WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။ သိပြီးပြီဆိုရင်တော့ ကျော်သွားလို့ရပါတယ်။ အမှားပါရင်လည်း ဝေဖန်ထောက်ပြပေးစေလိုပါတယ်။

ဝက်ဘ်ဆိုက်တစ်ခုကို ကွန်ပျူတာတစ်လုံးကနေ ဖွင့်တော့မယ်ဆိုရင် www.ဘာညာသလကာ.com တို့၊ .org တို့၊ .net စတာတွေကို Web Browser တွေဖြစ်တဲ့ Google Chrome, Mozilla Firefox, Opera, Safari စတာတွေကနေ address ရိုက်ပြီး လှမ်းခေါ်ရပါတယ်။ ဒီနေရာမှာ ဘာညာသလကာ.com ကို Domain Name လို့ခေါ်ပါတယ်။ အဲ့လိုလှမ်းခေါ်တဲ့အခါ Browser က ဘာညာသလကာ.com က ဘယ်သူလည်း ဘယ်မှာ နေလည်း ဆိုတာကို Domain Name System (DNS) လို့ခေါ်တဲ့ ကွန်ပျူတာကို လှမ်းမေးပါတယ်။ DNS က သူ့စာရင်းထဲမှာရှိတဲ့ ဘာညာသလကာ.com ဟာ IP Address ဘယ်လောက်ဘယ်လောက်မှာရှိတဲ့ ကွန်ပျူတာ Hosting Server မှာ သိမ်းထားတဲ့ Website ဖြစ်တယ်ဆိုတာ လှမ်းမေးတဲ့ကျွန်တော်တို့ရဲ့ ကွန်ပျူတာကို ပြန်ဖြေပေးပါတယ်။ အဲ့ဒီ့အခါကျမှ ကျွန်တော်တို့ကွန်ပျူတာက ဘာညာသလကာ.com ရဲ့ Website File တွေသိမ်းပေးထားတဲ့ Hosting Server ရဲ့ IP ကို လှမ်းခေါ်ပြီး လိုတဲ့ဖိုင်တွေတောင်းတော့မှ ဘာညာသလကာ.com က ကျွန်တော်တို့ ကွန်ပျူတာထဲမှာ လာပေါ်တာပါ။

Network ချိတ်ထားတဲ့ ကွန်ပျူတာတိုင်းမှာ IP Address ဆိုတဲ့ လိပ်စာကိုယ်စီရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ Network ချိတ်ထားတဲ့ ကွန်ပြူတာမှာရော၊ DNS Server မှာရော၊ Hosting Web Server မှာပါ IP Address ကိုယ်စီရှိပါတယ်။ IP Address မှာ IPv4 နဲ့ IPv6 ဆိုပြီး လောလောဆယ် ၂မျိုးအသုံးပြုနေကြပါတယ်။ IPv4 ကတော့ ဥပမာအနေနဲ့  203.81.71.69 စတဲ့ ဂဏန်း၄လုံးနဲ့ ဖော်ပြလေ့ရှိပြီး အကြီးဆုံး 255 အထိရှိနိုင်တဲ့ 32 bit address အမျိုးအစားဖြစ်ပြီး ကွန်ပြူတာ ၄.၃ဘီလီယံစာချိတ်ဆက်နိုင်ပါတယ်။ IPv6 ကတော့ 2012 နောက်ပိုင်းမှ သုံးလာကြတာဖြစ်ပြီး 2001:0DB8:0234:AB00:0123:4567:8901:ABCD စတဲ့ Hexadecimal Format နဲ့ပြလေ့ရှိပြီး ဂဏန်းအပြင် ABCDEF တွေပါပါဝင်တဲ့ 128 bit address အမျိုးအစားဖြစ်တဲ့အတွက် ကွန်ပျူတာအလုံးပေါင်း ၃၄၀ Undecillion အထိချိတ်ဆက်လို့ရပါတယ်။

ကွန်ပြူတာအချင်းချင်း တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ချင်တဲ့အခါ ဒီနံပါတ်တွေနဲ့ခေါ်ရတာပါ။ ဒီနံပါတ်တွေကို ကျွန်တော်တို့အနေနဲ့ အလွတ်ကျက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် Website တစ်ခုခေါ်ချင်ရင် ကျွန်တော်တို့က ဘာညာသလကာ.com ဆိုတဲ့ဟာမျိုးကိုပဲ သိထားစရာလိုမှာပါ။ ကျန်တာကို အပေါ်မှာတုန်းက ရှင်းပြခဲ့တဲ့ အဆင့်နဲ့ ပထမပုံမှာပြထားတဲ့အတိုင်း ကျွန်တော်တို့လိုချင်တဲ့ Website တင်ထားတဲ့ Server တွေဆီရောက်အောင် DNS တွေက ကူညီပေးနိုင်ပါတယ်။ အသုံးများတဲ့ DNS တွေက Google DNS တွေဆို 8.8.8.8 နဲ့ 4.4.4.4 ရှိပြီး Cloudflare DNS ကတော့ 1.1.1.1 ပါ။ ကျွန်တော်တို့ ဟိုးတစ်ချိန်က Bagan Net တို့ဘာတို့ သုံးခဲ့ဖူးရင် DNS နေရာမှာ 203.81.71.69 တို့ 203.81.71.73 တို့ရိုက်ထည့်ဖူးခဲ့တဲ့လူတွေရှိမှာပါ။

ကဲ… အဲ့ဒါတွေခဏထားပါ။ ရှင်းအောင်ပြောကြမယ်။ DNS ဆိုတာ Ledger စာအုပ်လို့မှတ်ထား။ သူ့ထဲမှာ နာမည်ကို လိပ်စာနဲ့တွဲထားတဲ့စာရင်းတွေရှိတယ်။ ကျွန်တော်တို့က နာမည်သိရင် လိပ်စာကိုရှာလို့ရမယ်။ ဒီနေရာမှာ နာမည်ဆိုတာက Domain Name ဖြစ်ပြီး လိပ်စာဆိုတာ Website File တွေတင်ထားမယ့် Web Host Server ရဲ့ တည်နေရာ ဖြစ်ပါတယ်။

အဲ့ဒါဆိုရင် Domain ဆိုတာရယ်၊ Web Server (Hosting) ဆိုတာရယ် သိလောက်ပြီထင်ပါတယ်။ Hosting ဆိုတာ Website နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို တင်ထားလို့ရနိုင်မယ့် အွန်လိုင်းချိတ်ထားတဲ့ ကွန်ပျူတာ ဆာဗာကြီးတွေပါ။ အဲ့တော့ Website ရေးပြီဆိုရင် Domain Name ဖြစ်တဲ့ ဘာညာသာလကာ.com/.net/.org/.edu/.acadamic စတဲ့ ကိုယ်ကြိုက်တဲ့ နာမည်တစ်ခုနဲ့ ဖိုင်တွေတင်ဖို့ Hosting Server တစ်ခု မဖြစ်မနေဝယ်ရပါတယ်။ (ဝယ်တယ်လို့သာပြောတာ အမှန်က နှစ်နဲ့ချီပြီး ငှားတဲ့သဘောပါပဲ။)

Domain Name ရောင်းတဲ့ Website တွေအများအပြားရှိသလို၊ ပြည်တွင်းမှာလည်း ဝယ်ပေးတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ကျွန်တော်ကတော့ အရင်က Hostgator ကနေဝယ်ပြီး အခုနောက်ပိုင်းမှာတော့ Porkbun.com ကနေ ဝယ်ထားတာများပါတယ်။ Free Domain တွေလည်းရှိပါတယ်။ အခုဒီ Website ကို တင်ထားတဲ့ htikeagkyaw.com Domain ကတော့ Free Domain ပါ။ Dot.tk ဆိုတဲ့ Website ကနေ Register လုပ်ထားတာပါ။ Free Domain တွေ အများအပြားရှိပေမယ့် Free ဖြစ်တဲ့အလျောက် သူ့အားနည်းချက်သူရှိပါတယ်။ ဥပမာ Google တို့လို Search Engine တွေနဲ့ ရှာတဲ့အခါ Result တွေကို Ranking ချထားတာလိုမျိုးပေါ့။ Free ဖြစ်တဲ့အတွက် သုံးချင်တဲ့သူ Register လုပ်သုံးနေတဲ့အတွက် Virus တို့ Malware တို့လာတဲ့ ဝက်ဘ်ဆိုဒ်အများစုကလည်း Free Domain တွေကို သုံးထားတဲ့အတွက်ကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ Paid Domain ကို အသုံးပြုစေချင်ပါတယ်။ စမ်းသပ်ဖို့အတွက်ပဲဆိုရင်တော့ Free နဲ့ပဲစလည်း ရပါတယ်။ Free နဲ့သုံးမယ်ဆိုရင်လည်း ဒီနှစ်အတွက် အကောင်းဆုံး free domain ကဘာတွေဖြစ်မလဲဆိုတာ Google မှာ ရှာကြည့်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ တစ်ချို့ Hosting တွေကတော့ သူတို့ဆီကဝယ်ရင် Domain တစ်ခု တစ်နှစ်စာပါတာမျိုးလည်းရှိပါတယ်။

Domain Name ဝယ်နိုင်တဲ့ Website အချို့ကတော့ −

www.godaddy.com, www.porkbun.com, www.namecheap.com, www.domains.google, www.name.com, www.hostgator.com/domains စတာတွေပဲဖြစ်ပါတယ်။

Domain Name တွေကို Free Register လုပ်လို့ရတဲ့ Website အချို့ကတော့ −

dot.tk, freenom.com, names.co.uk,

စတာတွေရှိပါတယ်။ ဒီမှာတော့ သူ့ကန့်သတ်ချက်နဲ့သူတော့ရှိတာပေါ့။ Dot.tk နဲ့ Freenom ကတစ်နှစ်တစ်ခေါက်သက်တမ်းတိုးလို့ရပေမယ့် သူ့သတ်မှတ်ရက်တိုလေးအတွင်းမှာ သက်တမ်းတိုးရပါတယ်။ အဲ့ဒါသက်တမ်းတိုးနိုင်ရင်တော့ တစ်သက်လုံး တစ်နှစ်တစ်ခါသက်တမ်းတိုးရင်း free ရနိုင်ပါတယ်။ names.co.uk ကတော့ .co.uk နဲ့ .uk domain တွေကို ပထမနှစ်တစ်နှစ်ပဲ အခမဲ့ရယူနိုင်မှာပါ။ အပေါ်မှာပြောခဲ့သလိုပဲ Hosting Provider တစ်ချို့က သူတို့ Hosting ကို ဝယ်သုံးရင် Domain တစ်နှစ်အခမဲ့ပေးတယ် ဆိုတာမျိုးတွေလည်း ရှိပါတယ်။

ဆက်ရေးပါဦးမည်…

ထိုက်အောင်ကျော်

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

Project Management (Alison.com) – Part 7

05 – System Development Life Cycle စနစ်ဖွံ့ဖြိုးမှု သံသရာခြုံငုံသုံးသပ်ချက် (System Development Life Cycle Overview) သတင်းအချက်အလက်စနစ်များနှင့် ထုတ်ကုန်များ…

10 နှစ် ago

This website uses cookies.