Towing Tank မှာ Resistance Test စမ်းတော့မယ်ဆိုရင်၊ ပထမဦးဆုံးလိုမှာကတော့ Model Hull Form တစ်ခုပါပဲ။ Model Hull Form က လွယ်လွယ်ကူကူနဲ့ စျေးသက်သာချင်ရင်တော့ Fiberglass Reinforced Plastics (FRP/GRP) နဲ့လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ပိုမိုတိကျတဲ့ အဖြေတွေထွက်ဖို့ဆိုရင်တော့ သစ်သားကို CNC ခုတ်လေ့ရှိပါတယ်။ Model လုပ်ပုံအသေးစိတ်ကိုတော့ နောက်ကြုံမှပဲပြောပြပါတော့မယ်။
Towing Tank ဆိုတာဘာလဲ အကြောင်းအသေးစိတ်ကိုလည်း ရှင်းပြပြီးသားစာစုတွေရှိတော့ ခဏမေ့ချောင်ဆောင်ထားလိုက်ဦးမယ်။ Towing Tank မှာစမ်းသပ်ပုံလေးကိုပဲ သိသလောက် ရှင်းပြရင်း ဒီစာလေးကို ဝေငှလိုက်ပါတယ်။ အမှားပါရင်လည်း ထောက်ပြပေးစေလိုပါတယ်။ ခုနကပြောခဲ့တဲ့ Model Hull Form ဆိုတာရလာပြီဆိုရင်တော့ အဲ့ Model Hull Form မှာ Test လုပ်ချင်တဲ့ Design Waterline လေးကို လိုက်မှတ်လိုက်တယ်။ Design Waterline ကို လိုက်မှတ်တာ ထင်သလောက်မလွယ်ကူလှဘူး။ Model မှာ Sheer ထည့်ထားရင် ပိုဆိုးတာပေါ့။ ထားပါတော့… Design Waterline မှတ်ပြီးပြီ။ ပြီးရင်ဒီ Model ကိုဘာဆက်လုပ်မလဲ? Towing Tank မွာ Resistance Test စမ်းဖို့ဆိုရင် Model ထဲမှာ Dynamo ဆင်ထားဖို့လိုပါတယ်။ ဒီ Dynamo ဆိုတဲ့ဟာကြီးကို Model ထဲ ဘယ်နေရာမှာ ဘယ်လိုဆင်မလဲ။ Model ရဲ့ Center of Gravity (CG), both longitudinally and transversely ရှိတဲ့နေရာ၊ LCG, TCG ရှိတဲ့နေရာမှာ တပ်ရပါတယ်။
LCG နဲ့ TCG ကိုဘယ်လိုသိနိုင်မလဲ။ ရှင်းရှင်းပြောရင် Software or Calculations တွေကသိရမှာပေါ့။ ဒါပေမဲ့ အဲ့ဂဏန်းတွေမှန်မမှန် (သို့) အဲ့ဂဏန်းတွေမသိခဲ့ရင် ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ အဲ့ Model ကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် မ ထားပြီး တန်းတစ်တန်း၊ ခုံတစ်လုံး ၊ တုတ်တစ်ချောင်းအပေါ်တင်ပြီး ရှေ့နောက်ရွှေ့ကြည့်ပေါ့။ စိတ်ရှည်ရှည်နဲ့တော့လုပ်ပါ။ Tipping Point တစ်ခု (ရှေ့လည်းလန်မကျ၊ နောက်လည်းလန်မကျ၊ Balanced ဖြစ်နေတဲ့ တစ်နေရာပေါ်လာပါလိမ့်မယ်။) အဲ့နေရာမှာ LCG ရှိတယ်လို့ ယေဘူယျ သတ်မှတ်နိုင်ပါတယ်။ TCG ကတော့ ပုံမှန်အတိုင်း သင်္ဘော Symmetric ဖြစ်တယ်ဆိုရင်၊ အလယ်ခေါင်မှာပဲရှိမှာပေါ့။ မဖြစ်ခဲ့ရင်တော့ ခုနကအတိုင်း စမ်းကြည့်လို့ရတယ်။ ခန့်မှန်းချေသိရတာပေါ့။
LCG တွေ TCG တွေသိပြီဆိုရင်တော့ အဲ့နေရာမှာ Dynamo ဆင်လိုက်တာပေါ့။ Fiber Model ဆိုရင်တော့ သစ်သားတုံးလေးတွေခံပြီးမှ Dynamo ဆင်တယ်။ Model ရဲ့ရှေ့နောက်မှာလည်း Guiding Arm ဆိုတာတပ်ဖို့ ချိတ်ကလေးတွေ ဆင်ထားတယ်။ ဒီအဆင့်တွေအားလုံးပြီးပြီဆိုရင်တော့ Towing Tank ရဲ့ Carriage မှာ Model လေးကို သွားချိတ်လိုက်တာပေါ့။
Fiber model placed in towing tank
Assembly to towing tank carriage
လိုချင်တဲ့ Design Waterline ရအောင် ချိန်ပြီး Dynamo ကို Carriage နဲ့တွဲ၊ Guiding Arms တွေတပ်လုပ်ရတာပေါ့။ ဒါတွေပြီးရင်တော့ Resistance Test စလို့ရပါပြီ။
Dynamometer assembled in tunnel
Resistance test being carried out
မပြောသေးဘူးလုပ်နေပေမဲ့ ထည့်ပြောမှရမယ်ထင်တယ်။ Towing Tank တွေမှာလည်း သူ့ Capacity နဲ့သူရှိတယ်။ အဓိကအရေးကြီးဆုံးအချက်ကတော့ Carriage Speed ပဲ။ ကျွန်တော်တို့ ရေကြောင်းပညာတက္ကသိုလ် မှာရှိတယ့် Towing Tank မှ Carriage Speed ကအများဆုံး 4 m/sec လောက်အထိရပါတယ်။ Towing Tank တစ်ခုမှာစမ်းဖို့ဆိုရင် Model Hull Form ရဲ့ Length က 1.5 m နီးပါးရှိမှ စမ်းလို့အဆင်ပြေမှာပါ။
ကျွန်တော်တို့ စမ်းတုန်းက သင်္ဘော Design ကိုက ၁၅မီတာ လောက်ပဲရှိတော့ Model လုပ်ရင် Linear Scale Ratio, Scaling Factor (λ) က ၁၀ ဖြစ်သွားလိမ့်မယ်။ Design Speed ကို 20 knots လောက်မှန်းထားတာ ဖြစ်တဲ့အတွက်၊ Model Speed သည် 3.3 m/sec လောက်နဲ့စမ်းမှ အဆင်ပြေပါလိမ့်မယ်။ ဒီ 3.3 m/sec က Upper Speed Limit နားကပ်နေတော့ ဆရာက λ=11 လောက်ထားပြီးစမ်းခိုင်းတယ်။ ဒါဆို Carriage Speed (Model Speed) 3.1 m/sec လောက်နဲ့ပဲ ဆွဲရတော့မှာပေါ့။ ဂဏန်းအနေနဲ့ကြည့်မယ်ဆိုရင် သိပ်အပြောင်းအလဲကြီးမဟုတ်လှဘူးထင်ရပေမယ့် ပြန်တွက်ကြည့်ရင် တစ်စက္ကန့်ကို ၈လက်မလျှော့ပြေးခိုင်းတော့ စက်သက်သာတာပေါ့။
ဒီလိုနဲ့ Model လုပ်လိုက်ကြရော… Model ကို Length 1.364 m နဲ့လုပ်ထားပြီးကာမှ စမ်းမယ်လို့စာလည်းတင်ရော 3.1 m/sec နဲ့လည်း ပေးမစမ်းဘူးလို့ စာပြန်ကျလာရော… ဒါနဲ့ပဲ သင်္ဘောတစ်စီးလုံးရဲ့ Design Ship Speed ကို 15 knots လို့ပဲပြန်ထားပြီး Model Speed (Carriage Speed) ကို 2.33 m/sec နဲ့ပဲ စမ်းခဲ့ရတယ်။ ရေးရင်းနဲ့ ရှုပ်ကုန်ပြီလားမသိဘူး။
Linear Scale Ratio, Scaling Factor (λ) ဆိုတာက တကယ့်သင်္ဘောနဲ့ Model ကို အချိုးချတဲ့ကိန်း၊ သူက Speed နဲ့ ဘယ်လိုသက်ရောက်လည်းဆိုတော့…
အဲ့လောက်ဆိုနားလည်မယ်ထင်ပါတယ်။ ကျွန်တော်ရှင်းရင်ပိုရှုပ်ကုန်လိမ့်မယ်။ ထားပါတော့… အဓိကပြောချင်တာက Towing Tank မှာစမ်းမယ်ဆိုရင် Towing Tank Capacity ကိုသိရမယ်။ ကိုယ့် Design နဲ့ ဘောင်ဝင်မဝင်၊ Model လုပ်လို့အဆင်ပြေမပြေက အရေးကြီးတယ်ထင်တယ်လို့ပြောတာပါ။
With Best Regards,
ထိုက်အောင်ကျော်
P.S အမှားပါရင်ခွင့်လွှတ်ကြပါ။ ထောက်ပြဝေဖန်ပေးကြပါ။ ပါရှိတဲ့အမှားများအားလုံးကလည်း ကျွန်တော်စာတစ်ခါမှ ရေးဖူးခြင်းမရှိသည့်အတွက် ဖြစ်ပါသဖြင့် ကြိုတင်အနူးညွတ်တောင်းပန်အပ်ပါသည်။
Towing Tank - Resistance Test အပိုင်း(၂) - Htike Aung Kyaw
[…] အပိုင်း(၁)လေးကို အရင်အားပေးပါဦးဗျာ။ ကဲ… […]