အရင်အပိုင်းမှာတုန်းက ကျွန်တော် Project Management/Project Planning အကြောင်း သိသလောက်လေး ပြန်မျှဝေမယ်လို့ ပြောခဲ့တယ်နော်။ ကဲ… သိသမျှမှတ်သမျှ ပြန်ဝေငှပါပြီဗျာ။ Costing တစ်ခုတွက်မယ်ဆိုရင် Approach နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ရှိပြီးသား ဒေတာ အဟောင်းတွေကနေခန့်မှန်းတဲ့ Estimate from Previous Data နဲ့ အမျိုးအစားအလိုက် ကဏ္ဍခွဲပြီး တွက်ချက်တဲ့ Categorizing ဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက်တစ်ခုကတော့ သင်္ဘောဆောက်ဖို့ Inquiry ၁၀ ယောက်လောက် လာမေးရင် ၁ယောက်လောက်နဲ့ပဲ တကယ် အလုပ်ဖြစ်တာများပါတယ်။ ပြီးတော့ Cutting Edge အကြောင်း နဲနဲပြောသွားပါတယ်။

Planning … မြန်မာလိုဆိုရင်တော့ ကြိုတင်စီမံချက်ချတာပေါ့။ ဒီနေရာမှာတော့ အဓိကအားဖြင့် ၅မျိုးခွဲပါတယ်။

၁။ Define Tasks (ဘာတွေလုပ်ရမှာလဲ)

၂။ Schedule Tasks (ဘယ်အချိန်မှာ ဘာတွေပြီးရမလဲ)

၃။ Allocate Resources (အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေသတ်မှတ်ပေးမှာလဲ)

ဒီမှာဆိုရင် Resources မှာ လူ့စွမ်းအားအရင်းအမြစ် (Human Resources), ကုန်ကြမ်း၊ ကုန်ပစ္စည်း အရင်းအမြစ် (Material Resources), သင်္ဘောကျင်းဝင်ဆံနိုင်မှုနှင့် လုပ်နိုင်စွမ်း (Dockyard Capacity and Resources) တွေကို ထည့်သွင်းစဉ်းစားရပါမယ်။

၄။ Calculate Costs (ကုန်ကျမည့် ငွေကြေးပမာဏကို တွက်ချက်ခြင်း)

၅။ Optimize the Schedule (လုပ်ငန်းစဉ်တစ်ခုလုံးကို ခြုံငုံပြီး အစီအစဉ် ကို သင့်တင့်မျှတအောင်ရေးဆွဲခြင်း)

တွေဟာ Planning လုပ်ဆောင်ချက်ထဲမှာ လုပ်ရမယ့်အဓိက ၅ချက်ပါ။

Project တစ်ခုစလုပ်မယ်ဆိုရင် သူ့လုပ်ငန်းစဉ်အလိုက် ဆိုင်ရာဆိုင်ရာ အလုပ်များကို ခွဲခြားပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။

ကျွန်တော်တို့ Ship Production မှာသင်ခဲ့တယ့် WBS (Work Breakdown Structure) ပေါ့။ ဒီမှာတော့

Top Level, 2. Work Packages, 3. Tasks ဆိုတာမျိုးပါ။

ခုနကပြောခဲ့တဲ့ Planning မှာတစ်ခုအပါအဝင်ဖြစ်တဲ့ Schedule Tasks မှာတော့ အချိန်ကို ဘယ်လိုခွဲဝေအသုံးချကြမယ်ဆိုတာကို အစီအစဉ်သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒါဟာProject တစ်ခုမှာ အသက်သမျှအရေးကြီးလှပါတယ်။ ဒါတွေကိုတော့ မြင်သာထင်သာရှိအောင် Schedule ရေးဆွဲခြင်း၊ GANTT Charts တွင်ဖော်ပြခြင်း၊ Milestone Charts များဆွဲခြင်း၊ Net Plans ->PERT (Program Evaluation and Review Technique) တွေနဲ့ သတ်မှတ်ဖော်ပြလေ့ရှိပါတယ်။

(Schedule ကတော့ နေ့စွဲတွေ၊ ရက်တွေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ ဘာပြီးအောင်လုပ်မယ်ကို မှတ်ထားတာမျိုးပါ)

  

(အပေါ်မှာပြထားတဲ့ ၄ပုံကတော့ GANTT Charts တွေပဲဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ ဘယ်အလုပ်နဲ့ဘယ်အလုပ်ကို တစ်ခါတည်းတွဲလုပ်လို့ရတယ်။ အချိန်ဘယ်လောက်ကြာရင်ပြီးမယ်။ ဒါပြီးတာနဲ့ ဟိုဟာတစ်ခါတည်းလုပ်မယ်။ ဒါမပြီးသေးလဲ ဟိုဟာကလုပ်ထားလို့ရတယ် ဆိုတာတွေကို Activities vs Time Taken နဲ့ ဆွဲထားတဲ့ Chart တွေပါ။)

(ဒါတွေကတော့ Milestone Charts ပါ)

ကျွန်တော်နားလည်သလောက်ပြန်ဝေငှတာပါ။ အမှားပါချင်လဲပါမယ်။ အမှားတွေ့ခဲ့ရင် ကျေးဇူးပြုပြီး Comment မှာရေးပြီး အမှားကို ထောက်ပြပေးခဲ့ပါ။

PERT ဆိုတာကတော့ Activities on Arrow Networks ပါ။

လုပ်ဆောင်ရမယ့် Activities တွေကို Arrows တွေမှာပြပြီး၊ ဖြစ်ပျက်မယ့် Events တွေကို Nodes တွေမှာရေးပါတယ်။

(ဒါတွေကတော့ PERT Charts တွေပါ။)

တစ်ခါတစ်ရံမှာတော့ Fish Bone Diagram, ငါးရိုးပုံစံနဲ့လည်း ပြလေ့ရှိပါတယ်။ ဒါကို Ishikawa Diagram လို့လည်းခေါ်ပါတယ်။ Planning မှာသုံးတာတော့ သိပ်မမြင်ဖူးဘူး။ Evaluation နဲ့ Cause-Effect  တွေရှာတဲ့နေရာမှာ ပိုသုံးတာတွေ့ရတယ်။

အသေးစိတ်သိချင်ရင်တော့ Google မှာ ရှာဖတ်လို့ရပါတယ်။

Project Planning/ Project Management မှာ နောက်ထပ်အသက်တမျှအရေးကြီးတာကတော့ Cost Calculation ပါပဲ။ ဟုတ်တာပေါ့၊ ရှုံးတာမြတ်တာ တွက်ထားရမှာပေါ့။ မတွက်ထားလို့ ခွက်ခွက်လန်အောင်ရှုံးရင် ဘာနဲ့ ထမင်းသွားစားကြမှာလဲ။

ဒီ Cost Calculations မှာ Influencing Factors တွေကတော့ အများကြီးပါပဲ။ ဒီ့အထဲမှာ Materials and Resources, Contracting, Subcontracting နဲ့ Inflation Factor တို့ကအရေးကြီးပါတယ်။ Materials and Resources မှာဆိုရင် Materials တွေအတွက်ကုန်ကျမယ့်ပိုက်ဆံတွေ၊ အလေအလွင့်တွေ၊ Resources မှာဆိုရင်လည်း အသုံးပြုရမယ့် လူအင်အားအတွက်ကုန်ကျစရိတ်၊ စက်ယန္တရားငှားရမ်းခတွေ ဒါတွေက Key Factors တွေလေ။ ဒါတွေ ထည့်မတွက်ထားမိလို့ ဘယ်ရမလဲ။ သောက်သောက်လဲရှုံးသွားမှာပေါ့။

Contracting နဲ့ Subcontracting ကတော့ ကျွန်တော်လဲသိပ်မသိတော့ မရေးတော့ဘူး။ Inflation Factor ကတော့ မေ့ကျန်ခဲ့လို့မဖြစ်ဘူး။ ဥပမာအနေနဲ့ ပြောရရင် မနှစ်က ကြက်ဥတစ်လုံးဘယ်လောက်လဲ၊ လက်ရှိဘယ်စျေးလဲ၊ နောက်နှစ်ဘယ်လောက်ဖြစ်မလဲ၊ နာဂစ်တုန်းက ကြက်ဥစျေးဘယ်လောက်အထိမြင့်တက်သွားလဲ။ ကြက်ငှက်တုတ်ကွေးဖြစ်တုန်းက ဘယ်လောက်အထိနိမ့်ဆင်းသွားလဲ။ ဒါတွေအကုန်သိရမယ်။ တွက်ထားရမယ်။ ကြက်ဥစျေးက ဒေါ်လာစျေးပေါ်တိုက်ရိုက်မှီခိုလား၊ ရွှေစျေးအတက်အကျနဲ့ရောဆိုင်လား၊ ဓါတ်ဆီစျေးတက်သွားရင်ကောလိုက်တက်မှာလား။ ဒါတွေကို အတိအကျမဟုတ်ရင်တောင်၊ မမြတ်ရင်တောင်၊ ပိုးဆိုးပက်စက်မရှုံးအောင် ကြိုတွက်ထားရမယ်လေ။

ကြက်ဥပြောလို့ကြက်ဥပဲမြင်မနေနဲ့ဦး၊ ဥပမာပေးတာ။ သင်္ဘောဆောက်တာဆိုရင် သံပြားတို့ ဒေါ်လာစျေးတို့ကို ဆိုလိုချင်တာ။

ဒီ Planning အများစုကို Microsoft Project ဆိုတဲ့ Software ထဲမှာ အကုန်လုံးနီးပါးလုပ်လို့ရတယ်တဲ့။ ကျွန်တော်လည်းတစ်ခါမှမစမ်းဖူးသေးဘူး။ စမ်းချင်တယ်ဗျာ။ တစ်နှစ်ရှိပြီ လုပ်ဖို့ကို… အချိန်မပေးနိုင်တာနဲ့ ကျွန်တော့ ကွန်ပြူတာက ၆၄ဘစ် ဝင်းဒိုးစ်ဖြစ်နေတာနဲ့ စမ်းခွင့်မသာသေးဘူး။

စမ်းသုံးဖူးတဲ့လူရှိရင် ဝေငှကြပါဦးဗျာ။

တကယ်တော့ ကျွန်တော်ဧရာဝတီဘုရင်မကြီးဆီမှာ ကြုံခဲ့ လုပ်ခဲ့ရတာလေးတွေ ရေးမလို့ဘဲ… ရေးရင်းနဲ့ အလုပ်စဝင်တဲ့နေ့က အတွေ့အကြုံလေးတွေပါဝေငှလိုတာကြောင့် ဒီ Project Planning/ Project Management ကို ခေါင်းစဉ်မခွဲဘဲ ရေးလိုက်မိတယ်ဗျာ။

တောင်းပန်ပါတယ်။ နောက်တစ်ပိုင်းကျရင် ဧရာဝတီဘုရင်မကြီးမှာကြုံတွေ့တာလေးတွေ သေချာပေါက်ရေးပေးမှာမို့ ဆက်လက်ဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

အားလုံးကို ကျေးဇူးအထူးတင်ရှိလျှက်…

ထိုက်အောင်ကျော်

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.