မဖတ်ရသေးရင် အပိုင်း(၁)လေးကို အရင်အားပေးပါဦးဗျာ။ ကဲ… အပိုင်း(၂)ဆက်လိုက်ကြရအောင်။ အပိုင်း(၁)မှာတုန်းက Model ကို Carriage နဲ့တွဲပြီးတဲ့အထိပြောပြီးပေမယ့် အောက်မှာ Waterline ဆွဲထားပုံ Dynamo ထိုင်ပုံနဲ့ Guiding Arm ချိတ်ဖို့ ချိတ်လေးတွေတပ်ထားတာကို အနီးကပ်ပုံပြပေးထားပါတယ်။
ဒီနောက်မှာတော့ လိုချင်တဲ့ Waterline ရောက်အောင်ချိန်ပြီး Dynamo ကို Carriage နဲ့ချိတ်ပုံ၊ Guiding Arm တပ်ပုံတွေကို တစ်ဆက်ထဲမြင်ရအောင် တင်ပေးလိုက်ပါတယ်။
Attaching Dynamo and Model to Carriage
ကဲ… ချိတ်ပြီးတပ်ပြီးသွားပြန်ပြီ။ ဘာဆက်လုပ်မလဲ? Control Room ထဲကို ကြွတော်မူခဲ့ပါခင်ဗျား။ အဲကွန်းတပ်ထားတဲ့ Control Room လေးမှ သင့်အားစောင့်ကြိုနေပါလိမ့်မယ်။ (ဒီကျောင်းက Control Room ကိုပဲပြောတာနော်)… ဒါနဲ့ ကျွန်တော်ပြောတဲ့အထဲမှာ အဲကွန်းတပ်ထားတယ်လို့ပဲပါသွားတယ်နော်။ ဖွင့်ထားတယ်လို့မပြောမိပါဘူး… နောက်တာပါ၊ ဖွင့်ထားပါတယ်။ အေးလွန်းလို့ အပြင်တောင် ထွက်နေရတယ်။ ဟ… တကယ်ပြောတာဗျ… ဖွင့်ထားပါတယ်ဆိုနေမှပဲ။ ကျွန်တော်ကသာ အချမ်းကြောက်တတ်လို့ အပြင်ထွက်နေတာပါပြောလည်း မယုံတော့ဘူး။
Control Room ထဲမှာဘာတွေရှိမလဲ??? အနည်းဆုံး Control Board/Control Switch တစ်ခုနဲ့ ကွန်ပြူတာတစ်လုံးရှိပါလိမ့်မယ်။ Data အသွားအပြန် Wireless နဲ့ ပို့ဖို့ Router တွေလည်းရှိမှာပေါ့။ ဘာစလုပ်ရမလဲ… မီးခလုတ်စဖွင့်ရမှာပေါ့… နောက်တော့ ဘာလုပ်ရမှန်းမသိဘူး… ဟီး… ဘာစမ်းသပ်မှုမှမလုပ်ခင် စက်ကို အရင် Warm-up လုပ်ပေးရပါတယ်။ Test Run လုပ်ပေးရတယ်။ ဘယ်နှကြိမ်လုပ်ရတယ်ဆိုတာတော့ ကျွန်တော်လည်းအတိအကျမသိဘူး။ Computer လည်းအဆင်သင့် ဖွင့်ထားရမှာပေါ့နော့်။
Main Switch Board/Control Panel
ကဲပုံမှာကြည့်၊ အဲ့ဒါကတော့ Main Switch Board/Control Panel ကြီးပေါ့ဗျာ။ ဘေးမှာနဲ့ အပေါ်မှာ Router လေးတွေက မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ ကြည့်လို့ကောင်းတယ်ဗျ။ Main Switch Board/Control Panel ပေါ်မှာ ကတော့ Power Switch, Power Lamp Indicator, Touch Screen with Controls, Emergency Stop Button and Reset Button တို့ပါပါတယ်။ စက်ကြောင်သွားခဲ့သည်ရှိသော် Reset Button ပေါ့ဗျာ။ ဖြစ်ခဲပါတယ် လို့မပြောဘူး။ အဟိ… နောက်တာ။ Touch Screen မှာပါတဲ့ Control အချို့ကိုတော့ အောက်ကပုံမှာ ရှုစားတော်မူပါ။
ကျွန်တော်လဲအကုန်မရှင်းပြတတ်ဘူး။ တကယ်ပြောတာ။ သိသလောက်တော့ပြောပြမယ်။ အမှားပါရင်လဲပါမှာ။ ခွင့်လွှတ်ပါ။ ပထမဦးဆုံးတွေ့ရတဲ့ Acceleration ဆိုတာ စစချင်း Carriage ကို အရှိန်ဘယ်လောက်နဲ့ စရွေ့ခိုင်းမလဲဆိုတာပါ။ ဒီမှာတော့ 0.2m/s/s နဲ့ Distance 0.21 m ရောက်အောင် စတွန်းမယ်လို့ ဆိုလိုတာပါ။ ဒီလိုပဲ Deceleration က Carriage ကို ဘယ်လောက်အဟုန်နဲ့ လျှော့ပြီးရပ်ခိုင်းမလဲဆိုတာ ချိန်ရတာပါ။ ဒီမှာလဲ 0.2m/s/s နဲ့ အရှိန်လျှော့ပြီး အဆုံးမရောက်ခင် Distance 0.21 m ကနေစပြီး အရှိန်လျှော့စေမယ်လို့ဆိုတာပါ။ Distance 15.0 m > 15.000 m ဆိုတာကတော့ တကယ့် Data ယူရမယ့် Velocity ပုံမှန်နဲ့ပြေးမယ့် အကွာအဝေးပဲဖြစ်ပါတယ်။ Total Distance ကတော့ အရှိန်စယူတဲ့အလျား၊ Data ကောက်မယ့်ပုံမှန်အလျင်နဲ့ပြေးတဲ့အလျားနဲ့ နောက်ဆုံးအရှိန်လျှော့ပြီး ရပ်သွားမယ့် အကွာအဝေးစုစုပေါင်းပဲဖြစ်ပါတယ်။
Logging ဆိုတာကတော့ Data ကောက်မယ်ဆိုနှိပ်ရတာပါ။ ဒုတိယ Column မှာပါတဲ့ Carriage Position ဆိုတာကတော့ အခုလက်ရှိ Carriage ရောက်နေတယ့်နေရာ ကိုပြပေးတာဖြစ်ပြီး၊ Home ဆိုတာကတော့ စထွက်တဲ့နေရာကို ပြန်ခေါ်တာဖြစ်ပါတယ်။ Start နဲ့ Stop ကတော့ ရှင်းပြဖို့လိုမယ်မထင်ဘူး။ ကျန်တာတွေကတော့ ကျွန်တော်အမှန်အတိုင်းပဲဝန်ခံပါ့မယ်။ မသိပါဘူး ခင်ညာ။
ကျန်တဲ့ထွက်လာမယ့် Data တွေကိုတော့ အပိုင်း(၃)မှာပဲမျှဝေပါ့မယ်။ အိပ်မယ်ဆိုပြီး အိပ်မပျော်လို့ အပိုင်း(၂)ကို ဆက်ရေးဖြစ်သွားတာ။ အပိုင်း(၃)ကတော့ တစ်ကယ်နောက်နေ့မှရေးပေးပါ့မယ်။
ကျေးဇူးအထူးစ်…
ထိုက်အောင်ကျော်
Towing Tank - Resistance Test အပိုင်း(၃) - Htike Aung Kyaw
[…] မသိတဲ့ခလုတ်လေးတွေအကြောင်း အပိုင်း(၂)မှာ ရွှီးပြီးပြီဆိုတော့ […]