ရေပေါ်စားသောက်ဆိုင် စိတ်ကူးဒီဇိုင်း

အားလုံးပဲ မင်္ဂလာပါဗျာ –

ကျွန်တော် ပြည်တွင်း သင်္ဘောဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ စီသန်းနှင့် ရောင်ရင်းများ ကုမ္ပဏီမှာ အငယ်တန်း ရေယာဉ်ဗိသုကာအနေနဲ့ အလုပ်ရပြီးတဲ့နောက် ရေပေါ်စားသောက်ဆိုင် စိတ်ကူးဒီဇိုင်းတစ်ခုကို ဖန်တီးနေခဲ့ပါတယ်။ အမှန်တော့ မြစ်ကမ်းတစ်လျှောက် ညနေဘက်သွားပြီး မြို့ရဲ့ထိန်လင်းနေတဲ့ အဆောက်အဦတွေနဲ့ မီးရောင်တွေကို ငေးရင်း ညစာသုံးဆောင်နိုင်မယ့် စားသောက်ဆိုင်သင်္ဘောတစ်ခု ထက်မပိုပါဘူး။ ဒီလိုသင်္ဘောတွေအများအပြားရှိပါတယ်။ ဥပမာ ထိုင်းနိုင်ငံက  Chao Phraya Princesses လိုသင်္ဘောမျိုးပေါ့… ဂူးဂဲလ်မှာရှာကြည့်နိုင်ပါတယ်။ အခုစဉ်းစားနေတဲ့ဒီဇိုင်းကလည်း ဒါနဲ့ဆင်ပါတယ်။ အသေးစိတ်ကိုတော့ ဝေမျှပေးလို့မရတဲ့အတွက် မျှဝေပေးနိုင်တဲ့ အရာများကို မျှဝေပေးသွားပါ့မယ်။

အရိုးသားဆုံး ဝန်ခံရလျှင် ကျွန်တော် 3D CAD drawing ကောင်းကောင်းမဆွဲတတ်ပါဘူး။ ဒီအောက်ကပုံကတော့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုထွဋ်ပိုင်သွင် ၊ အခုတော့ ကျွန်တော်တို့နဲ့အတူ မလုပ်တော့ပါဘူး၊ သူဆွဲသွားပေးတာပါ။ ကျွန်တော်ကတော့ General Arrangement စိတ်ကူးပုံကို တာဝန်ယူရေးဆွဲပေးရတာပါ။

ဒီ 3D CAD drawing ကတော့ version အဟောင်း ဖြစ်ပါတယ်။ နောက်ဆုံး အလုပ်အပ်သူရဲ့ တောင်းဆိုချက်များအရ လတ်တလော ပြောင်းထားတာတွေတော့ ရှိပါတယ်။

 ဒါကတော့ GA ရဲ့ ဘေးတိုက်မှ မြင်ရတဲ့ပုံ ဖြစ်ပါတယ်။ Quality သိပ်မကောင်းတဲ့ပုံပဲ မျှဝေပေးလို့ရပါတယ်ဗျာ။ အားတော့နာပါတယ်။ အခုနောက်ဆုံးမှာတော့ လှေကားတို့ဘာတို့ ပြောင်းထားတာလေးတွေရှိတာပေါ့။

သင်္ဘောအရှည်ကတော့ ပေ ၁၅၀ ရှိပါတယ်။ သီးသန့်ခန်းတွေ၊ မီနီဘား၊ အမှတ်တရပစ္စည်းဆိုင်၊ မီးဖိုဆောင်၊ ဘူဖေးစားပွဲတွေ၊ ဖျော်ဖြေရေး စင်မြင့်တွေနဲ့ သင်္ဘောသားအိပ်ဆောင်တို့ ပါဝင်ပါတယ်။ နှစ်ထပ်သင်္ဘောပေါ့။ အပေါ်ထပ်ကို လှေကား ၄ခုကနေ တက်နိုင်ပါတယ်။

စုံစမ်းမေးမြန်းလိုတာများရှိရင် ကျွန်တော့်ဆီ စာတိုပို့လိုက်ပါ။

ထိုက်အောင်ကျော်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide