Part 1 ကို ဒီမှာနှိပ်ပြီးဖတ်ပါ။

Part 1 တုန်းက Project Management အကြောင်းခြုံပြီးပြောသွားတယ်။ Project Management ဆိုတာဘာလဲ၊ ဘယ်တုန်းကစပေါ်တာလဲနဲ့ Project Manager တစ်ယောက်နဲ့ Interview ထားတာကို ပြောသွားတယ်။ Project တစ်ခုလုပ်ရင် အချိန်နဲ့ငွေဟာအရေးကြီးဆုံးထဲမှာပါတယ်ဆို မမှားနိုင်ပါဘူး။ ဘယ်Project ဖြစ်ဖြစ်ပါ။ အဲ့နောက်မှာမှ Resources တွေ၊ Constraints တွေ၊ Activities တွေနဲ့ Procedure စတာတွေကို ထည့်ပြီးစဉ်းစားရမှာအမှန်ပဲ။ Project Management အကြောင်းလေ့လာရင် GANTT Chart, CPM, PERT စတဲ့ စကားလုံးတွေ မသိလို့မရပါဘူး။ အဲ့ဒါတွေကိုလည်း နောက်ပိုင်းမှာ အများကြီးတွေ့ရဦးမှာပါ။ Interview မှာကတော့ Project Manager တစ်ယောက် ဘာတွေလုပ်၊ ဘာတွေသုံး၊ ဘာတွေပြဿနာတွေ့တယ်ဆိုတာ သိရုံ ပြောပြထားတာတွေ့ရပါတယ်။ ကဲ… Part 2 ကို ဆက်ခြေတက်ကြရအောင်ဗျာ။

Part 2 မှာတော့ Project Management Methodology ကို ရှင်းပြထားပြီး Project တစ်ခုကို ဘယ်လို Phase ခွဲမလဲဆိုတာကို ပြောပြထားပါတယ်။ ပြီးတော့ အဲ့ Phase တစ်ခုချင်းစီကို အကြမ်းဖျင်း အဓိပ္ပာယ်ဖွင့်ပြထားတာ တွေ့ရမှာပါ။ ဆက်လေ့လာကြည့်ကြရအောင်။

×××××××××××××××××××××××××××××××××××××××××

02 – Project Management Methodology

Project Management နည်းပညာ (Methodology)

IT resource ပြန်လည်သုံးသပ်ချက်တွင် Project Management ၏အဆင့် (phase) များကို ဖော်ပြ ထားသည်။ ပထမဦးဆုံးအနေနှင့် မည်သည့် အဆင့်သည် ကုန်ကျစရိတ်အများဆုံးဖြစ်မည်ကို ကြိုတင် သုံးသပ်ကြည့်ပါ။ အဘယ့်ကြောင့်နည်း။ မည်သည့်အဆင့်သည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မည်နည်း။ အောက်ဖော်ပြပါပုံကို အသုံးပြုပါ။

Project တစ်ခုကို Manage ပြုလုပ်ရာတွင် ထင်ရှားသည့် အဆင့်အချို့ ရှိပါသည်။ အဆင့်ခွဲပုံခွဲနည်း အမျိုးမျိုးရှိပေလိမ့်မည်။ သို့သော် ခြုံငုံကြည့်ပါက အောက်ဖော်ပြပါအဆင့်များ အတိုင်း ခွဲခြားနိုင်ပါသည်။

Phase 1 – စုံစမ်းစစ်ဆေးခြင်း (Investigation)

Phase 2 – အစီအစဉ်ချမှတ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်း (Planning and Design)

Phase 3 – ထုတ်လုပ်မှု (Production)

Phase 4 – စောင့်ကြည့်စစ်ဆေးမှုနှင့် ဆန်းစစ်အကဲဖြတ်ခြင်း (Monitoring and Evaluation)

×××××××××××××××××××××××××××××××××××××××××

အဆင့်(၁) စုံစမ်းစစ်ဆေးခြင်း (Investigation)

Project တစ်ခုကို သတ်မှတ်ပြီးသည်နှင့် ဆက်လုပ်ရန် သင့်မသင့် အကျိုးရှိ၊မရှိကို သိရှိနိုင်ရန် အတွက် သုသေတနပြုလုပ်ရန် လိုပါသည်။

ဤအဆင့်တွင်

  • ပဏာမ လုပ်ငန်းအပ်နှံခြင်း (Initial Comissioning)

  • ပဏာမ ရည်မှန်းချက်နှင့် ပန်းတိုင်ကို သိရှိအောင် ခွဲခြားသတ်မှတ်ခြင်း (Goals and Aims)

  • Project ပြီးမြောက်စေရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်စစ်ဆေးခြင်း

တို့ပါဝင်ပြီး အမြင့်ဆုံးစီမံခန့်ခွဲနိုင်သူများ (Top Level Management) သို့မဟုတ် မဟာဗျူဟာချမှတ်သူများ (Strategic Planners) တို့မှ ဆောင်ရွက်ရပါလိမ့်မည်။

ဤအဆင့်မှ Project အဖွဲ့ဝင်များနှင့် Project Manager တို့ကို Project နှင့် စပ်လျဉ်းသည်များကို အသေးစိတ် အကျဉ်းချုံး၍ အချက်အလက်များ (Project Brief) ပေးပါလိမ့်မည်။

×××××××××××××××××××××××××××××××××××××××××

အဆင့်(၂) အစီအစဉ်ချမှတ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်း (Planning and Design)

it04v018lg

ဤအဆင့်သည် နောက်ဆက်လာမည့် အဆင့်များအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် အရေးပါလှပါသည်။ ဤအဆင့်၏အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလနှင့် သတ်မှတ်ငွေကြေးအတွင်း ပြီးစီးနိုင်စေရန်ဖြစ်သည်။

 

ဤအဆင့်တွင်

  • Project ကို တိကျစွာအဓိပ္ပာယ်သတ်မှတ်ရန်၊ မည်သည့်ရည်မှန်းချက်များ ပြည့်မှီစေရေးကို အတိအကျ သတ်မှတ်ရန်။

  • Project ကို လုပ်ဆောင်ရမည့်အပိုင်းများ ၊ လုပ်ဆောင်ရမည့် တာဝန်များအဖြစ် ခွဲဝေ သတ်မှတ်ပေးရန်။ (Break Project Into Tasks or Activities & Define Purpose of Each)

  • အလုပ်တစ်ခုချင်းစီအတွက် အနည်းဆုံးကြာချိန်နှင့် အများဆုံးကြာချိန်ကို ခန့်မှန်းရန်။

  • Project ကို သတ်မှတ်ကာလအပိုင်းအခြားအတွင်း မည်သည့်လုပ်ငန်းများ ပြီးစီးရမည်ကို အချိန် အပိုင်းအခြားနှင့်တွဲ၍ သတ်မှတ်ပေးရန်။ (Milestones & Key Time Markers To Keep Project on Schedule)

  • လုပ်ငန်းဆောင်ရွက်ရမည့် အစဉ်နှင့် ၄င်းအစဉ်ပေါ်တွင် သက်ရောက်မှုရှိနိုင်သည့် ကန့်သတ် ချက်များကို ရှာဖွေဖော်ထုတ်ထားရန်။ ဥပမာ – ပထမလုပ်ငန်းဆောင်တာများ ပြီးမြောက်မှသာ စတင်လာနိုင်မည့်ကိစ္စများ၊ (သို့မဟုတ်) သတ်မှတ်အရင်းအမြစ် ရှိမှသာ စတင်နိုင်မည့် လုပ်ငန်းဆောင်တာများ။

ဤအချက်တွင်

  • မည်သည့်လုပ်ငန်းများသည် အခြားလုပ်ငန်းများ မစတင်မီ ကြိုတင်ပြီးစီးနေရန် လိုအပ်သည်ကို ဆုံးဖြတ်ချက်ချခြင်း။

  • ပြိုင်တူဆောင်ရွက်နိုင်သော လုပ်ငန်းများနှင့် အခြားလုပ်ငန်းအပေါ် မှီခိုဆောင်ရွက်ရန် လိုသော လုပ်ငန်းများကို ခွဲခြားသတ်မှတ်ခြင်း။

  • အရင်းအမြစ်၊ လူအင်အား၊ ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းများကို ခွဲဝေသတ်မှတ်ပေးခြင်း။

  • အရင်းအမြစ်များ၏ ကုန်ကျစားရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း။

  • ပက္ခဒိန်ပေါ်တွင် ရက်စွဲနှင့် ဖြစ်စဉ်များအတွက် ကြိုတင်ချမှတ်ခြင်း။

    တို့ပါဝင်ပေလိမ့်မည်။

ဤအဆင့်၏အဆုံးသတ်၌ရရှိမည့် ရလဒ်တွင်

  • စီမံအုပ်ချုပ်ရေးအဖွဲ့ ပြန်လည်သုံးသပ်ရန် Project Plan

  • GANTT Chart
  • PERT Diagram, including a Critical Path, or a Network Diagram

တို့ပါဝင်မည် ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××

အဆင့်(၃) ထုတ်လုပ်မှု (Production)

ဤအဆင့်သို့ ရောက်ရှိလာပြီဆိုပါလျှင် စီမံချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကာ လုပ်ငန်းစတင် လည်ပတ်နေပြီဖြစ်သည်။ လုပ်ငန်းပြီးဆုံးအောင်ဆောင်ရွက်ကာ ဝယ်ယူသူ (Clients) ၏ လက်ထဲသို့ အဆင်သင့်လွှဲပြောင်းပေးနိုင်ရန် ဤအဆင့်တွင် ဆောင်ရွက်ရသည်။ တစ်နည်းဆိုရသော် ဤအဆင့်ပြီးဆုံးချိန်တွင် လုပ်ငန်းသည်လည်း ပြီးစီးအောင်မြင်ရမည်ဖြစ်သည်။ (Provide Completed Project, Ready To Be Handed Over To Client)

ဤအဆင့်တွင်

  • အရင်းအမြစ်များ ချထားပေးခြင်း။

  • လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ခြင်း။

  • စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ Project ၏ ဆောင်ရွက်မှုအဆင့်ဆင့်ကို GANTT Chart ပေါ်တွင် မှတ်တမ်းတင်ခြင်း။

  • ကြိုတင်ရေးဆွဲထားသည် အစီအစဉ်နှင့် လက်ရှိလုပ်ငန်းပြီးစီးမှု အတိုင်းအတာကို သတ်မှတ်ချိန်နှင့် ပြန်လည်တိုက်၍စစ်ဆေးခြင်း။

  • ပြီးစီးမှုအချိန်ဇယားကို လက်ရှိအခြေအနေနှင့် ကိုက်ညီမှု ရှိစေရန် ပြန်လည်သုံးသပ် ရေးဆွဲခြင်း။

  • အရင်းအမြစ်များကို အလေအလွင့်မရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊ သတ်မှတ်ကုန်ကျစရိတ် ထက် ပိုမိုကုန်ကျမှုမရှိစေရန် ထိန်းသိမ်းခြင်း။

  • သတ်မှတ်ရည်မှန်းချက်နှင့် အချိန်ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခြင်း။

×××××××××××××××××××××××××××××××××××××××××

အဆင့် (၄) စောင့်ကြည့်စစ်ဆေးမှုနှင့် ဆန်းစစ်အကဲဖြတ်ခြင်း (Monitoring and Evaluation)

As part of the evaluation and monitoring phase of Project Management the project team is decommissioned or reassigned new tasks.

ဤအဆင့်၏အစပိုင်းသည် Project ကို လွှဲပြောင်းလက်ခံခြင်းပင် ဖြစ်သည်။ Project တစ်ခုသည် ပုံသေအားဖြင့် ပစ္စည်းတစ်ခုသာ နောက်ဆုံးရလဒ်အဖြစ် ထွက်လာမည်ဟု တသမတ်တည်း သတ်မှတ် နိုင်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤအဆင့်သို့ ရောက်လျှင် Project ၏ ရည်မှန်းချက် ပြည့်မှီပြီး ဖြစ်ရမည်။

Project ကို မိမိတို့ဖောက်သည်ဆီသို့ လွှဲပြောင်းပြီးသည့်အခါတွင် Project အဖွဲ့တစ်ခုလုံးကို ပယ်ဖျက်သည်ဖြစ်စေ၊ လုပ်ငန်းအသစ် ပြောင်းရွေ့သတ်မှတ်ပေးသည်ဖြစ်စေ၊ အခြား Project အဖွဲ့များနှင့် တွဲဖက်ပေးသည်ဖြစ်စေ၊ ဆောင်ရွက်လေ့ရှိသည်။ အချို့အဖွဲ့ဝင်များမှာမူ စောင့်ကြည့်ခြင်းနှင့် လုပ်ငန်း အဆုံးသတ်ခြင်း၊ သို့မဟုတ် ပြီးစီးရေး လုပ်ငန်းများစောင့်ကြပ်ကြည့်ရှုရာတွင် အထောက်အကူပြုရန် ဆက်လက်တာဝန်ယူရသည်။

ဤနေရာသို့ရောက်ရှိလာသည့်အခါ Project ၏အောင်မြင်မှုကို စီမံခန့်ခွဲမှုအပိုင်းမှ အကဲဖြတ် မည်ဖြစ်သည်။ (Success of Project is Assessed). ဤသို့အကဲဖြတ်ဆောင်ရွက်ခြင်းကို လိုအပ်ချက်အရ ထိရောက်မှုရှိခြင်း (Elements of Efficiency) နှင့် ထိရောက်မှုအပိုင်း (Effectiveness) ပေါ်မူတည်၍

  • အရည်အသွေး (Quality)

ရည်မှန်းချက် ဖြည့်ဆည်းနိုင်မှု အခြေအနေနှင့် နောက်ဆုံးထွက်ကုန်၏ အရည်အသွေးကို အကဲဖြတ်ခြင်း။

  • ကုန်ကျစရိတ် (Cost)

ခန့်မှန်းထားသည့် အရင်းအမြစ်ကိုသာ အသုံးပြု၍ ခန့်မှန်း ကုန်ကျစရိတ် အတွင်း Project ကိုအောင်မြင်ခဲ့မှု ရှိ၊မရှိ စစ်ဆေးခြင်း။

  • အချိန် (Time)

သတ်မှတ်ကာလ သတ်မှတ်ရက်အတွင် Project ပြီးဆုံးမှု ရှိ၊မရှိ နှင့် အဖြစ်နိုင်ဆုံး Project အတွက် အနည်းဆုံးကြာချိန် အတွင်း ပြီးစီးမှုရှိ၊ မရှိဆန်းစစ်ခြင်း။

  • အချိန်နှင့် တပြေးညီဆောင်ရွက်နိုင်ခြင်း (Timeliness)

စီစဉ်ခဲ့သည့် လုပ်ငန်းစဉ်များကို အချိန်နှင့် တပြေးညီဆောင်ရွက်နိုင်ခဲ့မှု အတိုင်းအတာ မည်မျှ ရှိခဲ့သည်ကို စစ်ဆေးခြင်း။

  • တိကျမှန်ကန်မှု (Accuracy)

ထုတ်လုပ်ခဲ့သည့် ထွက်ကုန်တွင် အမှားပါဝင်ခဲ့ခြင်း ရှိ၊မရှိ။

  • ထိုက်သင့်လျော်ညီမှု (Relavance)

ဝယ်သူ၏ လိုအပ်ချက်များသာ ထွက်ကုန်/project တွင် ပါဝင်မှုရှိသည့် အတိုင်းအတာ။

  • ပြီးပြည့်စုံမှု (Completeness)

ဝယ်ယူသူအလုပ်ပြီးမြောက်နိုင်မည့်၊ ဆုံးဖြတ်ချက်ချနိုင်မည့်၊ အသုံးဝင်မည့်၊ လိုအပ်သည့် အရာအားလုံး ပါဝင်ခြင်း ရှိ၊မရှိ။

×××××××××××××××××××××××××××××××××××××××××

 

htikeagkyaw

View Comments

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.