ကဲ… မသိတဲ့ခလုတ်လေးတွေအကြောင်း အပိုင်း(၂)မှာ ရွှီးပြီးပြီဆိုတော့ အပိုင်း(၃)ဆက်လိုက်ကြစို့။ ဒီအပိုင်းမှာတော့ Resistance Test အတွက် Towing Tank ကထုတ်ပေးမယ့် Data တွေအကြောင်း ပြောကြတာပေါ့။ အဲ့ဒါမတိုင်ခင် Towing Tank သုံးမယ်ဆိုရင် အသုံးပြုခွင့်လျှောက်ရမယ်လေ။ ဒါကတော့ ကျွန်တော်တို့တုန်းက လျှောက်ခဲ့ရတဲ့ပုံစံလေးပါ။ အခု ကျောင်းသားတွေ စာတင်ဖို့ လိုမလိုမသိဘူးဗျ… တင်ခဲ့ရသည်ရှိသော် Reference ရှိအောင် တင်ပေးလိုက်တာပါ။

Towing Tank အသုံးပြုခွင့်

ကဲကဲ… အာရွှီးတာများနေပြီ။ Towing Tank က ဘာထုတ်ပေးမလဲ။ Towing Tank နဲ့တွဲသုံးတယ့် Program လေးက Macro-Enabled Microsoft Excel Worksheet လေးတစ်ခုပါပဲ။ ဘာမှ ထူးထူးဆန်းဆန်းရယ်လို့တော့ မဟုတ်ပါဘူး။ အပိုင်း(၂)က ပြောခဲ့တယ့် Logging လုပ်ခဲ့မယ်ဆိုရင် အဲ့ဒီ Excel Worksheet လေးကိုဖွင့်ပြီး Import Data လေးကိုနှိပ်လိုက်ရုံပဲ။ အဲ့ဒါဆိုရင် စမ်းခဲ့တဲ့ Speed အတွက် Data တွေအားလုံး တစ်ခုချင်းစီ ကတောက်ကတောက်နဲ့ ဝင်လာလိမ့်မယ်။ အောက်မှာ ကြည့်ကြည့်လိုက်ပါ။ Import Data ဆိုတဲ့ ခလုတ်လေးတွေ့တယ်ဟုတ်? အဲ့ဒါလေးနှိပ်လိုက်ရင် ဂဏန်းတွေ အကုန် ဝင်လာလိမ့်မယ်။ အားလုံးတော့မသိဘူး။ သိသလောက်တော့ပြောပြမယ်။

Import Data

အပေါ်ဆုံးက No. of Samples ဆိုတာက Data အစိတ် ဘယ်လောက်ကောက်မလဲဆိုတာ။ ဒီမှာတော့ ၂၀၀၀ ဆိုတော့ ဒေတာအကြောင်းရေ ၂၀၀၀ ဝင်လာလိမ့်မယ်။ ဒါကတော့ Sheet 1 မှာပေါ့… ဒီကဒေတာတွေက စက်ကပို့လိုက်တဲ့ ကိန်းဂဏန်းတွေပဲရှိပါသေးတယ်။ နားလည်အောင် ဖတ်လို့ မလွယ်သေးဘူး။ Sheet 2 ကိုသွားကြည့်ကြစို့။

Temperature, Resistance, Pitch, Heave

ဒီမှာဆိုရင်တော့ ဖတ်လို့နဲနဲရပြီ။ Water Temperature, Resistance, Pitch and Heave တို့ကို ကြည့်ပြီး Graph ဆွဲလို့ရတာပေါ့။ Resistance ကဘာလို့ နုတ်ကြီးထွက်နေတာပါလိမ့်??? Calibrate မလုပ်ရသေးလို့ပါ။ ပြသနာမရှိပါဘူး။ ပြန်ပေါင်းပေးလိုက်ရုံပေါ့။ အောက်ကပုံကတော့ ခုနက Resistance Value ကို Graph ဆွဲထားတာပါ။

Resistance Graph

ဒီ Graph မှာကြည့်ရင် ထားပါတော့ ၂၃၀ ကျော်လောက်ကနေ ၄၂၀ လောက်အထိမှာရှိတဲ့ Resistance Value တွေကို Average ယူချလိုက်ရင် ခုနကတိုင်းထားတဲ့ Model Speed အတွက် Resistance ကိုရတာပေါ့။ အောက်ကပုံမှာ Select လုပ်ထားတဲ့အကွက်က Model Speed 2.33 m/sec အတွက် Average ရှာပြီးရလာတဲ့ Resistance ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂဏန်းကို မယုံနဲ့ဦး။ ခုနက Calibrate မလုပ်ခဲ့ရသေးဘူးပြောတယ်လေ…

Uncalibrated Data

ကဲ Calibrate လုပ်ပြီးသားစက်တွေအတွက်ကတော့ ဘာမှမလိုဘူးပေါ့။ Calibrate မလုပ်ထားတဲ့ ဒီလို Resistance အနုတ်ပြနေတဲ့စက်တွေမှာ Manual Calibration ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ Carriage ကိုလုံးဝမဆွဲဘဲငြိမ်နေတဲ့အချိန်မှာ Data Loggingလုပ်။ Resistance Data ကို Import လုပ်။ ရလာတဲ့ Resistance Data တွေကို Average ရှာ။ အဲ့မှာ အနုတ်နဲ့ထွက်လာတဲ့ဂဏန်း (ဒါမှမဟုတ် ဒီအတိုင်း ထွက်လာတဲ့ ဂဏန်း) က ခုနကရလာတဲ့ အဖြေတွေကို ပေါင်းပေး၊ နုတ်ပေး၊ လုပ်ပေးရမှာပါ။ ဘာလို့လဲဆိုတော့ Carriage မရွေ့တဲ့အချိန်မှာ Resistance က Zero ဖြစ်နေရမှာလေ။

အခုအခြေအနေမှာတော့ အနုတ်ပြနေတော့ ပေါင်းပေးရမှာပေါ့။ အခုကျွန်တော်တို့တုန်းက ထွက်လာတဲ့ ဂဏန်းအားလုံးကို 2.84584 လိုက်ပေါင်းပေးရတယ်ဗျ။ ဒီလိုနဲ့ နောက်ဆုံး Towing Tank က Resistance Test Result ထွက်လာပါတော့တယ်။

Calibrated Data

ဒီထွက်လာတဲ့ Result တွေက Model ရဲ့ Total Resistance ပဲရှိပါသေးတယ်။ ဒါတွေကို Ship Resistance ဖြစ်အောင် ပြန်ပြောင်းတွက်တဲ့ အခြေခံတွေကိုတော့ 4th Year Naval Architecture-II မှာသင်ခဲ့ရပါတယ်။ အဆင်ပြေရင်နဲ့ စာပြန်ဖတ်ပြီးရင်တော့ အပိုင်း(၄)အနေနဲ့ ရေးပေးပါ့မယ်။

အချိန်ပေးပြီးဖတ်ရှုပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိပါသည်။

ထိုက်အောင်ကျော်

စာကြွင်း။         ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိပါ။ အမှားများ ပါလျှင်လည်း ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ တတ်လွန်းလို့ရေးခြင်းမဟုတ်ပါ။ ကိုယ် သိသလောက်ကို ပြန်လည်မျှဝေပေးချင်၍သာ ရေးသားခြင်းဖြစ်ပါသည်။

မူရင်းဆောင်းပါးကိုကြည့်ရှုရန် နှိပ်ပါ။

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.