မယုံမရှိနဲ့ တကယ်ဗျ… (၂)

ဧပြီလ၂ရက်နေ့၊ Tug Boat တစ်စင်းတိုင်းဖို့ ရောက်လာတယ်။ ဒီ Tug Boat က ဆင်မလိုက်မှာဆောက်တာမို့ ဆင်မလိုက်ကဆွဲပေးထားတဲ့
Drawing တွေပါပါလာပါတယ်။ Drawing အတိုင်းဟုတ်မဟုတ်လိုက်ကြည့်ဖို့ နဲ့ As Built Drawing တွေပြန်ဆွဲပေးဖို့ပါ။ ထပ်လိုတဲ့ Drawings နဲ့ Calculations တွေပါ တောင်းတာပါ။

အဲ့နေ့ကတော့ ကိုအာကာလင်း၊ ကိုရဲကိုကိုစိုး တို့နဲ့ ရုံးခန်းက ပေကြိုး၊ ပေဘူး၊ ဓါတ်မီး နဲ့ Drawing တွေယူပြီး သင်္ဘောကျင်းကိုလိုက်သွားပါတယ်။ သင်္ဘောကျင်းရောက်တော့ ညနေအလုပ်သိမ်းချိန်လောက်ဖြစ်နေပါပြီ။ သင်္ဘောက ရုပ်ပေါ်နေပါပြီ။ ကုန်းပေါ်မှာ ရှိတုန်းပါပဲ။ Propeller, Rudder, Skeg, Hull အကုန်ပြီးပြီ။ Superstructure လည်းပြီးသလောက်ရှိနေပါပြီ။ Steel Work အားလုံးနီးပါပြီးပြီပဲပြောရမှာပေါ့။ အမှန်အတိုင်းပြောရရင် ဒီနေ့ သင်္ဘောကျင်းသွားရမယ်လို့တောင်မသိထားဘူး။ ဘောင်းဘီအကျပ်ဝတ်လာတဲ့နေ့ တိုင်ပတ်တော့တာပဲ။ သင်္ဘောလှေခါး အမတ်ကြီးပေါ်တက် ဘုံလုံတိုင် (Bollard) ပေါ်ကနေ Manhole အဖုံးပေါ်နင်းပြီး သင်္ဘောပေါ် ရောက်တော့ရောက်သွားတာပါပဲ။ သင်္ဘောက ခံဆေးအနီရောင်ပဲ သုတ်ထား ရပါသေးတယ်။ Drawings တွေအတိုင်း လိုက်ကြည့်တဲ့အခါ Drawings ထဲမှာ Centerline Girder မှာ Pillar တွေထောက်ထားပါတယ်။ တကယ်လည်းသင်္ဘောကြည့်ရော Centerline မှာက Longitudinal Bulkhead ကြီးဖြစ်နေတယ်။ Pillar မဆွဲထားတဲ့နေရာမှာ Pillar တွေ ZigZag ပြေးထားတာ တွေ့ရပါတယ်။ နေ့ခင်းက ချိတ်ချိတ်တောက် ပူထားတဲ့နေ၊ ညနေ နေစောင်းသွားပြီဆိုပေမယ့် လေဝင်ပေါက်မရှိတဲ့ သင်္ဘောဝမ်းဗိုက်ထဲမှာ ကိုအာကာလင်းနဲ့ ကျွန်တော်ကတော့ နဖူးကချွေး ခြေမပေါ်ကျတယ်ဆိုတာ အဲ့ကျမှပဲ လက်တွေ့ကြုံဖူးပါတော့တယ်။ သင်္ဘောကို အကြမ်းဖျင်းလိုက်ကြည့် အလုပ်သမားတွေလည်း အလုပ်သိမ်းနေပြီဆိုတော့ ဓါတ်ပုံတစ်ချို့ရိုက်ပြီး ပြန်ခဲ့ရပါတယ်။ အဲ့မှာ ထပ်ပြီးတွေ့ရသိရတာကတော့ Engine ကို Hino ကားအင်ဂျင် တပ်ထားတာတွေ့ရပါတယ်။ ကားအင်ဂျင်သုံးတယ်လို့ စာထဲမှာ ကျွန်တော် မသင်ဖူးခဲ့ရပါ။ ရောက်ရောက်ချင်းမှာတော့ အင်ဂျင်ကိုင်ဖို့ဆိုပြီး တစ်စစီဖြုတ်ထားတာတွေ့ရပါတယ်။ ဒီ Tug Boat ကတော့ LOA – 32m ရှိပါတယ်။ သင်္ဘောကျင်းကို ရောက်တာလည်း နောက်ကျတော့ ဟိုကြည့်ဒီကြည့် ဟိုယောင်ဒီယောင်ပြီး ပြန်လာကြတာပေါ့…

နောက်သုံးရက်လောက်နေတော့ ကိုစိုးအောင်၊ ကိုချမ်းငြိမ်းတို့နဲ့အတူ အကျွန်ုပ်သည် ဆင်မလိုက်သို့ ချီတက်လာခဲ့ကြပါတယ်။ ဒီတစ်ခါကတော့ အဓိကလာကြည့်သည်မှာ Propeller, Rudder & Skeg ပုံ၊ Engine Foundation Detail ဆွဲဖို့ဖြစ်သည်။ သင်္ဘောက ဒီတစ်ခေါက်သွားတော့
Wheelhouse နဲ့ ခေါင်းတိုင်ကို ဆေးအဖြူ သုတ်ထားပြီး Hull ကိုလည်း ဆေးအပြာသုတ်ထားသည်။ Zinc Anodes တွေကိုလည်း ကပ်ထား
ပါတယ်။ Coastal ပါသွားမှာမို့ပါ။ သင်္ဘောရဲ့ Site Engineer ကလည်း လိုတာမှန်သမျှကို တောက်လျှောက်လိုက်ရှင်းပြပါတယ်။ ကျွန်တော်တို့ သွားတော့ Engine ကို ပြန်ကိုင်နေတုန်းပါ။

ဒီလိုနဲ့ လှည်းတန်းတံတားကြီးလည်းဖွင့်သွားပြီး နာနတ်တောလမ်းကနေ လှည်းတန်းဘက်ကို ကွေ့လို့မရတော့ဘူး… ဟင်… ပြောနေတာနဲ့လည်း ဘာမှမဆိုင်တော့ပါလား… ဟီး… နောက်တာ… ဧပြီလဆိုတော့ ဘာပွဲရှိလည်း သိလား… သင်္ကြန်လေ… အိမ်စာဆွဲစရာပုံတစ်ပုံကြီးနဲ့ ရုံးပိတ်ရက်ရောက် သွားတော့ ကျွန်တော်လည်း အဖေရှိတဲ့ လားရှိုးမြို့ကို မိသားစုနဲ့သွားရော။ လက်မှတ်ကြိုမဝယ်မိတော့ လိုင်းကားတွေကမရဖြစ်တယ်။ ဒါနဲ့ အိမ်ကကားနဲ့ အရဲစွန့်ပြီး ရန်ကုန်-လားရှိုး၊ လားရှိုး-ရန်ကုန် ကျွန်တော်မောင်းတာ။ ပထမဦးဆုံး ခရီးတော်တော်ဝေးဝေးကို မောင်းဖူးတာဗျ… (ကြော်ငြာဝင်တာ) အမေကတော့ တစ်လမ်းလုံး မျက်စိတစ်ချက်မမှိတ်ပဲ ဘုရားစာတွေကြီး လှိမ့်ရွတ်နေတော့တာပါပဲ။ GPS ကောင်းမှုကြောင့် မန္တလေးမြို့ကအဒေါ်အိမ် ကို ညအိပ်ဖို့ဝင်တာ၊ အမြန်လမ်းကနေ မြို့ထဲကို ကောင်းကောင်းမဝင်ရပဲ လမ်းကြမ်းတဲ့ ကမ်းနားလမ်းကနေ မြို့ထဲကို ဟိုမောင်းဒီမောင်းနဲ့ ရောက်သွား တာပေါ့။ ကမ်းနားလမ်းကသွားတော့လည်း သင်္ဘောတွေလှမ်းကြည့်လို့ရတာပေါ့။ ဟုတ်ဘူးလား? 😀

လားရှိုးမှာ သင်္ကြန်ပိတ်ရက် Frame ကွင်းတွေဆွဲလိုက်၊ Email ပို့လိုက်၊ မှားရင် ပြန်ဆွဲလိုက်နဲ့ပဲ အချိန်တွေကုန်သွားတာ မသိလိုက်ဘူးဗျာ။ ရန်ကုန်ပြန်ရောက် တော့ Senior အစ်ကိုကြီးတွေက ရတဲ့ပိုက်ဆံခွဲပေးတယ်။ အလုပ်စဝင်ပြီး ပထမဆုံးရတဲ့ ပိုက်ဆံ။ များများစားစားပဲဗျ… (သိပ်အထင်မကြီးနဲ့… ရွဲ့ပြောတာ။) ၂သောင်း၆ထောင် ကျပ်တိတိကြီးများတောင်။ ကိုယ်ကတော့ ကိုယ့်အားနဲ့ကိုယ် ရှာထားတဲ့ ပထမဆုံးရထားတဲ့ပိုက်ဆံဆိုတော့ မျောက်အုန်းသီးရသလို ပျော်နေတာပေါ့ဗျာ။ ပထမဆုံးရတဲ့ပိုက်ဆံဆိုတော့ အမေ့ကို အကုန်အပ်လိုက်တယ်။ အမေက နှာခေါင်းရှုံ့ပြီးတော့ ငြင်ငြင်သာသာလေး အားပေးတယ်။ (အလုပ်ထွက်တော့တဲ့… :P) မနောက်ဘူးဗျ… မယုံမရှိနဲ့ တကယ်ပါဗျာ… 😀

တစ်လတိတိကြာသွားပြီး မေလ၂ရက်နေ့အရောက်မှာ သင်္ဘောက ရေထဲ ရောက်နေနှင့်ပါပြီ။ ကိုစိုးမိုးသူ၊ ကိုစိုးအောင်နဲ့ ကျွန်တော်တို့လည်း ရေထဲရောက်မှ ဆင်နေတဲ့ Outfitting တွေကို လိုက်တိုင်းလိုက်ဆွဲ၊ လိုက်မှတ်လုပ်ကြတယ်။ Engine Room Arrangement အကြမ်းမှတ်တယ်။ Anchor Weight မေးတယ်။ Port Hole တွေဖောက်ထားတဲ့ Size လိုက်မှတ်၊ Chain Locker, Hawse Pipe နဲ့ Winch ထိုင်တဲ့နေရာတွေ၊ Size တွေ Dimension တွေလိုက်တိုင်း၊ ပုံထဲကနဲ့ မတူတဲ့ Manhole ပေါက်ဖောက်ထားတဲ့နေရာတွေပြန်စစ်၊ ထပ်ထည့်ထားတဲ့ Bollard တိုင်နေရာလိုက်မှတ်၊ Scupper (ရေဆင်းပေါက်) ဖောက်တဲ့နေရာတွေ စသဖြင့်ပေါ့။ နဂိုက Engine Room ကို Inland သွားဆို ဘေးဘက်တွေကိုပဲ ဇကာကာတာကိုး၊ Coastal ဆိုတော့ Totally Enclosed ဖြစ်ရမယ်ဆိုတော့ Engine Room Ventilation အတွက် Blowers တွေနဲ့ Air Intake, Exhaust လုပ်မယ့်အပေါက်တွေထပ်ဖောက်တာတွေကို လိုက်တိုင်းပြီး ပုံမှာဖြည့်ရတာပေါ့ဗျာ။

As Built Drawing က Site ထဲမှာတောက်လျှောက်နေပြီး ပြင်သမျှ အချိန်နဲ့ တပြေးညီလိုက်ပြင်ရင် မဆိုးဘူးထင်တာပဲ။ အခုကျွန်တော်တို့က Site ထဲမှာ တောက်လျှောက်နေတာမဟုတ်တော့ တစ်ခါလာတိုင်း ဘာပြောင်းသွားလဲ လိုက်ရှာနေရတာ နည်းနည်းတော့ အလုပ်ရှုပ်တယ်ထင်တယ်ဗျာ။ ကျွန်တော် တို့ အဲ့သင်္ဘောတုန်းက Drawing စုစုပေါင်း ခေါင်းစဉ်ကြီး ၁၈ပုံနဲ့ Calculation တွေပေးရတယ်ဗျ။ အဲ့ဒါကိုတော့ နောက်အပိုင်းထဲထည့်ရေးပေးပါ့မယ်။ ဒီသင်္ဘောမှာ ပြင်ရတာမနည်း ဘူးဗျ။ လေးလပိုင်းက စဆွဲလိုက်တာ ဟိုတို့ထိ ဒီတို့ထိနဲ့ မယုံရင်ပုံပြင်မှတ် ကိုးလပိုင်းကျော်မှ အပြီးသတ် နိုင်ခဲ့ပါတယ်။

ဖတ်ရတာပျင်းနေပြီလားမသိဘူးဗျ… ဒီသင်္ဘောအတွက်အချိန်အကြာကြီးပေးပြီး လုပ်ခဲ့ရတော့ ပြောစရာတွေများနေလို့ပါ။ သြော်ဒါနဲ့ စကားမစပ်… ပထမလုပ်အားခ ၂သောင်း၆ထောင် တိတိကြီးလဲရသွားတယ်လည်း ကြားရော ကျွန်တော့် Huawei 8812 ဖုန်းကြီးကလေ… သူ့ကိုယ်သူသတ်သေသွားတယ်ဗျ…
😀

နောက်အပိုင်းတွေကိုလည်း ဆက်လက်ဖတ်ရှုပေးကြပါ။
ကျေးဇူးအထူးတင်ပါသည်။

ထိုက်အောင်ကျော်

01

02

03

04

05

06

07

08

09

12

13

14

15

1719

20

21

22

23

24

25

26

27

28

29

31

32

18

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide