ဪ… ပို့စ်ရေးမယ်… ပို့စ်ရေးမယ်နဲ့ ဘာမဟုတ်တဲ့အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နေရင်း ပြက္ခဒိန်စာမျက်နှာတောင် တစ်ရွက်လန်သွားပြန်ပြီ။ ကြားထဲမှာ ခရီးခဏသွားလိုက်တာလည်းပါတယ်။ ဒီစာမျက်နှာပေါ်မပြောနဲ့၊ အင်တာနက်ပေါ်တောင် အချိန်ပေးပြီး မတက်ဖြစ်ဘူး။ ဒီနေ့မှ ဖွဘုတ်… ဖေ့စ်ဘုတ်ခ်လေးတက်ကြည့်တော့ အားပါးပါး… NA အကြောင်းတွေတုတ်ထားတာ အများကြီးပဲ… အပြန်အလှန်… တုတ်ထားချက်ပဲကြတယ်။ ဒါနဲ့ပဲ ကိုယ်ပါကလော်တုတ်၊ အဆဲခံ၊ လူစောက်မြင်ကပ်ခံရအောင်ဆိုပြီး ဘာမဟုတ်၊ ညာမဟုတ် ဒီပို့စ်လေးကို လက်ကညော့ပြီးရေးလိုက်တာပါ။ သူတို့ ပြောထားတဲ့ မူရင်းပို့စ်ကတော့ ဒီလင့်ခ်ကို နှိပ်ပြီးဖတ်နိုင်ပါတယ်။ ကျွန်တော်က Neutral နေမှာနော်… ကြိုပြောထားတာ။ နှစ်ဖက်လုံးကိုပတ်စော်မှာ။ အဆဲခံချင်လို့ကို ရေးတာ။
ကဲကျွန်တော့်အမြင်ကိုပြောပြီ။ စစချင်းသူပြောထားတဲ့ Activity အားရစရာရေရေရာရာ မရှိဘူးတဲ့။ အင်းပေါ့ … ထားလိုက်ပါလေ… Assignment တွေ၊ Coursework တွေ၊ Presentation တွေ၊ Lab Report တွေ၊ Project တွေကို ထုံးစံအတိုင်း Ctrl+C, Ctrl+V ခဲ့တယ်နဲ့တူတယ်။ ဒါလဲဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ခုနှစ်ခုဆိုရင်တော့ မသိသာပါဘူး။ သူကတော့ နဲနဲများသလားမသိဘူး။ အဲ့လိုဖြစ်နေတယ်ထင်တယ်။ Drawing တစ်ခုကို မှန်မှာထပ်ပြီးဆွဲဖူး(ကူးဖူး)လား။ သေချာလား။ ကျွန်တော်ကတော့ မကူးဖူးဘူး။ ဘာလို့လည်းဆိုတော့ မတ်တတ်ရပ်ဆွဲရတာ ညောင်းလို့။ ဘယ်သူမှတော့ ဒီReport တိုင်းကို အသေးစိတ်လိုက်မစစ်နေနိုင်ဘူး။ ကျောင်းသားနဲ့ ဆရာ Ratio က စကားပြောသေးတာကိုး။ သူဆိုလိုတဲ့ Activity က ဒီဟာလား၊ ဒါမှမဟုတ် Fresher Welcome, Unity Fair, မိုးရာသီအားကစားပွဲ၊ တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ၊ သမဂ္ဂ၊ လူမှုကူညီမှု၊ ဘာသာရေး၊ သစ်ပင်စိုက် ဒါမျိုးကိုအားမရတာလား(နှက်ပြီနော်၊ မနာကြနဲ့)။
ဒါသင်ဒါကျက်နဲ့ပြီးသွားတယ်ဆိုရအောင်… အေးပေါ့လေ… သူကစတားတစ်လုံးမှမထိဖူးတဲ့လူမို့ပြောအားရှိပုံထောက်တယ်။ ကိုယ်တွေကတော့ ဒါသင်ဒါကျက်တောင် ယက်ကန်ယက်ကန်နဲ့။ ဒါသင်ဒါကျက်အပြင်လုပ်ချင်ရင် Library ရှိတယ်လေ။ ၅နှစ်မှာ ဘယ်နှစ်ခါရောက်ဖူးလဲ။ ကျွန်တော့်အတွက်ကတော့ Library က ပူရင်သွားတယ်၊ ရေဘူးရေကုန်ရင်သွားတယ်၊ စာမေးပွဲနီး မေးခွန်းဟောင်းကူးချင်ရင်သွားတယ်၊ ပရောဂျက်အတွက် ကူးချချင်ရင်သွားတယ်။ ဒါလောက်ပဲ။ ဘာလို့လဲဆိုတော့ ဘီဒိုထဲက ကဒ်တွေမှာရေးထားတဲ့ Reference No. နဲ့၊ ကွန်ပြူတာထဲ ရှာရခက်တဲ့ Reference No. နဲ့၊ စာအုပ်စင်မှာရှိတဲ့နံပါတ်နဲ့ မကိုက်လို့ တစ်ခါတစ်ခါရှာရင် ငှားထားတယ် မရှိဘူး၊ မှားနေတယ်၊ ခဏစောင့်နဲ့ သူတို့ မျက်နှာတွေကို စေ့စေ့မကြည့်ရဲလို့ပါခင်ဗျ။ စာအုပ်တွေကတော့ရှိပါတယ်။ မျက်နှာလေးသာပြုံးပြပြီး ရှာခိုင်းကြည့်ပါ။
ပစ္စည်းအထောက်အပံ့ကောင်းကောင်းက Private School တွေ၊ Private College တွေမှာရမှာပေါ့။ လာရှာတဲ့နေရာလွဲနေပြီထင်တယ်။ ဘယ် Batch ကလည်းမသိပေမယ့် Towing Tank က 7th Batch ကစပြီး စမ်းခွင့်ရခဲ့ပါတယ်။ 8th Batch နောက်ပိုင်း မှာ Lab Module တစ်ခုအနေနဲ့ပါ ထည့်သင်တယ်လို့ထင်တာ မသင်ရဘူးလား။ မသင်ရရင်လည်း Final Project စာတင်ပြီးရင်ပေးစမ်းထားတာတွေ့ရတာပဲ။ စမ်းထားတဲ့အဖွဲ့တွေတွေ့ရပါတယ်။ ဒါတော့ကျွန်တော်လည်း သေချာမသိဘူး။ ဆရာတွေနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေပဲလုပ်ကြတယ်ဆိုတာတော့ မဟုတ်ဘူးလေ။ လုပ်တယ်ပဲထားဦး၊ မင်းသွားကြည့်လို့ရတယ်။ ဘယ်သူမှမင်းကို ဂုတ်ကနေဆွဲစိပြီး ဖင်ကိုစောင့်ကန်မထုတ်ဘူး။
ကိုရန်နောင်အေး ပြောထားသလိုလည်း
“ Okay… Lets compare financially… First of all, how much did you need to pay to Myanmar Maritime University each year? Lets say 200,000 Kyats per years which is around $200. How much will you need to pay if you attend the so-called high standard Universities in Singapore or UK or somewhere else? Cheapest will be around $8000 per year. It is almost 40 times higher as a price. However, I am quite sure MMU can give you 70% of these so-called universities. For towing tank, do you think that students from so-called universities can use university’s towing tank for free? Even there are some discounts for students, they still need to give around 100$ per days. So what do you think?”
အဲ့Towing Tank ကိုပဲရမယ်ရှာပြီး အကြီးကြီးတွေလျှောက်ပြောမနေနဲ့။ နိုင်ငံတော်ဘဏ္ဍာနှမြောမိတယ်ဘာညာ။ အဲ့Towing Tank က တစ်ခြားဟာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမပါ၊ စျေးသက်သာတဲ့ဟာလို့တောင် ပြောလို့ရတယ်။ Speed Limit ကလဲ 4 m/sec လားပဲရတာ။ ပြောလိုက်တာ မိုးလားလေလား။ အချီကြီးတွေနဲ့… လေတိုက်တာ ၁ဝထပ်တိုက်လောက်ကို အသာလေးမြောက်တက်သွားလောက်ပေတယ်။
သင်္ဘောကျင်းကတော့ စကားထဲကို ထည့်မပြောတာ၊ ဒီကိစ္စဒီလိုရှိတယ်ဆိုတာ ဒီအသိုင်းအဝိုင်းကြားကလူမှန်သမျှသိတယ်။ အားလုံးမတတ်သာလို့သာငြိမ်နေကြတာ။ မင်းကိုသင်ပေးဖို့ ၁ဝသိန်း၊ သိန်း၂၀ ပေးထားလို့လား။ အခု အပြင်သင်တန်းတွေမှာ Workshop Skill တွေတက်နေကြတယ်လေ၊ ၈သိန်းလားမသိဘူး။ တက်ချင်သွားတက်ပေါ့။ သင်ပေးလိမ့်မယ်။
အလုပ်ကိစ္စကတော့ ငါလည်း မပြောချင်ဘူး။ ငိုချင်လာလို့…. အဲ့လိုမထင်လိုက်နဲ့လို့။ ဖွံ့ဖြိုးမှုမရှိရင် ရှိအောင်လုပ်၊ လမ်းမရှိရင် ဖြစ်အောင်ဖောက်၊ ဒီလိုပဲလူတွေတစ်နေ့တစ်နေ့ ရုန်းကန်လှုပ်ရှားနေကြတာပဲ။ ကုမ္ပဏီဟုတ်ဟုတ်မဟုတ်ဟုတ်၊ ကန်ထရိုက်ဖြစ်ဖြစ်မဖြစ်ဖြစ် သူဟာသူဘာကြီးပဲဖြစ်နေဖြစ်နေ မင်းမှာ ဘာအတွေ့အကြုံမှမရှိသေးဘူးလို့ပဲသဘောထားလေ။ သူတို့ကနှစ်နဲ့ချီပြီး သမရိုးကျဆောက်ချင်တိုင်း ဆောက်နေတဲ့လူတွေဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့လုပ်နိုင်သလို ကိုယ်လုပ်နိုင်တာသေချာလား။ သူအမှားတွေ့ရင်ထောက်ပြနိုင်ပြီလား၊ ပြင်တာမပြင်တာသူ့အပိုင်း အမှားတွေကိုပြောနိုင်၊ ထောက်ပြနိုင်ဖို့က ကိုယ်သင်ထားတဲ့ပညာ။ မပြင်လို့ပျက်သွားရင် ကျွန်တော်ပြောသားပဲ လို့ပြောနိုင်ပြီလား။ ဒါမှမင်းဟာ သူတို့အမှားထောက်ပြနိုင်တဲ့သူ၊ သူတို့ မင်းမရှိလို့မဖြစ်ဘူးသိလာလိမ့်မယ်။ ဒီအချိန်မတိုင်ခင်တော့ သူများအဖိအနှိပ်ခံရမှာပဲ။
NA ဆိုတိုင်း တွက်နေ၊ ချက်နေ၊ ဒီဇိုင်းဆွဲနေရမှာမှမဟုတ်တာ။ သင်္ဘောကျင်းနဲ့ကအမြဲအသွားအပြန်အချိတ်အဆက်ရှိနေရမယ်လေ။ ဒီလို Field အားလုံးမှာ အလုပ်ရနိုင်တာပဲ။ ကိုငြိမ်းသွင်ဇော် ပြောထားသလို
“ Inspector, Surveyor, QC Engineer, Structure Engineer, Forward Designer, Hull Engineer, Repair Engineer, Marketing Engineer, စသည်ဖြင့် ကျွန်တော်မသိသေးသော position ပေါင်းများစွာနဲ့ဝင်လို့ရပါတယ်။”
မင်းပြောတယ်၊ သီအိုရီ ပိုင်တယ်တဲ့။ သေချာလို့လား။ အေးပါ သေချာတယ်ထားဦး။ မင်းပြောတယ် လက်တွေ့မပိုင်ဘူးတဲ့။ မပိုင်ပိုင်အောင်လေ့လာဖို့က ကိုယ့်တာဝန်။ ပြောထားတဲ့အထဲမှာ မြို့ပြအင်ဂျင်နီယာ တစ်ယောက်တွေ့ဖို့ကမရှားဘူး ဟုတ်လား။ ထူးဆန်းလို်က်တာနော်။ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဒီနိုင်ငံမှာစသင်ပေးတာ ဘယ်နှနှစ်ရှိပြီတုန်း။ မင်းတက်တဲ့ NA က အခုဘွဲ့ရတဲ့နှစ်အထိဆိုရင်မှ 8th Batch ပဲရှိသေးတယ်၊ ဒီမှာစသင်တာ။ မမွေးခင်လောက်လည်းက ကြိုတင်ခိုင်းထားလိုက်ရင် တစ်ရပ်ကွက်ကို NA တစ်ယောက်ဆိုတာ မရှားလောက်ပါဘူး။
ကျောင်းရဲ့မပြည့်စုံမှုတွေမြင်ရင်၊ ပြည့်စုံအောင်လုပ်ပေးလိုက်ပါ။ လုပ်ပေးနိုင်အောင်ကြိုးစားပါ။ အဆက်အသွယ်မရှိရင် ရှိအောင်လုပ်။ လက်တို့မဲ့သူမရှိရင် ရှိအောင်သွားဖြဲပြပြီး ပေါင်းထား။ သင်္ဘောကျင်းမှာ ငုတ်တုတ်ထိုင်မနေချင်ရင် စာအုပ်ယူသွားပြီးဖတ်၊ Foreman တွေနဲ့ပေါင်း။ သူတို့ဆီက မြန်မာလိုရေးတဲ့စာအုပ်ဖြစ်ဖြစ်၊ အင်္ဂလိပ်လိုရေးတဲ့စာအုပ်ဖြစ်ဖြစ်ငှား၊ ဖတ်၊ ကူး၊ မေး။ ကိုယ်က အင်္ဂလိပ်လိုသိပေမယ့် မြန်မာလိုအခေါ်အဝေါ်တွေမသိရင်မေး။ ဒါမျိုးပဲလုပ်ခဲ့ကြတာပဲလေ။ အခုတော့… သင်္ဘောကျင်းလည်းမရှိတော့ဘူး။ စကားထဲထည့်ပြောနေလည်းအပိုပဲ။ ကုန်သွားတဲ့အချိန်တွေလည်း ပြန်မရဘူး။ သူများဘက် လက်ညှိုးတစ်ချောင်းကို ငေါက်ငေါက်ထိုးနေပေမယ့် ကိုယ့်ဘက်ကို ကျန်တဲ့လက်ချောင်းလေးတွေက ပြန်ထိုးနေတယ်ဆိုတာ သတိရ။ ကိုငြိမ်းသွင်ဇော်လည်း ပြောထားပါတယ်
“ အကုန်လုံးကလည်းကျောင်းပြီး ဘွဲ့ရပြီးရပ်မနေဘဲဆက်ကြိုးစားရပါတယ်။ အလုပ်လက်မဲ့ပြဿနာက MMU တစ်ခုထဲကိုအပြစ်ပုံချလို့မရနိုင်ပါဘူး။ နေရာတိုင်းမှာအဆိုးတွေမဟုတ်ပါဘူး။ ဒီအဆိုးတွေအတွက်လည်းကြိုးစားပမ်းစား စာသင်နေကြတဲ့ဘွဲ့မရသေးတဲ့ MMU က ကလေးတွေရဲ့စိတ်တွေကိုသတ်မပြစ်သင့်ပါဘူး။ ကိုယ့်ကိုကျောင်းကဘာလုပ်ပေးနိူင်တယ်ဆိုတာထက် ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာပိုအရေးကြီးပါတယ်။ ဒီထက်တစ်ဆင့်တက်ရင်ကိုယ်ကဘာပြန်လုပ်ပေးနိူင်မလဲဆိုတာပိုအရေးကြီးပါတယ်။”
MMU ကျောင်းဆင်းမို့လို့အလုပ်မရတာလည်းမဟုတ်ဘူး။ စာမတတ်လို့အလုပ်မရတာလည်းမဟုတ်ဘူး။ NA ဖြစ်လို့အလုပ်မရတာလည်းမဟုတ်ဘူး။ Demand ထက် Supply များနေတဲ့အချိန်ဖြစ်နေလို့၊ ဒါမှမဟုတ် ကိုယ်တိုင် အဆက်အသွယ်မရှိလို့၊ သေချာမရှာလို့၊ ရှာဖို့ မရင်းနှီးနိုင်လို့။
စာမတတ်လို့အလုပ်မရစရာတော့မရှိဘူး။ အလုပ်ထဲရောက်မှ အလုပ်က အလုပ်သင်ပေးတာ။ ကျောင်းကသင်ပေးနိုင်တာ General ပဲသင်ပေးနိုင်မှာပေါ့။ Common Sense နဲ့ စဉ်းစားဉာဏ်ရှိဖို့နဲ့၊ ဘာလုပ်ရင်ဘာဖြစ်တယ်လောက်သိဖို့ပဲ သင်ပေးနိုင်ပါလိမ့်မယ်။ ကျန်တာဆက်လေ့လာဖို့က ကိုယ့်တာဝန်ပါ။
ကိုသူရစိုးရေးထားတဲ့ comment
“ The more you stand on your own to improve yourself , the more educated you are and the more proficient in the subject you are taking… I’m very sure that MMU is getting much better and better than our time”
ကျွန်တော်ထောက်ခံပါတယ်။ အခု MMU ကကျွန်တော်တို့သင်ခဲ့တာထက် နောက်နှစ်တွေကို သင်နေတာပြန်ကြည့်တာ သင်တာတွေပို်ကောင်းလာတာတွေ့ရတယ်။ ဒီလိုပဲ ရှေ့လူထက်နောက်လူကပိုတော်လာရမယ်။ ဒါမှတိုးတက်မှာပေါ့ (၂၁၈ ဘတ်စ်ကားတို့၊ ၄၈ ဘတ်စ်ကားတို့ကို မဆိုလိုပါ။)
ကျွန်တော် 7th Batch ကပါ။ မြင်သာတဲ့တိုးတက်မှုတွေဆိုရင် ကျွန်တော်တို့နှစ်က အရှေ့နှစ်တွေထက် Towing Tank တစ်ခုပိုသုံးလာရတယ်။ 8th Batch က Final Year NA Design မှာ Hull Form Lines ကို Mathematics နဲ့ဆက်စပ်ပြီးသင်တာတို့၊ Economics တို့နဲ့ ဆက်စပ်ပြီးသင်တာတို့ တွေတိုးလာတာတွေ့ရတယ်။ အခု 9th Batch တွေဆိုရင် ကျွန်တော်တို့နှစ်က မသင်ခဲ့ရတဲ့ Software ကိုအနည်းဆုံး Interface နဲ့ကျွမ်းဝင်အောင် ထိတွေ့ခွင့်ရတယ်။ Software နာမည်တော့ ထည့်မပြောတော့ပါဘူး။
နောက်ဆုံးပြောချင်တာကတော့ ကိုအောင်ချစ်စံပြောသလိုပဲ ကိုယ်ကပညာတတ်တာဟုတ်ရင်ဟုတ်ပါမယ်။ ပညာမာနမထားပါနဲ့။ ကိုယ့်ဆီအလုပ်မလာရင် အလုပ်ဆီကိုသွားပါ။ Volunteer ဆင်းလို့ရရင်ဆင်ပါ။ ဒီအချိန်မှာငွေမမက်ပါနဲ့။ မှန်ပါတယ်ရင်းထားတာ၅နှစ်ဆိုပေမယ့် အဲ့ငါးနှစ်မှာ မယ်မယ်ရရလက်တွေ့မရှိခဲ့ဘူးဆိုတာ မင်းလည်းပြောထားပြီးပြီပဲ။ အဲ့တော့ လက်တွေ့ရအောင် Experience လေးရအောင်ယူဖို့တိုက်တွန်းချင်ပါတယ်။
ဒီစာကို ကိုသူရစိုးပြောသလိုပဲ အပြုသဘောဆောင်ပြီးရေးသားခြင်းဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါ။
I’m writing this post for constructive suggestion, not for destructive criticism and I mean not to offend anyone…
With Respect,
Htike Aung Kyaw