Section Modulus Calculations…

အပိုင်း(၁)

ကျွန်တော်မယုံမရှိနဲ့ တကယ်ဗျာဆိုတဲ့ အပိုင်း တွေရေးနေတာပါ။ ဒါပေမယ့် ကျောင်းမှာ Final Year First Presentation ကိုသွားနားထောင်လိုက်တော့ Presentation အများစု (အကုန်မဟုတ်ပါ) မှာ Scantling Calculations နဲ့ Section Modulus Calculations (Local) တွက်တဲ့နေရာမှာ အမှားလေးတွေ ပါတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ရေးလက်စ မယုံမရှိနဲ့ တကယ်ဗျ ဆိုတာကို ခဏရပ်ပြီး ဒါကိုရေးဖို့ကြိုးစားလိုက်တာပါ။ တွက်တာကလုံးဝကြီးမှားနေတာတော့  မဟုတ်ပါဘူး။ အယူအဆလွဲနေတာလေးတွေတွေ့ရပါတယ်။

အခုစပြောမှာကတော့ တကယ်သုံးထားတဲ့ Member (Actual) တွေရဲ့ Section Modulus တွက်တာတွေကို စပြောပါ့မယ်။ တကယ်သုံးထားတဲ့ Members တွေမှာ Attach Plating ကို Section Modulus တွက်တဲ့အချိန်မှာထည့်တွက်ပါတယ်။ တကယ်သုံးထားတဲ့ Members တွေက Standard Size ဖြစ်မယ်ဆိုရင် ၄င်းတို့ရဲ့  Section Modulus ကို Attach Plating မပါပဲဆိုရင် Steel Book မှာဖတ်လို့ရပါတယ်။ (ဒီမှာတော့ Standard Size သုံးတာမျိုးသိပ်မရှိပဲ Buildup Sections တွေဖြစ်တဲ့အတွက် ကိုယ့်ဟာကိုယ်ပြန်တွက်ရတာများပါတယ်။) Smart Phone တွေအတွက်လည်း  Software တွေရှိပါတယ်။ ဥပမာ – Android အတွက်ဆိုရင် Steel Shapes  နာမည်နဲ့ရှိပါတယ်။

 

ဒီနေရာမှာ Section Modulus မတွက်ခင် သိထားသင့်တာကို  အရင်ပြောပါ့မယ်။ Angle Section တွေကို ဖော်ပြတဲ့အခါမှာ L-75x75x6mm စသဖြင့် ဖော်ပြလေ့ရှိပြီး Tee Section တွေဖော်ပြတဲ့အခါမှာ T-(360×8)+(125×10)mm စသဖြင့် ဖော်ပြလေ့ရှိပါတယ်။ ဒါကတော့ Shipyard Practice ပေါ်မူတည်ပြီး အနည်းငယ် ကွာခြားတတ်ပါတယ်။ အရမ်းအရေးမကြီးပေမယ့် တစ်ခုသိရမှာက Angle ဆိုရင် အစအဆုံးတိုင်းရပါတယ်။ ဆိုလိုတာက L-75x75x6mm ဆိုတဲ့နေရာမှာ Web က 75 လို့ဆိုပါတယ်။ အဲ့ 75 လို့ ဆိုထားတာမှာ အောက်ခြေကနေ Flange Thickness အပါအဆုံးအထိတိုင်းမှ 75 ရှိပါတယ်။ Tee Section မှာတော့ အဲ့လိုမဟုတ်ပါဘူး။ Tee Section မှာ T-(360×8)+(125×10)mm လို့ဆိုတဲ့နေရာမှာ Web ရဲ့ Height ကပဲ 360 ရှိပါတယ်။ Top Plate Thickness မပါပဲတိုင်း တာပါ။ အဲ့ 360 ရဲ့ အပေါ်ကိုမှ အလျား 125 ထု 10 ရှိတဲ့ Top Plate ကို ထပ်ကပ်ထားတာပါ။ ပုံမှာကြည့်ပါ။ ရှင်းမယ်လို့ ထင်ပါလိမ့်မယ်။ ဒါက အရေးမကြီးပေမယ့် သိထားသင့်တယ်  ထင်လို့ပြောပြတာပါ။

ကဲစမယ်။ Section Modulus of Each Member (Local Member)…
ဆိုပါစို့… သင်္ဘောရဲ့ Ordinary Side Frame မှာ Angle Bar ဖြစ်တဲ့ L-75x75x6mm ကို သုံးထားတယ်။ Attached Plating ဖြစ်တဲ့ သင်္ဘောရဲ့ Shell Plate Thickness က 6mm. Ordinary Side Frame တစ်ခုနဲ့ တစ်ခုကြားက 500mm Frame Spacing ကွာတယ်။  ကဲ… အဲ့ကောင်ရဲ့ Section Modulus ကို ရှာကြရအောင်။

Excel နဲ့ မြန်အောင် အလွယ်သဘောတွက်ကြည့်ကြတာပေါ့။ ပုံမှာကြည့်ပါ။ ကျွန်တော် ကတော့ ပထမဦးဆုံးတွက်မယ့် Member ရဲ့ ခေါင်းစဉ်တတ်လိုက်တယ်။ ပြီးတော့  A2 အကွက်မှာ Web ရဲ့ Height, B2 မှာ Web ရဲ့ Thickness, C2 မှာ Flange ရဲ့ Width, D2 မှာ Flange ရဲ့ Thickness, E2 အကွက်မှာ Effective Breadth of Attached Plating (Effective Breadth ဆိုတာ  ခဏမှတ်ထားပါပြီးမှ သေချာရှင်းပြမယ်။ သေချာတာကတော့  Effective Breadth က ရိုးရိုး Breadth ထက် ငယ်ပါတယ်။ ဒီမှာ Breadth ဆိုတာဟာ Ordinary Frame တစ်ခုနဲ့ တစ်ခုကြား အကွာအဝေး (500mm) လို့ပဲ ခဏမှတ်ထားပါ။) ခုတော့ 498.3mm နဲ့ တွက်ထားနှင့်ပါ။ F2 မှာ Attached Plating (ဒီနေရာမှာ  Side Shell Plating) ရဲ့  Thickness တွေကို ဖြည့်လိုက်ပါတယ်။

နားလည်အောင် ဖတ်ကြည့်ပါ။ ကျွန်တော်လည်း စာသိပ်မရေးတတ်တော့ ရှင်းပြတာ နားလည် ပါ့မလားမသိဘူး။ လွယ်တာတော့ လွယ်ပါတယ်။ ဇယားကွက်ကို ပြထားသလို ဆွဲထားလိုက်ပါ။ B4 အကွက်မှာ က Web ရဲ့ Breadth ပါ။ အဲ့တော့ =B2 လို့ Function ရိုက်လိုက်ပါ။ Web ရဲ့ Height မှာတော့ ခုနကပြောခဲ့သလို 75 ဆိုတာက Flange ရဲ့ Thickness အပါမှပါ အခု
Flange Thickness ကို သတ်သတ်တွက်မှာဆိုတော့ နုတ်ထားလိုက်ပါ့မယ်။ (75-6)mm ဖြစ်ပါ့မယ်။ အဲ့ဒီအတွက် Function အနေနဲ့ =A2-D2 လို့ရိုက်လိုက်ပါ။ Column D မှာ က Area တွေကို တွက်ရမှာဖြစ်တဲ့အတွက် Col. B နဲ့ Col. C ကို မြှောက်ပေးလိုက်ပါ။ ဥပမာ – D4 မှာ ဆိုရင် =B4*C4 ဖြစ်မှာပေါ့။ Column E က y ဆိုတာကတော့ Assumed Neutral Axis ကနေ  ကိုယ်တွက်နေတဲ့ Part ရဲ့ Centroid အထိ တိုင်းထားတဲ့ Vertical Distance ပါ။ ကျွန်တော်တို့ က ANA ကို Plating  ရဲ့ အောက်ဆုံးကနေယူထားတော့ အဲ့ကစတိုင်းရမှာပါ။ Centroid က ပုံမှန်လေးထောင့်တုံးဆိုရင် အလယ်ကောင်တဲ့တဲ့မှာရှိပါတယ်။ ဒီမှာ Web အတွက်ဆိုရင် Web Height 69mm ရဲ့ တစ်ဝက်နေရာမှာရှိပါမယ်။ ဒါပေမဲ့ Plating ရဲ့ Base မှာ ANA ယူထားတဲ့ အတွက် Plating Thickness ကိုပါထည့်ပေါင်းရမှာပါ။ အဲ့တော့ (69/2)+6 ဖြစ်သွားမှာပေါ့။ Function နဲ့ ဆိုရင်တော့ =C4/2+F2 ပေါ့ဗျာ။ Ay နဲ့ Ay^2 က ရှင်းပြစရာမလိုဘူးထင်တယ်။ io လည်း Equation ကရေးပြီးသား ဘာမှခက်တာမဟုတ်ဘူး။ ဒီလိုပဲ Flg. နဲ့ Plate ရဲ့ ဟာတွေထည့်ပြီး အောက်ဆုံးအကွက်မှာတော့ အပေါ်ကဟာတွေကို Summation ပြန်ပေါင်းထားတာပါ။

အောက်မှာရေးထားတဲ့ Height ဆိုတာကတော့ Shell Plate ကနေ ထိပ်ဆုံးအထိ အစအဆုံး Height ကို ပြောတာပါ။ ဒီမှာတော့ (75+6) ပေါ့။ y ကို လိုချင်ရင် Sum(Ay) ကို Sum (y) နဲ့စားလိုက်ပါ။ I(ana) ကတော့ Sum (Ay^2) နဲ့ Sum (io) ပေါင်းထားတာပေါ့။ Assumed NA ကနေ True Neutral Axis ကို ပြောင်းတာ မှတ်မိတယ်မှတ်လား။ I(ana)- (Sum(A)(y^2)) ဒီမှာဆိုရင်တော့ Function က =C10-(D7C9^2) ပေါ့။ ကဲ I အမှန်ရပြီဆိုတော့ yနဲ့စားလိုက်ရင် SM ရပြီပေါ့… ဒါပေမယ့် ရလာမယ့် Section Modulus က Zbottom ဖြစ်မှာပေါ့။ Zbottom က Ztop ထက်ပိုများပါတယ်။ ဘာလို့လဲဆိုတော့ Height 81mm ရှိတဲ့အချိန်မှာ yက 15.8mm
လောက်ပဲရှိတယ်လေ။ I က Constant ပဲထားပါတော့ y အနည်းနဲ့စားရင် Zကများမယ်လေ။ ဒါဆို y အများက ဘာလည်း (Height-y) ပါ။ ဒီနေရာမှာတော့ (81-15.8)=65.2 ပေါ့။ SM ကို ယှဉ်ရင် နည်းတဲ့ကောင်နဲ့ ယှဉ်ရတယ်လေ…

ဒါကြောင့် SM ကို Function အနေနဲ့ =C11/(C8-C9) လို့ပေးထားလိုက်တာပါ။ ဒီတွက်တဲ့အဆင့်ဆင့်မှာ မှားနိုင်တာ ၁ခုရှိသေးတယ်။ အဲ့ဒါတော့  ယူနစ်ပဲ… အခု အကုန်လုံးကို mm နဲ့ တွက်လာတဲ့အတွက် SM က mm^3 နဲ့ပဲထွက်လာပါသေးတယ်။ Rule မှာတွက်ရင် များသောအားဖြင့် SM ရဲ့ unit ကို cm^3 နဲ့ ပေးလေ့ရှိတယ်။  စိတ်မဆိုးနဲ့နော်… ယူနစ်ပြောင်းတာပါသင်ပေးလိုက်ဦးမယ်။ mm^3 ကနေ cm^3 ကို ပြောင်းချင်ရင် အဖြေကို ၁၀နဲ့ သုံးခါစားပါ။ သဘောက ၁၀၀၀နဲ့စားခိုင်းတာ… ဒီလောက်လူပိန်းနားလည်အောင်ပြောတာ မှမှားတယ်ဆိုလည်း ကျွန်တော့်သာ လာသတ်သွားပါခင်ဗျာ… Unit ကို သတိထားစေချင်ပါတယ်။ အရမ်းအရေးကြီးပါတယ်။ Engineer တစ်ယောက်အတွက် Unit က အရေးအကြီးဆုံးပါပဲ။ ဒါကိုမှ
မှားရင်လည်း ညီလေး၊ ညီမလေးတို့… သူငယ်တန်းက စပြီး Final Year အထိ ကျောင်းတက်လာတဲ့ နှစ်တွေအားလုံးမှာ  ဘယ်နားသွားအိပ်ပျော်နေလို့ပါလည်းလို့ မေးပျဇေ…

ကဲ… အခေါ်အဝေါ်နဲ့ အသုံးအနှုန်းတွေနဲ့ Assumed Neutral Axis ထားတဲ့နေရာတွေသာ ကွာသွားမှာပါ သဘောတရားက အတူတူပဲ… ကဲ… အာ့ဆိုရင်… ကျွန်တော့်ကို ဒါတွက်ပြီး အဖြေကို Comment မှာရေးခဲ့ပေး T-(360×8)+(125×10)mm ရှိတဲ့ Bottom Transverse Frame (Floor), Attached Bottom Plate က 6mm, Web Frame ၂ခု ကြားအကွာအဝေးက 2m (Effective Breadth အကြောင်းမပြောရသေးလို့ အခုလောလောဆယ်  Attached Plating ရဲ့ Width(Breadth) ကို 789mm နဲ့ပဲတွက်ပါဦး) ကျွန်တော့်ကို သူ့ရဲ့ SM (အနည်းဆုံး) ကို cm^3 နဲ့ ရှာပေးပါ။

မှတ်ချက်… Tee ကို တွက်ရင် Flange ဆိုတဲ့ စာလုံးအစား Top Plate/Face Plate ကပိုမှန်ပါလိမ့်မယ်။

တွက်ဖြစ်အောင်တွက်ပါ။ Presentation မှာအမှားတွေတွေ့နေလို့ပါ။ Defense ရောက်လို့ ဆရာကြီးတွေနဲ့ ဗိုလ်မှူးးတွေနဲ့တွေ့ရင် အပြောခံရမှာစိုးလို့ ဒီပို့စ်ကို မဖြစ်ဖြစ်အောင်ရေးလိုက်တာပါ။

ကျန်တဲ့ အယူအဆတွေနဲ့ Rule မှာသုံးတဲ့ Span တို့၊ ခုနကပြောတဲ့ Effective Breadth တို့ ကိုလည်း
ဆက်ရေးပေးပါဦးမယ်။

ထိုက်အောင်ကျော်

အမှားရှိလျှင်ခွင့်လွှတ်ပါ။ လွန်တာရှိ ……၀န္ဒာမိပါ…..

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.