ကိုယ်စလုပ်ခဲ့တဲ့အလုပ်ကို ပြီးအောင်လုပ်နိုင်မည့် ၅နည်း (နှင့်ဘာကြောင့် ပြီးပြတ်အောင်မလုပ်ဖြစ်ကြတာလဲ)

အောက်ဖော်ပြမည့် နည်းလမ်း၅ခုကတော့ မိမိရည်မှန်းချက်ကိုရောက်ရှိအောင် သွားနိုင်ဖို့ သတိပြုရမယ့် အချက်၅ချက်ပဲဖြစ်ပါတယ်။

သင့်ဘဝမှာ အလုပ်တစ်ခုကိုအသစ်စလုပ်ပြီး ပြီးပြတ်အောင်မလုပ်ဘဲ ပစ်ထားဖူးမှာပါ။ ဒါဟာပြသနာသိပ်မရှိပါဘူး။ ဒါပေမဲ့ မကြာခဏလုပ်လေ့ရှိပြီး အကျင့်တစ်ခုလိုဖြစ်လာကာ သင့်ကို ပြန်ဒုက္ခပေးနေပြီ ဆိုရင်တော့  ပြန်သုံးသပ်သင့်နေပါပြီ။

ဥပမာအနေနဲ့ သင်ဟာတူရိယာပစ္စည်း တစ်မျိုးမျိုးကို စတင်တယ်၊ မတတ်ခင်ရပ်သွားတယ်။ သင်တန်းတစ်ခုသွားတက်တယ်၊ မပြီးခင် ဆက်မသွားပဲ ဖြတ်လိုက်တယ်၊ ဝတ္ထုတစ်ပုဒ်စရေးတယ်၊ ဒါပေမယ့် ဆက်မရေးပဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ပစ်ထားလိုက်ပြန်တယ်၊ ဒါမှမဟုတ် အခန်းကိုရှင်းမယ်ဆိုပြီး မရှင်းဖြစ်တာ၊ Blog ပုံမှန် ရေးတင်မယ်ဆိုလို့ စလိုက်ပြီးမှ ပုံမှန်မရေးဖြစ်တာ၊ စားသောက်ပုံစံပြောင်းမယ်၊ အားကစားလုပ်မယ်ဆိုပြီး စပြီးမှဆက်မလုပ်တော့တာမျိုးတွေပေါ့။

ဒါတွေကိုကျော်လွှားနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် သွားနိုင်မယ်၊ ကိုယ်ထင်တဲ့အရာတွေ လက်တွေ့ကျ အလုပ်ဖြစ်မယ့်နည်းမျိုး မရှိဘူးလားဗျ…

ဒီအချက်တွေနဲ့ စဉ်းစားကြည့်ပါ။

 

ဘာအတွက်ကြောင့် လုပ်လက်စအလုပ်တွေကို ကျွန်တော်တို့  ဆက်မလုပ်ဖြစ်တာလဲ။

အလုပ်တစ်ခုစလုပ်တာဟာ လူတစ်ယောက်ကို စပြီးချစ်ကျွမ်းဝင်တာနဲ့ ဆင်တူပါတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်၊ ခံစားချက်ကို လှုံ့ဆော်စေတယ်၊ သဘာဝအရကိုက နိုးနိုးကြွကြွဖြစ်နေတယ်။ ဒါအပြင် ဒီအလုပ်တစ်ခုကို စိတ်ပါစွဲတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါတွေဖြစ်နေတော့ အရာအားလုံးဟာ အဆင်ပြေတယ်လို့ပဲထင်နေကြတယ်။ ဖြစ်လာနိုင်မယ့် အတားအဆီး၊ အခက်အခဲတွေကို မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ အချိန်တွေရွေ့လာတဲ့အခါ စလုပ်ခဲ့တဲ့အလုပ်၊ စာအုပ်၊ သင်တန်း၊ (သို့တည်းမဟုတ် ချစ်သံယောဇဉ်ဇာတ်လမ်း) တွေဟာ၊  ကိုယ်ထင်ထားတာထက် ပိုခက်တယ်ဆိုတာတွေ့လာရော။  ကိုယ်ပြီးမယ်လို့ထင်ထားတဲ့အချိန်တွေထက် ပိုကြာလာတာတွေ့လာရော။  ဒါမှမဟုတ်လည်း ငြီးငွေ့စရာ တကုပ်ကုပ်လုပ်ရတယ့် အလုပ်တွေပါလာတာမျိုးပေါ့။ ဒီအဆင့်ကို ကျော်ပြီး နောက်အဆင့် ရောက်ဖို့ ကိုယ့်ဟာကိုယ်မသေချာတော့ဘူး။ ဒီအဆင့်မှာတင်တစ်ပြီး လုပ်နေတယ့် အရှိန်သေကာ ရပ်သွားပါလေရော…

ဒီလိုရပ်ရပ်သွားတာ ကိုယ့်ကိုယ်ကို မသိလို့တော့မဟုတ်ဘူး။  ဒါပေမယ့် ပြန်လုပ်မယ်၊ ပြန်လုပ်မယ်ဆိုပြီး၊ ပြန်လုပ်နေလည်းမထူးတော့ဘူးဆိုတာသိသွားတဲ့အချိန်အထိ အချိန်ဆွဲရင်း တကယ်မလုပ်ဖြစ်ပဲ ပြန်လုပ်မယ်ဆိုပြီးသာ  စိတ်ထဲတွေးနေတတ်ကြတယ်။ ဒီလိုအချိန်ဆွဲတာက  အကောင်းဆုံးအခြေအနေဖြစ်ချင်တာကြောင့်ရယ် အခုလုပ်ရင် သိပ်မကောင်းမှာစိုးတဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို၊ ဘယ်လိုပဲ လုပ်မယ်တွေးတွေး သေချာတဲ့ ရှောင်လွှဲမရတယ့် အဖြစ်မှန်တစ်ခုကတော့ သင့်အလုပ်အခုချိန်မှာရပ်နေပြီ။ အတားအဆီးတစ်ခု၊ အပိတ်အဆို့တစ်ခု၊ နံရံတစ်ခု၊ ကြောက်ရွံ့မှုတစ်ခုဟာ သင်လျှောက်ရမယ့် လမ်းကြောင်းကို ပိတ်ထားနေပြီ။

ပျင်းရိမှုဟာလည်း ပြသနာပေးတဲ့အထဲက အစိတ်အပိုင်းအသေးလေးအနေနဲ့ ပါပါလိမ့်မယ်။ ဒါပေမဲ့ လူအနည်းစုကသာ ကိုယ်ကြိုက်တဲ့အလုပ်၊  လွယ်ကူတဲ့အလုပ်၊ ပိုက်ဆံရမယ့်အလုပ်၊ အကျိုးအမြတ်ရမယ့်အလုပ်ကို  လုပ်ရမှာ ပျင်းတာပါ။

 

ကဲ… တစ် မနေဖို့၊ ရပ်မနေဖို့ ဘယ်လိုလုပ်ကြမလဲ…

ကိုယ့်ကိုယ်ကို၊ (သို့မဟုတ် အခြားတစ်စုံတစ်ဦးကို) ဒီအလုပ်ကို ဒီတစ်ခါ အဆုံးထိ ပြီးအောင်လုပ်မယ်လို့  ကတိမပေးခင် အောက်ကလုပ်ဆောင်ချက်အချို့ကို အရင်လုပ်ကြည့်ပါ။

၁။ မိမိဖြစ်လေ့ဖြစ်ထရှိတယ့် စလုပ်တာရယ်၊ ရပ်သွားတာရယ်  ကိုယ်လုပ်နေကျပုံစံကို ကိုယ့်ဟာကိုယ်သိအောင်လုပ်ပါ။

ဒီလိုလုပ်ဖို့ကတော့  အရင်ကလုပ်ခဲ့ဖူးတယ့် အလုပ်မှန်သမျှကို ပြန်လည်သတိရအောင်လုပ်ပါ။ တက်ခဲ့ဖူးတဲ့ သင်တန်းတွေ၊ ချခဲ့ဖူးတဲ့ သန္နိဋ္ဌာန်တွေ၊ သင်မယ်စခဲ့တယ့်  ဘာသာစကားတွေ၊ စာအုပ်တွေ၊ စလုပ်မယ် ဆိုတဲ့ အကြံအစည်တွေ  (အရမ်းရင်းနှီးတဲ့ ကိုယ့်အကြောင်း ဓါတ်သိသူငယ်ချင်း တစ်ယောက်လောက်က ကူပေးနိုင်ပါလိမ့်မယ်။)  အားလုံးအားလုံးကို ပြန်စဉ်းစားပါ။ ဘာအတွက်ကြောင့် စခဲ့တယ်၊  ဘယ်အချိန်မှာရပ်သွားပြီး ဘာကြောင့် ရပ်သွားတာကို ရေးမှတ်ပါ။ ဒီ့အထဲက  ဘုံဖြစ်တဲ့အချက်တွေ ရှာထုတ်ကြည့်ပါ။

၂။ အခုစလုပ်မယ့် အလုပ်အကြောင်းကို စမလုပ်ခင် ထဲထဲဝင်ဝင်  ရှာထုတ်ကြည့်ပါ။

သင့်လိုရည်မှန်းချက်တူတဲ့ အခြားလူတွေတုန်းက  ဘယ်လိုကြုံခဲ့ရလည်း လေ့လာပါ။ သင်ဟာကမ္ဘာ့ပထမဆုံး  တရုတ်ဘာသာစကားကို နှုတ်တိုက်စလေ့လာရမယ့်လူ မဟုတ်သလို၊ ပြန်လည်ပြင်ဆင် စိစစ်စရာမလိုတဲ့ ဝတ္ထုကို ပထမဆုံးရေးမယ့်လူ လည်းမဟုတ်ပါဘူး။ ဒီလိုပဲ ပထမဆုံးသော ဗိုက်နည်းနည်းအဆာခံပြီး  ဝိတ်ကျအောင် လုပ်ရမယ့်လူလည်းမဟုတ်ဘူး။ ဒီလိုပဲ  ကြုံခဲ့ဖူးတယ့်လူတွေအများကြီးပါ။

၃။ ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပြီး တကယ်ဖြစ်နိုင်အောင်ပဲလုပ်ပါ။

သင်ဟာတကယ်ဖြစ်နိုင်တာပဲ လုပ်တဲ့အလေ့အကျင့်ရှိတယ့်လူမဟုတ်ရင်  ဒီဉာဉ်လေးက မွေးယူထားသင့်ပါတယ်။ မဖြစ်နိုင်တဲ့  ရည်မှန်းချက်ကြီးတွေထားပြီး တကယ်မလုပ်နိုင်ပဲ ငါလုပ်နိုင်ကို  လုပ်နိုင်ရမယ်ဆိုပြီး လုပ်ရင်တော့ သေချာပါတယ်၊ အရှုံးနဲ့ပဲရင်ဆိုင်ရလိမ့်မယ်။

၄။ ဘယ်အချိန်မှာဘာပြီးရမယ်ဆိုတဲ့ Timeline သို့မဟုတ်  ရည်မှန်းချက်ရောက်အောင် လုပ်ရမယ့် အဆင့်တစ်ဆင့်ချင်းစီကို ချရေးထားပါ။

 ဒါဟာသင့်ကို အထောက်အကူပြု ပါလိမ့်မယ်။ တစ်နေ့ကို  စကားလုံးဘယ်နှလုံးကျက်မယ်၊ တစ်ပတ်ကို အချိန်ဘယ်လောက် ပေးမယ်  စသဖြင့်ပေါ့… ဒီမှာအချိန်မှာ အောင်မြင်မှုတွေလိုက်ရေတာမျိုးထက် သေချာ အားစိုက်ပြီး တကယ်တမ်း ဘယ်လောက်လုပ်နိုင်လည်း ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။

၅။ သင့်စိတ်ပါဝင်စားမှုက သင့်စိတ်အရင်းခံဖြစ်ပါစေ။

 ဒီအလုပ်ကို  ကိုယ့်အတွက်ကိုယ် အကျိုးရှိတယ်ထင်လို့လုပ်မှာလား။  ကိုယ်လုပ်ချင်တာသေချာလို့လား။ ဒါမှမဟုတ် ဒီစာအုပ်ကို ရေးလိုက်တဲ့အတွက် ပိုက်ဆံအများကြီးရမှာ၊ ကောင်မလေးတွေ (ဒါမှမဟုတ်အခြား) ရဖို့အတွက်လား။ ဒီဟာလုပ်ခြင်းဟာ  သင့်ကိုကြည်နူးပျော်ရွှင်မှု ပေးနိုင်မယ်ဆိုရင် ထင်တာထက်  ပိုကြာပေမယ့်လည်း သင့်ကိုစိုးရိမ်စိတ် ပေးမှာမဟုတ်ပါဘူး။

ဒါပေါ့ ကိုယ့်ဟာကိုယ် အရှုံးလို့ မခံယူခင်လည်းက ဆက်မလုပ်ဖို့ စဉ်းစားတာ
သင့်အတွက်ပိုကောင်းပါလိမ့်မယ်။

 

Ref: 5 Ways to Finish What You Start (and Why You Often Don’t)

htikeagkyaw

View Comments

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.