပြင်ဆင်နိုင်ခွင့်မရှိပါဘူး။ ဒါတင်မကသေးပဲ စိတ်ကုန်လာလို့ သူ့ဆီကမဝယ်၊ သူ့ဆီကဆက်မသုံးပဲ တစ်ခြား Hosting ကို ပြောင်းမယ်ဆိုရင်တောင် Backup လုပ်မရ ယူမရတာတွေ ရှိပါလိမ့်မယ်။ အတော်ကို ကသိကအောင့်နိုင်တာတွေရှိပါတယ်။

၂၀၁၉ အတွက် Free Hosting တွေထဲမှာ Googie Host ဆိုတာကို ညွှန်းကြတဲ့သူများပါတယ်။ ကျွန်တော်ကတော့ စမ်းမသုံးဖူးတဲ့အတွက် မသိပါဘူး။ ဒါပေမယ့် Review တွေကြည့်ရတာတော့ မဆိုပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ Free Hosting ထက်စာရင် Paid Hosting ကို အသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။ ခေါင်းရှုပ်ခေါင်းနောက်ရတာ အတော်သက်သာတယ်လို့ထင်ပါတယ်။

Paid Hosting တွေမှာလည်း သူ့ plan နဲ့သူ ရှိပြီး တစ်လ ၃−၄ ဒေါ်လာကနေ ဒေါ်လာထောင်ချီတဲ့အထိ အတန်းအစားမျိုးစုံရှိပါတယ်။ Dedicated Web Server, Shared Hosting, Cloud Hosting, VPS စသဖြင့် အသုံးပြုနိုင်တဲ့ Tier မျိုးစုံနဲ့ရှိမှာပါ။ Shared Hosting ကတော့ ဈေးအသက်သာဆုံးဖြစ်မှာပါ။ Plan တစ်ခုနဲ့တစ်ခု Hosting တစ်ခုနဲ့တစ်ခု မတူတဲ့အတွက် အလောတကြီးမဝယ်ပဲ သေချာဖတ်၊ ကိုယ်နဲ့ကိုက်တာသေချာစဉ်းစားပြီးမှဝယ်သင့်ပါတယ်။ ကိုယ်ဝယ်မယ့်နှစ်အတွက် Hosting ရဲ့ User Review တွေကိုလည်း လိုက်ဖတ်ပြီး ကောင်းမကောင်း Uptime ဘယ်လောက်ရှိမရှိ ဈေးတန်မတန်၊ ဘာ Feature တွေပါမပါဆိုတာကို လိုက်ဖတ်ကြည့်ပြီးမှဝယ်ပါ။

လောလောဆယ်တော့ ကိုယ့်ကွန်ပျူတာမှာပဲကိုယ် Server ထောင်ပြီး WordPress ကို စမ်းရေးနိုင်ဖို့ စလိုက်ကြရအောင်။ Website တစ်ခုရေးနိုင်တဲ့ နည်းလမ်းမျိုးစုံရှိပါတယ်။ HTML, CSS, Javascript တွေနဲ့ ကိုယ်တိုင် Website ရေးတာတွေရှိသလို Web Builder တွေ (Weebly, Wix, Square Space, Webs) သုံးပြီးရေးတာ၊ Dreamweaver လို software တွေသုံးပြီးရေးတာတွေ နဲ့ Content Management System (CMS) လို့ခေါ်တဲ့ WordPress တို့ Joomla တို့ Drupal တို့ သုံးပြီးရေးတာတွေလည်း ရှိပါတယ်။ အခု ကျွန်တော့်စာစုထဲမှာတော့ WordPress သုံးပြီးရေးတဲ့အကြောင်းတွေ ပြောပြပေးသွားမှာပါ။

ဆက်ရေးသွားပါဦးမယ်…

ထိုက်အောင်ကျော်

htikeagkyaw

Share
Published by
htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

Project Management (Alison.com) – Part 7

05 – System Development Life Cycle စနစ်ဖွံ့ဖြိုးမှု သံသရာခြုံငုံသုံးသပ်ချက် (System Development Life Cycle Overview) သတင်းအချက်အလက်စနစ်များနှင့် ထုတ်ကုန်များ…

10 နှစ် ago

This website uses cookies.