မယုံမရှိနဲ့ တကယ်ဗျ… (၃)

ယခင်အပိုင်းတုန်းက ကျွန်တော်ပြောခဲ့တဲ့ Tug Boat တုန်းက ကျွန်တော်တို့
ဆွဲပေးရတဲ့ Drawings List က (၁၈)ပုံရှိပါတယ်။ အဲ့ဒါတွေကတော့
1. General Arrangement Plan
2. Lines Plan and Offset
3. Shell Expansion Plan
4. Profile and Deck Plan
5. Midship Section Plan
6. Sections and Bulkheads (All Construction Drawings)
7. Forecastle Deck Construction
8. Aft End Construction
9. Engine Room Arrangement
10. Engine Seating and Girder
11. Schematic Diagram of Piping System
12. Skeg and Propeller Brackets
13. Details of Rudder and Stock
14. Welding Schedule
15. Capacity Plan
16. Hatch Plan and Manhole Detail
17. Fire Protection, Detection and Extinction Arrangement Plan
18. Life Saving Arrangement Plan
တွေပဲဖြစ်ပါတယ်။ မဆွဲဖြစ်လိုက်တဲ့ပုံတွေထဲမှာ Outfitting Drawing တွေဖြစ်တဲ့ Bollard, Porthole, Watertight Doors, Sounding Pipe, Ventilators, Scupper and Sanitary Discharges Detail စတဲ့Drawing တွေ ပါပါတယ်။ Engine Room Arrangement, Engine Seating & Girder, Piping တွေကို သင်္ဘောသွားကြည့်တော့ တိုင်းလာဆွဲလာခဲ့ပါတယ်။

ကိုစိုးအောင်က Engine Room Arrangement ကိုဆွဲပြီး ကိုသက်ထွန်းအေးက Engine Seating & Girder ကိုဆွဲပါတယ်။ ကျွန်တော်နဲ့ ကိုချမ်းငြိမ်းကတော့ Piping ကိုလိုက်ပါတယ်။ Piping ကရှင်းတော့ ရှင်းပါတယ်။ ဒါပေမယ့် ကိုယ်တိုင် တစ်ခါမှ မဆွဲဖူး၊ Pipe လိုင်းလည်း မလိုက်ဖူးတော့ နဲနဲတော့ ချွေးပြန်တာပေါ့ဗျာ။ Sea Chest က Pipe ၂ချောင်းခွဲထွက်လာတယ်။ Pipe Size ကတော့ မတူဘူးဗျ။ နှစ်ခုလုံးက Globe Valve တတ်ထားတယ်။ တစ်ခုက Generator နဲ့တွဲထားတဲ့ Pump သေးသေးလေး ကနေ Generator Cooling အတွက် သုံးပြီး Discharge ကို သွားထားတယ်။ Sea Chest က ထွက်လာတဲ့နောက်တစ်ပိုက်က Engine နဲ့တွဲထားတဲ့ Pump ထဲ ဝင်ပြီး အထွက်နှစ်ပိုက်ထပ်ခွဲထားတယ်။ တစ်ပိုက်က Heat Exchanger ထဲဝင်ပြီး ပြန်ထွက်လာတော့ Exhaust Cooler ၂ခုထဲ အဆင့်ဆင့်ဝင်တယ်။ ပြီးမှ Discharge ဆီသွားတယ်။ နောက်တစ်ပိုက်ကတော့ Valve ခံထားပြီး Gearbox Ht ကို Cooling လုပ်ပြီးမှ Discharge ဆီသွားပါတယ်။ ဒီနေရာမှာကြုံဖူးကြားဖူးတာတစ်ခုက Gearbox ကို Cool လုပ်တဲ့ရေကို Pump ကလည်းကခွဲထွက်လာတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သင်္ဘောတစ်စီးမှာ HE ကထွက်တော့မှ Gearbox ထဲဝင်ထားတာမြင်ဖူး ကြားဖူးပါတယ်။ အဲ့သင်္ဘောမှာ Gear ဖမ်းသွားပါတယ်။ Gear ကို Cool လုပ်ရမှာကနေ HE ကထွက်လာတဲ့ ပူနေတဲ့ ရေကို Gearbox ကိုဖြတ်ပြီး Full Speed နဲ့ မောင်းလိုက်တဲ့အချိန် Gearbox ကြွသွားပါတယ်။ Engine မှာ Cooling သုံးတဲ့ ရေက Fresh Water ပါ။ ပုံမှာဆိုရင် အပြာရောင်နဲ့ဆွဲထားပါတယ်။ ဒီ Fresh Water ကိုပဲ HE ထဲမှာ Sea Water နဲ့ ပြန် Cooling လုပ်ပါတယ်။ ဒီသင်္ဘောမှာတော့ ဘာ Oily Water Seperator တွေဘာတွေမှမပါပါဘူး။ Generator မှာတော့ Sea Water နဲ့ တိုက်ရိုက် Cooling လုပ်ပါတယ်။ Engine Cooling လုပ်တဲ့ Fresh Water ကို ထပ်ဖြည့်ဖို့ Valve တစ်ခုနဲ့ Reservior ကိုတွဲထားပါတယ်။

သင်္ဘောတိုင်းရတာက ဆင်မလိုက်မှာပါ။ ရုံးကသန်လျင်တံတားနား သာကေတမှာ။ သိပ်မဝေးပါဘူး။ အသွားအပြန်ကီလို ၃၀ လောက်ပါပဲ။ အဲ့တော့ ဖြစ်နိုင်ရင် သင်္ဘောကို မြန်မြန်နဲ့ အမှန်ဆုံးပုံထွက်အောင် ဆွဲပေးချင်ကြတာပေါ့။ ခက်တာက တစ်ခါလာတိုင်းတစ်မျိုးပြောင်း နေတာကတွေ့ရတယ်။ အဲ့တော့ ကျွန်တော်တို့လည်း တစ်ရက် ER Arrangement, Piping, Seating တွေကို ကွန်ပြူတာပါယူသွားပြီး တွေ့တဲ့နေရာထိုင်ပြီး ဆွဲခဲ့ကြတာကလည်း အမှတ်တရပေါ့ဗျာ။

ME က ကျွန်တော့်သူငယ်ချင်း တစ်ယောက်ပြောဖူးတယ်ဗျ… သူက Major နဲ့ဆိုင်တဲ့ Technical စာတွေရေးချင်ပါတယ်။ Experience တွေလည်း မျှဝေချင်ပါတယ်တဲ့။ ဒါပေမယ့် ရေးရင် သူတို့ Major ကလူတွေက ၀ိုင်းနှိပ်ကွပ်ကြပါတယ်။ ဝင်ဆွေးနွေးတာထက်စာရင်နှိပ်ကွပ်တဲ့သဘောဆောင်တဲ့ Comment တွေ ပိုတွေ့ရလေ့ရှိပါတယ်လို့ ပြောပါတယ်။ သူကတော့ အဲ့တာကြောင့် ရေးရမှာ လန့်တယ်လို့ဆိုပါတယ်။ ကျွန်တော်ကတော့ ကိုယ်ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အများဆုံး ရေးဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တတ်လွန်းလို့ရေးထားတာမဟုတ်ဘူးလို့ ကြိုပြောထားပါတယ်။ ကျွန်တော် အားလပ်ချိန်မှာ ဒီလိုရေးရတာ စိတ်ထဲသက်သာရာရတယ်ထင်လို့ရေးတာပါ။

ဒီလိုရေးတဲ့နေရာမှာလည်း ကျွန်တော်ဟာ လက်ရှိအလုပ်လုပ်နေတဲ့ သူမို့ Company ရဲ့ Property ဖြစ်တဲ့ Drawing တွေကိုလည်း Educational Purpose အတွက် Share ချင်ပေမယ့်လည်း Ethics အရ Policy ကိုလည်း မထိခိုက်အောင် လုပ်ဆောင်ရပါသေးတယ်။ ဒါကြောင့်မို့ တတ်နိုင်သမျှ Conflict ဖြစ်နိုင်မယ့် Data တွေ၊ အသုံးအနှုန်း တွေကိုလည်း ရှောင်ရပါသေးတယ်။ အခုဆိုရင်လည်း ဆင်မလိုက်က Tug လို့သာ ကျွန်တော်သုံးနှုန်းထားပါတယ်။ သူ့နာမည်ကိုကျွန်တော်အစလည်းက ဖယ်ထားပါတယ်။ Confidential Data တွေကိုလည်း မပေါက်ရအောင် ဖယ်ပြီးရေးပါတယ်။ ကျွန်တော်ဒီလို ရေးတာဟာ ဘယ်သူ့ကိုမှထိခိုက်နစ်နာစေလိုခြင်းမရှိပါဘူး။ Educational Purpose အတွက်နဲ့ ကျွန်တော်အားလပ်ချိန်များကို အချိန်ကုန်ခံပြီးရေးတာပါ။ Professional စာရေးသူမဟုတ်တဲ့အတွက် အမှားအယွင်းပါလျှင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ စာမူပေးဖို့ဖို့ ဖိတ်ခေါ်ခံရပေမယ့်လည်း နဂိုလည်းက စကားအပြောအဆိုမတတ်တဲ့ ကျွန်တော် လူအမုန်းမခံချင်ပါဘူး။ ကျွန်တော်စာကြောင့် နှစ်ဖက်လုံးကို နစ်နာစေတဲ့ နှစ်ဖက်ချွန် သံလျှက် အဖြစ်မခံနိုင်ပါဘူး။ အပျော်သဘောနဲ့သာရေးသားခြင်း ဖြစ်သဖြင့် မှားယွင်းမှုရှိပါကလည်း ကြိုတင်တောင်းပန်အပ်ပါသည်။

ကဲ… ဆင်မလိုက်က Tug Boat အကြောင်းတော့ ပြီးပါပြီ။ ဒီလောက်နဲ့ပဲ ဖြတ်လိုက်ပါတယ်။ Tug Boat ပြောရင်း ရုံးက အစ်ကိုနှစ်ယောက်နဲ့ သွားကြည့်ခဲ့တဲ့ ရွှေပြည်သာက Tug Boat အကြောင်း နဲနဲဆက်ပြောချင်ပါတယ်။ ဒီသင်္ဘောကတော့ တစ်ရက်သွားကြည့်ခဲ့ရုံပါပဲ။ ဘာမှမလုပ်ပေးခဲ့ရပါဘူး။ ရွှေပြည်သာဆိုတော့ ရုံးနဲ့သိပ်မဝေးပါဘူး။ တစ်ကြောင်းထဲကို ကီလိုအစိပ်လောက်ပါပဲ။ ရန်ကုန်မြို့ကားက သိပ်မပိတ်တော့ ၂နာရီကျော်ရုံကားစီးရရုံပေါ့။ ကိုစိုးသီဟ၊ ကိုစိုးမိုးသူတို့နဲ့ အတူ သွားကြည့်ခဲ့တာပါ။ Engine Room Arrangement ကသိပ်မကွာပါဘူး။ သူလည်း ကားအင်ဂျင်သုံးထားတာပဲ။ Rudder ကတော့ Chain နဲ့သွားတာပါ။ Chainကြီးတွေ Main Deck ပေါ်မှာ ထင်းနေတာပဲ။ Tug Boat ဆိုပေမယ့် ကုန်လည်းတင်တာပဲ။ ကျောက်စရစ်တွေတင်ထားတာတွေ့ခဲ့တယ်။ Coaming ကြီးနဲ့ Hold ထဲဖောက်ထားတာ တော်တော်ကြီးကြီးဖောက်ထားတယ်ဗျ။ Engine Room ထဲမှာတော့ Stern Tube ရေမလုံလို့ စိမ့်ဝင်ထားတဲ့ရေတွေနဲ့ ဆီတွေ Floor အောက်မှာ တွေ့ရတယ်။ Engine ခန်း Floor ကလည်း ချောနေလိုက်တာ ဆီတွေကြောင့်။ စုပ်ထုတ်ဖို့ Pumpတစ်လုံးကို ထိုင်ထားတယ်။ Hold ထဲမှာ Deep Frame ပဲခေါ်ရမလား ဘယ်လိုခေါ်ရမလဲမသိဘူး သံပြားနဲ့ လေး frame ကြား တစ်ခါလောက် ထည့်ထားတာ တွေ့ရတယ်။ အဲ့ဒါရဲ့အဆုံးမှာ Pillar လိုမျိုး Coaming ကိုထောက်ထားတဲ့ ဒေါက်တွေကို အဲ့Frame နဲ့ တွဲထားတာတွေ့ရတယ်။ ထူးဆန်းတာက Pillar လိုမျိုး ထောက်ထားတဲ့ဟာက C-Channel နှစ်ခုကို ခုနက ပြောခဲ့တဲ့ သံပြားကြားညှပ်ပြီး W ပုံစံမျိုးထောက်ထားတာ။ တစ်ခြားနေရာမှာ မတွေ့ဖူးပါဘူးဗျာ။ Side Stringer နှစ်လိုင်း ပတ်ထားတာတွေ့ရပါတယ်။

ဒီသင်္ဘောသွားကြည့်တုန်းက ရေတော်တော်ကျနေတယ်။ ကုန်းပေါ်ကနေ တွဲပေါ် ကုန်းဘောင်ကို နှစ်ဆင့် ထိုးထားတယ်။ တွဲက သောင်ပြင်ပေါ်တင်နေတာ။ တွဲပေါ်ကနေ Tug Boat ပေါ် ထိုးထားတဲ့ ကုန်းဘောင်ကတော်တော်မတ်တယ်ဗျ၊ ဗြက်ကလည်း ၅၊ ၆လက်မလောက်ပဲကျယ်တယ်။ ဘယ်လိုမှ လမ်းလျှောက်ဆင်းတက်လို့ မရဘူး။ အဲ့ဒါနဲ့ ငယ်ငယ်က လျှောစီးခဲ့သလိုပဲ ဖိနပ်ကို ချွတ်၊ လက်မှာကိုင်၊အောက်ကလူထိုးပေးတဲ့ ၀ါးလုံးကို လက်တစ်ဖက်နဲ့ ထိန်းပြီး ဖင်တရွက်တိုက် ဆင်းရတယ်ဗျ။ ဖိနပ်ချွတ်ပြီးဆင်း၊ သင်္ဘောပေါ်လည်းရောက်ရော ခြေထောက်က ကင်ပြီးသားပဲ။ သံပြားပူကပ်ခံရတယ်။ သစ်သားပေါ်မှာ မပူပေမယ့် ပါ်လည်း ရောက်ရော အမယ်လေးဗျာ… ရှဲ… သင်္ဘောက ဘေးမှာ ဘာတန်း ဘာတိုင်၊ ဘာBulwark မှမရှိဘူး။ င်္ဘာပေါ်မှာကြိုးတပ်ထားတဲ့ပုံးနဲ့ မစ်ရေခတ်ပြီး နေထိပ်တဲ့တဲ့ ခေါင်းပေါ် ရေလောင်းချိုးနေတာတွေ့တော့ မျက်လုံးပြူးမိတယ်ဗျာ။

ကဲကဲ… ဒီနေ့တော့ ဒီလောက်ပဲပေါ့… နောက်တစ်ပိုင်းရောက်ရင် လက်ဆေးရေအလောင်းချခံရတဲ့ သင်္ဘော လာပါမယ်ဗျာ… ပြီးရင်တော့ အဲ့သင်္ဘောမှာပဲ နွံလူးကြတာပေါ့…

ထိုက်အောင်ကျော်
 

DSC01077 DSC01078 DSC01079 DSC01083 DSC01084 DSC01085 DSC01086 DSC01097 DSC01099 DSC01101 DSC01102 DSC01103 DSC01104 DSC01113 DSC01114 DSC01124 DSC01130 DSC01131 DSC01133 DSC01139 DSC01154 DSC01175 DSC01182 DSC01184 DSC01186 DSC01199 DSC01201 DSC01206 DSC01207 DSC01209 DSC01212 DSC01213

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide