ကျွန်တော် The Myanmar Naval Architect Online Journal ကို PDF ထွက်ပြီဆိုတိုင်း အပြေးအလွှား Download ပြုလုပ်ပြီးဖတ်လေ့ရှိပါတယ်။
ဒီတစ်လကျွန်တော်ဖတ်လိုက်ရတဲ့ အတွဲ(၁)၊ အမှတ်(၄) ထဲမှ ကျွန်တော်ကြိုက်တဲ့ ရေးသားမှုတစ်ခုကို ပြန်လည်မျှဝေပေးပါရစေ။
အဆိုပါ အတွဲ(၁)၊ အမှတ်(၄) ဂျာနယ်ကိုတော့ ဒီနေရာမှာ Download ဆွဲပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။

အယ်ဒီတာရေးသားထားသည့် အာဘော်တွင် ဘက်စုံပညာရေး ဆိုသည်ကို ရှင်းပြထားသည်။ ဘက်စုံပညာရေးကို ကျွန်တော်တို့ငယ်ငယ်လေးကပင်
ကြားခဲ့ကြဖူးတာ အမှန်ပင်ဖြစ်သည်။  ကျွန်တော်တို့ရဲ့ ရေကြောင်းပညာတက္ကသိုလ်မှာဆိုရင်လည်း  ကျွန်တော်တို့နှစ်တွေတုန်းက မကြုံခဲ့ဖူးတာတွေ အခုပေါ်ပေါက်နေသည်ကို ကြားသိရသည်။ အသင်းပေါင်းစုံအောင် ဖွဲ့ထားကြသည်။ ဤတွင်  အယ်ဒီတာက “ ဘက်စုံပညာရေးသည် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ပြည့်စုံ  “ သလို” ရှိလာပြီဖြစ်သည် ” ရေးသားထားကာ ၄င်း၏ သလို  ဟူသည့်စကားလုံးကို ဆက်လက်ရှင်းလင်းထားသည်။

အပြင်ပန်းက ပြည့်စုံသည်ဟုထင်ရသော်လည်း  တကယ့်အနှစ်သာရမှာ ပျောက်ဆုံးနေသည်ဟုဆိုထား၏။  ဤအနှစ်သာရကားအဘယ်နည်း။  အယ်ဒီတာ့ အမြင်ကို  ကျွန်တော်သဘောကျနှစ်သက်မိသည်။ ဘက်စုံပညာရေးဟုဆိုရာမှာ  ပညာရေးသည်သာဗဟိုချက် အဓိကဖြစ်သည်မှာ မလွဲမသွေဖြစ်သည်။ ပညာရေးကို အခြေခိုင်ပြီးမှ ဘက်စုံကို အားထည့်ရမည်ဟုနားလည်ထားသည်  ဟုဆိုသည်။ ပြန်လည်စဉ်းစားကြည့်လျှင် ပညာရေးဆိုင်ရာလှုပ်ရှားမှုများသည် ကျွန်တော်တို့ ကျောင်းတက်စဉ်ကထက်  တိုးတက်မှုရှိသည်ကို မြင်ရသော်လည်း သိသာထင်ရှားသည့်  တိုးတက်မှုမျိုးမဟုတ်ဟု ကျွန်တော်ထင်မိသည်။

အယ်ဒီတာက  သင်္ဘောကျင်း လုပ်သက်  ဖျက်သိမ်းထားသည်ကိုလည်း ထောက်ပြထားသည်။ ကျောင်းသားများနှင့်  သင်္ဘောကျင်းထိတွေ့မှုမှာ မရှိသလောက်ဖြစ်လာသည်။ သင်္ဘောကျင်းဆင်းသည်မှာ အချို့ကျောင်းသားများအတွက် အမှုမဲ့အမှတ်မဲ့  အရေးမကြီးဟုထင်ကြသည်။ အမှန်လည်း ကျွန်တော်တို့  သင်္ဘောကျင်းဆင်းစဉ်ကာလက လိုက်လံရှင်းပြနိုင်သည့်သူ ရေရေရာရာမရှိခဲ့ပါ။ သို့သော် ပညာရပ်ကို  တကယ်စိတ်ဝင်စားသောကျောင်းသားများအနေဖြင့်  စာအုပ်ထဲမှာမြင်ရကြားရတဲ့အရာကို အပြင်လက်တွေ့တွင်  မည်သူမျှမရှင်းပြစေကာမူ မြင်ဖူးသွားသည်။ သင်္ဘောပေါ်တက်ပြီး တစ်ပတ်လောက်လမ်းလျှောက်ကြည့်လိုက်ရုံနှင့်ပင် ဤသင်္ဘောသည် မည်သည့် အမျိုးအစားဖြစ်ပြီး မည်သည့်နေရာတွင် မည်သည့်အရာများ ထားလေ့ရှိသည်ကို မြင်သွားမည်။ ကုန်ကုန်ပြောရလျှင် သင်္ဘောတစ်စင်း၏  General Arrangement လောက်တော့ မြင်ဖူးသွားမည်။

ကျောင်းသားဖြစ်သည့်အလျှောက် Shop Foreman များ အင်ဂျင်နီယာများ ထံမှစုဆောင်းထားသည့် စာအုပ်စာတမ်း drawing များ ကိုကူးယူခွင့်ရရှိနိုင်ပေမည်။
ကျွန်တော်သင်္ဘောကျင်းဆင်းစဉ်တစ်လျှောက်
(၁) Landing Craft တစ်စင်း၏ Drawing များ၊
(၂) Barge တစ်စင်း၏ Drawing များ
(၃) Catamaran တစ်စင်း၏ Drawing အချို့
(၄) Welding Electrodes နှင့် Welding အကြောင်းရေးသားထားသည့် စာအုပ်၊
(၅) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အင်ဂျင်နီယာဌာန၏ ၁၉၉၆ခုနှစ်ထုတ် ရေယာဉ်တည်ဆောက်မှုအခြေခံဘာသာရပ်၊ Hand Tools & Measuring Tools၊  ဒီဇယ်အင်ဂျင်၏ချို့ယွင်းမှုများနှင့် ပြုပြင်နည်းများ၊ ဒီဇယ်အင်ဂျင်အခြေခံ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဘာသာရပ်၊ အခြေခံလျှပ်စစ်ပညာ၊   ရေယာဉ်သုံးလျှပ်စစ်ဘာသာရပ်၊ စက်ခန်းဝန်ထမ်းများအတွက် တာဝန်နှင့် ဝတ္တရား တို့ကို မြန်မာလိုရေးသားပြုစုထားသော စာအုပ်ပေါင်းချုပ်တစ်အုပ်၊
(၆) ကျွန်တော်တို့ကို တန်၁၀၀၀၀ တင်နိုင်မည့် Slipway Design ကို မတွက်လာပေးလျှင် Roll call မပေးဘူးဆိုလို့ Slipway Design အတွက်စုခဲ့ရတဲ့ Paper အချို့
(၇) Dock Service အတွက် Journal ရေးတင်ခဲ့ရသော Practice အချို့ စသဖြင့်တော့ အနည်းဆုံးရရှိခဲ့သေးသည်။

တိုးတိုးလွင် ငါးဖမ်းသင်္ဘောပေါ် ဟိုကြည့်ဒီကြည့်  ကြည့်ခဲ့ကြရသည်။ ရေကြောင်းတက်ပြီး သင်္ဘောဆောက်မယ်ဆိုပြီး ကိုယ်ကိုတိုင် သင်္ဘောမစီးဖူး သမ္ဗာန်မစီးဖူး ခဲ့ရာက ဒေါက်ဆင်းရင်း စီးဖူးခဲ့ရသည်။ ဘယ်လောက်ပဲ ဘာမှမရခဲ့ဘူးဆိုဆို Dock ဆင်းတာ ကျောင်းသားတွေအတွက် အနည်းနှင့် အများ (နဲနဲလောက်တော့) အကျိုးရှိမည်ဟု ထင်တယ်။ ထားပါတော့… ပြောနေတဲ့အရာတောင်ပျောက်သွားပြီ။

ရေကြောင်းကျောင်းသားနှင့် သင်္ဘောကျင်းသည် ကင်းကွာ၍မရဖြစ်သဖြင့်  အယ်ဒီတာဆိုသည့် အတိုင်း သင်္ဘောကျင်းသို့  စနစ်ကျသော လေ့လာရေးခရီးများကို  ခပ်စိပ်စိပ်ပို့ပေးသင့်သည်ဟု ကျွန်တော်လည်းယူဆပါသည်။ ကျွန်တော့်အနေနှင့်လည်း တတ်စွမ်းသမျှ ပညာရပ်ဆိုင်ရာအချို့ကို ရေးသားဖော်ပြပေးသည်နှင့်နည်းတူ ပညာရပ်ဆိုင်ရာလှုပ်ရှားမှုများအတွက် အကောင်အထည်ဖော်ခြင်းနှင့် ကူညီပံ့ပိုးပေးခြင်းများ အဆင်သင့်သလို လုပ်ဆောင်ပေးနေသည့် မြန်မာ NA အွန်လိုင်းဂျာနယ် ကိုလည်း ဤနေရာမှပင် ကျေးဇူးတင်ကြောင်း ပြောကြားရင်း  ဗဟိုချက်ပျောက်ဆုံးနေသော ဘက်စုံပညာရေးမဖြစ်စေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ထိုက်အောင်ကျော်

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.