လူတွေက ဘဝမှာဆင်ခြေအမျိုးမျိုးပေးတတ်ကြပါတယ်။ ဘာလို့ ဆင်ခြေလို့ သုံးလည်း မသိဘူးနော်… ဆင်လက်လို့ရောသုံးလားဟင်? ထားပါ… စကားတွေဖောင်ဖွဲ့နေတာ ကျွန်တော်လည်း ဆင်ခြေဆင်လက် ပေးမလို့ပါ။ ကျွန်တော် ပုံမှန်ရေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့်လည်း မရေးဖြစ်တဲ့အခါတွေလည်းရှိတာပေါ့။ ဒီတစ်ခါ ကျွန်တော် ဆင်ခြေ ဘယ်လိုပေးမယ်ထင်လည်းဗျ… ကျွန်တော်စာမရေးဖြစ်တာ မြေနီကုန်းမှာ ကုန်းကျော်တံတားဆောက်နေလို့ပါဗျာ… 😛
ခင်ဗျားပြန်မေးပါလိမ့်မယ်။ ဘယ့်နှယ့်ဗျာ… မြေနီကုန်းမှာ ကုန်းကျော်ဆောက်တာနဲ့ ခင်ဗျား Blog မရေးဖြစ်တာနဲ့ ဘာဆိုင်လဲလို့ ပေါ့ဗျာ။ ဒီလိုဗျ… ကျွန်တော်ကနေတာ ကမာရွတ်မှာ။ ရုံးတက်ရတာက သံလျင်တံတားအဆင်းက သာကေတ၊ တိုင်းရင်းသား ကျေးရွာနားမှာပေါ့ဗျာ။ တစ်နေ့တစ်နေ့ ရုံးသွားရင်၊ ရုံးပြန်ရင် ၁နာရီခွဲ၊ နှစ်နာရီလောက် ဘတ်စ်ကားပေါ်မှာအချိန်ပေးရတယ်။ တကယ်တန်းကားမပိတ်ရင် နာရီဝက်၊ မိနစ်၄၀ လောက်နဲ့ ရောက်တဲ့ခရီးဗျ… ခုတော့ မြေနီကုန်းမှာ တံတားလည်းဆောက်ရော ၁နာရီခွဲလည်းမရောက် နှစ်နာရီလည်းမရောက် ဖြစ်တော့ တစ်နေ့ကို လေးနာရီကျော် ဘတ်စ်ကားပေါ်ငုတ်တုတ်။ တစ်နေ့မှ ၂၄နာရီ၊ အိပ်ချိန် ရနာရီနုတ်ရင် ၁ရနာရီ၊ ရုံးချိန် ၈နာရီနုတ် ၉နာရီကျန်၊ ဒီထဲ ကားစီးချိန်က ၄နာရီခွဲလောက်ပေးရတော့ ကိုယ်ပိုင်အချိန်က တစ်နေ့မှ ၄နာရီခွဲပဲရှိတာပေါ့ဗျာ။ အဲ့၄နာရီခွဲက ထမင်းစား၊ ရေသောက်နဲ့တင်ကုန်တယ်၊ မယုံမရှိနဲ့… (အင်တာနက်သုံးဖို့၊ Facebook မှာ Scroll လုပ်ဖို့က အချိန်ပေးရသေးသကိုး…) ကဲတွေ့လား။ အခုကျွန်တော်ပေးတဲ့ အရေမရ အဖတ်မရ ဆင်ခြေထဲမှာ မျောပြီး ခင်ဗျားလည်း ခင်ဗျားအချိန်ဘယ်နှမိနစ်ပေးလိုက်ရသလဲ… တွေ့သလား ဖြုတ်ခနဲကုန်သွားတဲ့အချိန်။
ကဲ… အပိုင်း(၄)တုန်းက ပြောလက်စပဲဆက်ပြောရအောင်။ Attached Plate တွေရဲ့ Length နဲ့ Breadth တွေကို Member ပေါ်မူတည်ပြီးဘယ်လိုယူမလဲဆိုတာလေ… အပိုင်း(၄)တုန်းက Bottom/Deck Transverses တွေ Side Frame (Ord:/Web) တွေ နဲ့တွဲထားတဲ့ Plating တွေအကြောင်းရှင်းပြခဲ့ပြီးပြီ။ အခုကျန်တဲ့ Longitudinals တွေနဲ့ Girders တွေ၊ Side Stringers/BHD Stringers တွေ၊ BHD Stiffeners တွေအကြောင်းပြောပြရတာပေါ့။ သဘောတရားကတော့ အတူတူပါပဲ။ နဲနဲ ပိုမြင်လာမလားဆိုပြီး ပုံနဲ့ ရှင်းပြမလို့ပါ။ ကဲ… Longitudinals တွေ… Deck/Side/Bottom အကုန် အတူတူပဲ။ ပုံ(၁)မှာကြည့်ပါ။
L-1, L-2, L-3, L-4 ရေးထားတာတွေက Longitudinals တွေပေါ့။ Longitudinals တွေတွက်တဲ့အချိန်မှာ Effective Breadth ကသိပ်အရေးမကြီးပါဘူး။ Breadth နဲ့ Effective Breadth က အတူတူပဲလို့တောင်မှတ်လို့ရပါတယ်။ Longitudinal ရှိတဲ့နေရာ တွေက Longi Framing System မှာလေ။ Longitudinals တွေက Continuous ပြေးထား တယ်လေ။ ဖြတ်ရင်တောင်မှ BHD နှစ်ခု အဆုံးမှာပဲဖြတ်ကြတယ်။ မဖြတ်တာလဲရှိတယ်။ ဒါကတော့ Shipyard Practice ပေါ်မှာပဲမူတည်တယ်။ Breadth နဲ့ Effective Breadth ဘာလို့တူတယ်လို့ပြောတာလည်းဆိုတော့ Longitudinal ရဲ့ Attached Plate Length က Breadth နဲ့ ယှဉ်ရင် အများကြီးကို များနေတယ်။ f က (l/b) ratio နဲ့ directly proportional ဖြစ်နေတော့ l များရင် f လည်းများမယ်။ ဒါပေမယ့် f မှာ က 1 ထက်ကျော်ရင် 1 ပဲယူခိုင်းထားပါတယ်။ Effective Breadth = f x Breadth မှာ f က ၁ဖြစ်တော့ Breadth က Effective Breadth ဖြစ်သွားတာပေါ့။ Longitudinals တွေအတွက် Breadth ယူတာကတော့ ပုံမှာပြထားတဲ့ အတိုင်းပဲ “ b” အသေးလေးတွေလို၊ ဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်။ (အများအားဖြင့် Longitudinals တွေရဲ့ Spacing ကတူကြပါတယ်။ မတူရင်များတာယူတွက်ပေါ့။) ကဲ… Girders အတွက်လည်း ထိုနည်း၄င်းပဲ။ Girder နှစ်ခုကြားအကွာအဝေး B က Attach Plating ရဲ့ Breadth နဲ့တူတယ်လို့ အကြမ်းဖျင်းမှတ်လို့ရသွားပြီ။ Effective Breadth က လည်း အပေါ်ကပြောခဲ့သလိုပဲပေါ့။ Plate ရဲ့ Length L က BHD နှစ်ခုကြားဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင်လည်း တောက်လျှောက်ဖြစ်မယ်။ l/b ပေါ်မူတည်ပြီး f ပြောင်းမယ်။ l အရမ်းများရင် Effective Breadth နဲ့ Breadth နဲ့ သွားတူမယ်။ f=1 ဖြစ်သွားလို့…
ဖတ်တဲ့လူနားလည်မလည်တော့မသိဘူး။ ရေးတဲ့လူကိုယ်တိုင် ရေးရင်နဲ့ လည်နေပြီ။ ပုံလည်းဆွဲသာဆွဲရတယ်။ Naval Architect ကျွန်တော်… အိမ်မှာပေတံမရှိပါဘူးခင်ည… အဲ့ပုံတွေက ကျောင်းသားကဒ်အဟောင်းကို ပေတံလုပ်ပြီးဆွဲထားတာ… အဟိ… ကြွားတာ။ အဲ့ဒါကြောင့်လည်း ရုံးမှာဆရာဆူတာ။ ဆူလွန်းလို့ ရုံးမှာတော့ ပေတံရှိသွားပါပြီခင်ဗျာ။ အိမ်မှာတော့ Set-Square ကလွဲရင်မရှိပါ။ Set-Square နဲ့ကျတော့လည်း ဒီလောက်ပုံ ကြမ်းလေးကို မဆွဲချင်ဘူးဗျ… (အပျင်းတစ်တာ..) 😀
သဘောတရားတော့နားလည်ပြီ ယူဆတာပဲ။ Side Stringer/BHD Stringer လည်း ထိုနည်း ၄င်းပဲ။ Girder နဲ့ အတူတူပဲ။ တစ်ခုပဲကွာတာက Span ယူတဲ့အခါ Deck Beam နဲ့ Floor နဲ့ရဲ့ Top Plate ကိုနုတ်ပြီးမှ ယူပါတယ်။ ဒါပဲကွာတယ်။ ပုံ(၂)ကို ကြည့်။
(Bracket အကြောင်းမပြောထားသေးပါ။) ပုံ(၂)မှာ s1 ဆိုတာ Deck Beam ရဲ့ Top Plate ကနေ Side Stringer အထိယူထားပါတယ်။ s2 ဆိုတာကတော့ Floor ရဲ့ Top Plate ကနေSide Stringer အထိယူထားပါတယ်။ ဒါဆို Attached Plating ရဲ့ Breadth က (s1+s2)/2 ပေါ့။ Effective Breadth က တူရင်တူ မတူရင်နည်းပေါ့။ ဒါ Side Stringer တစ်ချောင်းထဲကို ပြထားတာပါ။ တစ်ချောင်းမက ရှိနိုင်ပါတယ်။ ယူပုံယူနည်းကတော့ အတူတူပဲပေါ့။ BHD Stringer လည်း အတူတူပါပဲ။
ဒီနည်းအတိုင်းပဲ BHD Stiffener တွေကျတော့ Longitudinals သဘောမျိုးပါပဲ။ Length ကတော့ အပေါ်ကနေအောက်အထိဖြစ်ပြီး Breadth က တစ်ချောင်းနဲ့ တစ်ချောင်းကြားပေါ့။ စာနဲ့ထပ်ရှင်းပြရင် လည်း ပြီးတော့မှာမဟုတ်ပါဘူး။
Section Modulus တွေကတော့ ကုန်သလောက်ရှိသွားပြီ။ Pillar အတွက်ရယ်၊ Midship တစ်ခုလုံးစာ အတွက်ရယ်လောက်ကျန်တော့မယ်ထင်တယ်။ Midship ဟာကကျောင်းမှာသင်ထားပြီးသားပါ။ အဆင်ပြေရင်လည်း ပြန်နွေးကြတာပေါ့။ Section Modulus နဲ့ ဆက်ပြီး ပြောစရာရှိတာကတော့ Bracket တွေပါ။ သုံးထားတဲ့ Member တွေရဲ့ Section Modulus ပေါ်မူတည်ပြီးတော့ Bracket တွေကို တွက်လေ့ရှိပါတယ်။ Bracket တွေရဲ့ Length, Thickness, Flanged or Unflanged ဆိုတာတွေ ကိုတွက်ပါတယ်။ ပုံကြည့်။ အကယ်၍ တတ်ထားတဲ့ Bracket က ခုနကတွက်တဲ့ဟာတွေထက် ငယ်နေတယ်၊ ဘောင်မဝင်ဘူးဆိုရင် ဆက်စပ်နေတဲ့ Member တွေရဲ့ Rule အရ လိုအပ်တဲ့ Section Modulus ကို Percentage ပြန်တိုးပေးရပါသေးတယ်။ Bracket တစ်ဖက်ဖြုတ်ရင်/Require အောက်ငယ်နေရင် Rule အရလိုတဲ့ SM ကို ၁၀%တိုးပါ။ စသဖြင့်ပေါ့။ ဒါက Rule ပေါ်မူတည်ပြီးကွဲနိုင်တယ်ထင်ပါတယ်။
နောက်တစ်ချက်က Span ယူတဲ့နေရာမှာ Bracket ရဲ့အခြေအထိပဲ ယူလည်းရတယ်ဆိုတာမျိုးပေါ့။ ပုံပါ။
ကဲကဲ… ဒီနေ့တော့ဒီလောက်ပါဗျာ။ ကျွန်တော်ဟာလည်း သင်ယူနေစဲကျောင်းသား လေးဖြစ်သည့်အလျှောက် အမှားပါရင် ထောက်ပြပေးကြပါလို့…
ထိုက်အောင်ကျော်
Hein Thaw
🙂 Like !