အာ.ဗီ ဧရာဝတီကွင်းနှင့် အလုပ်သင်အင်ဂျင်နီယာပေါက်စ ကျွန်တော်… အပိုင်း (၄)

စာပြန်ဖတ်ရမှာအပျင်းတစ်နေတာရော၊ ရေးဖို့အချိန်မပေးနိုင်တာရောပေါင်းပြီး အပိုင်း၃ပြီးတော့ ဆက်မရေးဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ အရင်အပိုင်းက တတ်ထားတဲ့ Stiffeners, Stringers, စသဖြင့် အချောင်းအရေအတွက် လိုက်ရေတာတွေပြောခဲ့ပြီး ဒီအပိုင်းမှာ Weight Calculation အကြောင်းရေးမယ်လို့ ပြောခဲ့တယ်။

Weight Calculation ကတော့ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဟိုတစ်ခေါက်ကရေတွက်ခဲ့တဲ့အချောင်းတွေကို Area တွက်၊ Volume တွက်၊ Density နဲ့မြှောက်ပြီး Weight ထွက်၊ LCG, VCG, TCG ကိုလိုက်မှန်း၊ Longitudinal Moment, Vertical Moment, Transverse Moment တွက်၊ Item အားလုံးရဲ့ Weight ကိုပေါင်း၊ တွက်ထားတဲ့ Moment တွေကိုပေါင်း၊ စုစုပေါင်းWeight နဲ့ပြန်စားတော့ Item အားလုံးရဲ့LCG, VCG, TCG ပြန်ထွက်။ ဒါတွေပါပဲ။

Hull အတွက်တစ်ခါ၊ Superstructure အတွက်တစ်ခါ၊ Machinery အတွက်တစ်ခါ တွက်၊ Total Lightship Weight, Lightship LCG, Lightship VCG, Lightship TCG ရ။ ဒီအတိုင်းပြောနေရင်တော့ သိပ်မြင်မှာမဟုတ်ဘူးထင်တယ်။ ဒါတွေအားလုံး Excel Spreadsheet ထဲမှာ ပဲအကုန်လုပ်သွားတာပါပဲ။

Detail ကျနိုင်ရင် ကျနိုင်သလောက် ဒီအဖြေကမှန်မှာပဲ။ ဒါက သင်္ဘောရေမချခင် Trim ဖြစ်မလားမဖြစ်ဘူးလားအပေါ် ကြိုသိနိုင်မှာပေါ့။ Stability Calculation ပဲလုပ်လုပ်၊ Longitudinal Bending Moment and Shear Force ပဲတွက်တွက် အရေးကြီးတဲ့အချက်တွေပဲလေ။ ဒါတွေကို Maestro လို၊ Ship Constructor လို Software တွေသုံးထားပြီး ကြိုရှာထားနိုင်ပေမယ့် တစ်ကယ် တမ်းဆောက်တဲ့နေရာမှာ ပြောင်းသွားတာလေးတွေက Site ထဲမှာ လိုက်ကောက်ထားမှပဲ ပိုတိကျနိုင်ပါလိမ့်မယ်။ ဒီလိုလုပ်တာကို အလေ့အကျင့်ကောင်းတစ်ခုလို့ ကျွန်တော်တော့မြင်တယ်။ နောက် Sister Ship ဆောက်တဲ့အခါမှာလည်းပြန်သုံးလို့ရနိုင်တာပေါ့။

ကဲထားပါတော့… Excel Spreadsheet တွေ လေးခုလောက်လုပ်မယ်။ Sheet 1 က Hull, Sheet 2 က Superstructure, Sheet 3 က Machinery, Sheet 4 က Total စသဖြင့်ပေါ့။ ဒါကတော့ ကိုယ်စိတ်ကြိုက် အနုစိတ်နိုင်ရင်အနုစိတ်နိုင်သလောက် လုပ်ပေါ့ဗျာ။

ကဲ Hull ဆိုတဲ့ Sheet ကို ဖွင့်လိုက်ပြီထားပါတော့။ အောက်ကပုံကိုကြည့်လို်က်ပါ။ မြင်ရမလားတော့မသိဘူး။

 

Column 1 မှာ Sr. No., Column 2 မှာ Item, Column 3 မှာ Area, Column 4 မှာ Thickness, Column 5 မှာ Volume,  Column 6 က Density, Column 7 က Weight, Column 8, 9, 10 က LCG, VCG, TCG of each Item, Column 11, 12, 13 က LCG, VCG, TCG တွေကို သူ့ဆိုင်ရာ Weight နဲ့ မြှောက်ထားပြီး ထွက်လာတဲ့ Moment တွေပါ။

ဥပမာအနေနဲ့ Serial No. 1 မှာ ဆိုရင် Transom (နောက်ပိတ်ဆိုလား၊ ဂျပ်ပိတ်ဆိုလား ခေါ်တာထင်တယ်) အဲ့ဒါရဲ့ Area ကို အပြင်မှာတိုင်းနိုင်ရင်တိုင်းပေါ့၊ မတိုင်းနိုင်ရင်တော့ Lines Plan/Section က Area တိုင်းလိုက်ပေါ့။ ဒီ Transom ရဲ့ Plate Thickness က 8mm, အဲ့တော့ သူ့ Volume ရပြီပေါ့။ Unit တွေသတိထားပါ။ ထွက်လာတဲ့ Volume ကို Density (Steel Density=Approx. 7.85 ton per cubic meters) နဲ့မြှောက်လိုက်ရင် အဲ့အချပ်ရဲ့ Weight ထွက်ပြီလေ။ LCG, VCG, TCG တွေကတော့ မှန်းတာပေါ့။ Drawing ပုံအတိုင်းဆောက်ထားတယ်ဆိုရင် CAD ပုံရှိရင်တော့ လွယ်တာပေါ့ Region ဖွဲ့၊ Massprop နဲ့ရှာလိုက်ရင် ထွက်လာမှာပဲ (UCS သတိထားပါ။) Moment တွေကတော့ Weight နဲ့ သူ့သက်ဆိုင်ရာ LCG, VCG, TCG နဲ့လိုက်မြှောက်ပေးလိုက်ရင်ပြီးတာပဲ။

ဒါတွေအားလုံးနီးပါးကို ကျွန်တော်မရောက်ခင်လည်းက ကိုပြည့်ဝေအောင် တွက်ထားတာပါ။ ခက်တာက သူက Stiffeners, Webs, Girders စတဲ့ Area ရှာတဲ့အခါ Equation ထည့်ပြီးတမ်းရေးထားတော့ ကျွန်တော်စစချင်းက မနည်းနားလည်အောင်ဖတ်ရတယ်။ ဥပမာ – L 75x75x9mm ၂၃ချောင်းရှိပြီး Length ၁၁၄၁ မီလီမီတာ ရှိတဲ့ BHD 6 က Stiffeners တွေရဲ့ Area ကို တွက်ရင် သူက =1141 * 150 * 23 ဆိုပြီး Enter ခေါက်သွားတော့ ဘာတွေလည်းမသိဘူးဆိုပြီး ခေါင်းစားခဲ့ရဖူးတယ်။ ဒီမှာ ၁၅၀ ဆိုတာ (၇၅+၇၅)ကို ဖြန့်ချပြီးခန့်မှန်းချေတွေယူသွားတာပါ။ ဒီလိုပဲ တစ်ချို့နေရာတွေမှာ ဒီလိုမျိုး =5064330.4354 + (8253.2053 * 100)  တွေရေးသွားတော့ ဘယ်လိုနားလည်ရမှန်းမသိတာတွေရှိခဲ့ဖူးတယ်။ အမှန်ကတော့ ဒါတွေက ကိုယ့်ဟာကိုယ်သိရင်ပြီးတာပါပဲ။ ခွဲပြီးရေးပြီး ရှင်းရှင်းလင်းလင်း ချမှတ်ထားနိုင်ရင်တော့ ပိုကောင်းတာပေါ့ (အချိန်လည်းပိုကုန်မှာပေါ့)…

ဒါတွေအားလုံးပြီးရင်တော့ ဒီ Sheet အောက်ဆုံးနားမှာ Total Weight of Hull, Summation of Longi: Moment, Summation of Ver: Moment,  Summation of Trans: Moment တွေကို ချပေါင်းထားပါ။ အဲ့အဆင့်ပြီးရင်တော့ Summation of Moments တွေကို Total Weights တွေနဲ့လိုက်စားရင်တော့ Hull Module ကြီးတစ်ခုလုံးရဲ့ LCG, VCG, TCG တွေရလာမှာပေါ့။

 

အလားတူပဲ Superstructure အတွက်တွက်ပါ။ Superstructure မှာတော့ တစ်ထပ်ချင်းစီ၊ တစ်ခန်းချင်းစီ ခွဲပြီးတွက်နိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ Machinery အတွက်ကျတော့ (Foundation မပါက) Weight ကသိပြီးသားဖြစ်နေတော့ Area တွေဘာတွေတွက်စရာမလိုဘူးပေါ့။ Foundation ပါတွက်ချင်ရင်တော့ လိုပါလိမ့်မယ်။

နောက်ဆုံး Total မှာလည်း လိုချင်တဲ့ Lightship တစ်ခုလုံးရဲ့ Weight, LCG, TCG, VCG တွေကို အပေါ်မှာပြောခဲ့တဲ့အတိုင်း တွက်ပြီး အဖြေထွက်လာမှာပါ။

ကျွန်တော်လည်း သိပ်မရှင်းပြတတ်တော့ ရှင်းရင်းရှုပ်ရင်း  ဖြစ်နေပြီလားတော့မသိပါဘူးဗျာ။ လွယ်တာကတော့ လွယ်ပါတယ်။ မရှင်းပြတတ်တာ။ သိပ်မရှင်းလို့မေးချင်ရင် မေးပါ၊ ကျွန်တော်တတ်နိုင်သလောက် နားလည်အောင် ပြောပြပါ့မယ်။

ကျွန်တော် အချောသတ် တွက်ထား၊ ချက်ထား၊ မှတ်ထားတဲ့ Excel ဖိုင် မတင်ပေးနိုင်တာ တောင်းပန်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က AQ မှာ တစ်လကျော်ကျော်လေးပဲ site ထဲမှာနေပြီး ရုံးပြန်ရောက်သွားတဲ့အတွက် လိုက်မှတ်ထားတာမရှိလို့ (မှတ်လည်းဘာမှထူးမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲ့သင်္ဘောက ယနေ့ ဒီအချိန်အထိ ဆောက်လိုက်၊ ဖျက်လိုက်၊ ဆောက်လိုက်၊ ဖျက်လိုက်နဲ့ သံသရာလည်နေပါသဖြင့် Weight Estimation မှာလည်း ပြီးဆုံးမည့် ဇာတ်လမ်း တစ်ခုမဟုတ်ပါကြောင်း) ရှိသလောက်လေးကိုပဲ Screenshot ဖမ်းပြီး တင်ပေးလိုက်ပါတယ်။

AQ မှာ ကြုံခဲ့သမျှ ပြန်စဉ်းစားလို့ရရင် ထပ်တင်ပေးပါ့မယ်။

အချိန်ပေးပြီး ဖတ်ရှုသည့်အတွက် ကျေးဇူးပါ။

ဖတ်လေရှုပ်လေ၊ ဝေလေလေ မဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်… အာဟ…
😛

ထိုက်အောင်ကျော်

 

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.