ကျောင်းတက်တုန်းကတော့ Design Spiral ကို အခါခါပတ်ခဲ့တယ်တို့ ဘာတို့ပေါ့ဗျာ… တကယ်လည်း ဒီနိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းခွင်လည်းရောက်ရော ပါးစပ်ဟောင်းလောင်းဖြစ်ခဲ့ရရော။ ဘာဒီဇိုင်း၊ ဘာ drawingမှ မရှိပဲ ဟောတစ်စင်း ဟောတစ်စင်းနဲ့ ဆောက်နေတာအများစုကိုတွေ့ခဲ့ရတယ်။ ဟာခနဲ၊ ဟင်ခနဲ အံအားသင့်ခဲ့ရတာပေါ့။ ဆောက်ပြီးမှ ဌာနမှာ မှတ်ပုံတင်ဖို့ ဆောက်ထားတဲ့အတိုင်း Drawing တွေလိုက်ပြန်ဆွဲ ပြန်တိုင်းခဲ့ရတယ်။ ဘာ calculation မှမရှိပဲ ဘွားခနဲ သင်္ဘောကြီးပေါ်လာတာ အံ့သြဖို့တော့ကောင်းတယ်။ ဆောက်ပြီးသား ခတ်ဆင်ဆင်သင်္ဘော (Mother Ship လို့ခေါ်ရမလား မခေါ်ရမလားပဲ) မှာသုံးထားတာကို ကြည့်ပြီး မျက်မှန်းနဲ့ လိုတယ်ထင်ရင် ထပ်ထည့် မလိုဘူးထင်ရင် ဖြုတ်လိုက်တာပဲ။ ခင်ဗျားဟာ မရလောက်ဘူး ထင်တယ်သွားမပြောနဲ့။ ရလွန်းလို့ ဟိုအစင်းက မင်းသက်တမ်းလောက်ရှိတော့မယ် ဆွဲနေတာတို့ဘာတို့ လာလိမ့်မယ်။ အင်းလေ… မဖြစ်တော့လည်း မဖြစ်ဘူးပေါ့… ဖြစ်တော့လည်း………… 😀

Strength Calculation မလုပ်တော့ လိုတဲ့နေရာ Strength မရှိ၊ မလိုတဲ့နေရာမှာပို Weight တက် တွေဖြစ်တာပေါ့။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ရဲပါခင်ဗျား။ ဒါပေမဲ့ ကြားရသလောက် (သေချာမသိပါ) သင်္ဘောကို ဆောက်ခွင့်တင်ပြီးမှ ဆောက်မယ်ဆိုရင် သင်္ဘောကထွက်လာမှာမဟုတ်ဘူးတဲ့။ ဆောက်ပြီးသွားမှ မပြောပလောက်တဲ့ ဒဏ်ကြေး ပေးလိုက်ရင်ပြီးတာပဲတဲ့။ အင်းပေါ့… မပြောရဲပါဘူး… ဟုတ်ရင်လည်း ဟုတ်မပေါ့… ထားပါတော့…

ဟီး… လေကြီးမိုးကြီးတွေသာလျှောက်ပြောနေတာ… အလုပ်စဝင်ပြီးသိပ်မကြာသေးခင် သိမ်ဖြူသွားတဲ့နေ့က ကိုဇာနည်ကိုက Midship Section Modulus သူတွက်ထားတဲ့ဟာပြန်စစ်ဆိုပြီး ထိုးပေးတော့ ခေါင်းထဲက စာတစ်လုံးမှ မထွက်လာဘူး… ဟီး။ ဇယားကွက်ကို ထိုင်ကြည့်ပြီး ယောင်နေတော့ ကိုဇာနည်ကိုက ရိပ်မိတယ်ထင်တယ်။  ရော့… မမှတ်မိရင်ပြန်ဖတ်ဆိုပြီး 3rd Year Ship Strength ဖတ်စာအုပ်ထိုးပေးတယ်။ ခဏလောက်ပြန်ကြည့်လိုက်တာ ချက်ချင်းတော့ ပြန်နားလည်တယ်ဗျ။ စာက မဖတ်ရင် မနွှေးရင် မေ့တယ်ဗျ။ ဒါပေမယ့် ကျောင်းမှာသင်ထားတာတွေက အလကားမဖြစ်ပါဘူးဗျာ… မှတ်မှတ်ရရ စနေနေ့ဗျ… သိမ်ဖြူကို ကိုပြည့်ဝေအောင်ရောက်နေလို့ သွားတာ။ ညနေရုံးဆင်းချိန် မရောက်ခင်လောက် ကိုဝင်းကို၊ ကိုပြည့်ဝေအောင်တို့နဲ့ ICT Fair (တပ်မတော်ခန်းမ)မှာ ပွဲလုပ်တာ ကိုဝင်းကိုက Macbook ဝယ်မလို့သွားကြည့်တာ လိုက်သွားတယ်။ Skynet Booth က ရေသန့်ဘူးအလကားပေးတာ ဖလာကြိတ်ခဲ့တယ်… 😛

အဲ့နေ့ပြီးနောက်တစ်ရက် တနင်္ဂနွေနေ့… ကိုစိုးအောင်ဖုန်းဆက်တယ်။ ဆရာကသင်္ဘောသွားတိုင်းမလို့ ကိုအာကာလင်းနဲ့ သွားလိုက်ကြည့်ကြဆိုလို့ ကျွန်းတောလမ်းနဲ့ မြောင်းမြလမ်း ဆုံတဲ့နေရာမှာ ချိန်းကြတယ်။ ဆရာမလာသေးလို့ ကိုစိုးအောင်၊ ကိုအာကာလင်းတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကိုကျားကြီး (ကိုနန္ဒ (Nanda969)) ရောက်လာတယ်။ ကိုစိုးအောင်က ကိုကျားကြီးကို မုန့်ဟင်းခါးစားခိုင်းလိုက်တယ်။ (အလုပ်ခိုင်းတာကိုပြောတာ… ကိုကျားကြီးပိုက်ဆံမရတဲ့အလုပ် လုပ်ပေးလိုက်ရပါရော… :P)

ထားပါတော့ သင်္ဘောသွားတိုင်းဖို့ဆရာရောက်လာတာနဲ့ ဆရာ့ကားနဲ့ ဒေါပုံကိုလိုက်သွားတယ်။ Inland General Cargo လေးတစ်စီး။ GA Plan, Profile & Deck Plan စသဖြင့် ပုံထွက်အောင်လိုက်ကြည့် လိုက်မှတ် လိုက်တိုင်း  လိုက်မေးကြတယ်။ သင်္ဘောပုံစံက ရှင်းမှရှင်း။

Length, Breadth, Depth မေးတယ်။ Rise of Floor ကြည့်လိုက်တော့ မရှိဘူး။ လှိုင်းကာအမြင့် က Deck အပေါ် ရပေ။ အပြင်ဘက်မှာ ၃ပေမြင့်တဲ့လက်ရန်း၊ Camber မပါ၊ ပဲ့မှာနောက်ကြွ၊  ဘေးသိမ်းမပါ။ Man Hole က တစ်ခန်းကို ၂ပေါက်၊ Zig-Zag ဖောက်တယ်။ Stern အပိတ်အမြင့်က ၄ပေ။ ဦးအပိတ် ၂ပေ။ Superstructure ပထမထပ်က ၈ပေကို၃လက်မလျော့။ ဒုတိယထပ်က Wheel House ရှေ့ဆုံးက ၃ပေနောက်ဆုတ် စသဖြင့် စသဖြင့်… ဓါတ်ပုံရိုက်၊ sketchဆွဲ၊ ပေကြိုးတိုင်း၊ သိချင်တာမေး၊ မဟုတ်ဘူးထင်ရင်ကိုယ်တိုင်တိုင်းနဲ့ ဟုတ်နေတာပဲ… အံတော့သြမိသား။ ပုံကြမ်းတော့
ထွက်လာတာပေါ့။ ကိုယ်မသိခဲ့တာတွေ၊ သတိမထားမိခဲ့တာတွေ၊ ခေါ်အဝေါ်မတူညီတာတွေ၊ ကျောင်းသင်ခန်းစာထဲ
မပါတာတွေတော့ လက်တွေ့တွေ့ရတာပေါ့။

ကျောင်းဆင်းကာစ ကျွန်တော့်အဖို့တော့ အားလုံးဟာ တွေ့အကြုံရစရာတွေပါပဲ။ နွေရာသီ၊ နေချိတ်တောက်တောက်၊ သံပြားပူပူ၊ ချွေးတပြိုက်ပြိုက်၊ လူကတော့ အတော်ပင်ပန်းတယ်။ ဒါပေမဲ့ အတွေ့အကြုံ မရှိသေးတဲ့ ကျောင်းဆင်းအဖို့ ဒါတွေက မှုနေလို့မရပါဘူး။ စာတွေ့နဲ့လက်တွေ့မတူညီမှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို အကောင်းဆုံးအသုံးချတတ်ဖို့က အတွေ့အကြုံ အများကြီးရှိဖို့ လိုပါတယ်။ စာတွေ့ကြီးပဲတတ်ပြီး လက်တွေ့ အသုံးမဝင်ရင် အလကားပါပဲ။ လက်တွေ့လုပ်လို့ရပြီး စာတွေ့မပါပဲလုပ်မယ်ဆိုရင်လည်း စောစောကပြောသလို မလိုအပ်ပဲ Steel Weight တက်၊ Strength မရတွေဖြစ်မှာပါ။ လက်တွေ့သမားတွေက ကိုယ့်ထက်စာရင် သင်္ဘောဆောက်တာ နှစ်နဲ့ ချီနေပါပြီ။ ကိုယ်က သူတို့ကို စာတွေ့နဲ့ suggestion ပေးရပါမယ်။ ဒါကိုလုပ်ကိုလုပ်ရမယ်လို့ သွားပြောရင် ကိုယ်က သူတို့ကို ပိုက်ဆံပေးခိုင်းထားတာမှမဟုတ်တာ။ မင်းကခုမှကျောင်းဆင်းလာတာ ငါကလက်တွေ့ဆောက်လာတာ မင်းကဘယ်လောက်သိ ဘယ်လောက်တတ်လို့လဲဆိုတဲ့ ပြသနာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါ့အတွက် အကျိုးနဲ့ အကြောင်းကို ရှင်းပြပြီး Suggestion ပေးရပါမယ်။ အလုပ်လုပ်တဲ့အခါမှာ စကားအပြောအဆိုတတ်ရပါတယ်။ ဒါကလဲ မတတ်ရင်တောင်မှ အလုပ်က သင်ပေးပါလိမ့်မယ်။ အဲ… မတတ်ခင်အချိန်အထိတော့ ခေါင်းမကွဲအောင် သတိထားနေပေါ့ဗျာ… ဟားဟား…

ထားပါတော့ ခုနကသင်္ဘောလေး ပြန်ဆက်ရအောင်။ ကျောင်းသင်ခန်းစာထဲ မပါတာတွေ ဆိုတာကတော့ ကျောင်းက သင်ရင်လည်း သင်လိုက်ပါလိမ့်မယ်။ ကျွန်တော် မတတ်ကောင်း မတတ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ထားပါတော့… ကျွန်တော် ကျောင်းတက်တုန်းက မသိခဲ့ဘူးပေါ့ဗျာ။ ကျွန်တော်မသိခဲ့တာတွေ လက်တွေ့မှသိတာက Weather Tight Door ဆိုရင် အပြင်ဖွင့်ဖြစ်ရပါမယ်။ Navigation Light က ဝဲနီယာစိမ်း တတ်တယ်။ သင်္ဘောရဲ့ Port Side အစွန်း မှာ အနီမီး၊ Starboard Side အစွန်းမှာ အစိမ်းမီး၊ Mast Head Light ရဲ့ တတ်ရမယ့် အမြင့်တွေက COLREG ထဲမှာရှိတယ်။ Water Tight Door တွေက အမြင့်တစ်ခု အပေါ်တက်နေရမယ် (Sill Height) အဲ့ဒါက Rules တွေထဲမှာရှိတယ်။

အခေါ်အဝေါ်မတူတာတွေကလည်း စာထဲအချို့လောက်ပဲသင်ရတယ်။ ဟင်္ဂလန် (Angle)၊ အယ်လ်ချိုး၊ ကြွက်လျှောက် (Stringer)၊ ဂျက် (Floor)၊ ရှောင်လင်ပေါက် (Sounding Pipe)* [နေရာတိုင်းမှာတော့မသုံးပါ]၊ ဖောင်းလိုင်း (Fender) စသဖြင့် တစ်နေရာနဲ့တစ်နေရာ အသုံးအနှုံး မတူတာတွေရှိပါတယ်။ ရေကလိပ်ပါလာပြီး သင်္ဘောက ယက်ဆွဲနေတယ်တို့ဘာတို့ လာတာဗျ။ တစ်ခါတစ်ခါ အစမ်းတွေကြားရတယ်။ ဒါကတော့ နားလည်ထားရင်တော့ပိုကောင်းတာပေါ့… မလည်တော့လည်း သူပြောတာကိုယ်မလည် ကိုယ်ပြောတာသူမလည်နဲ့ကို လည်နေကြတော့တာပဲ။ အချိန်တစ်ခုကြာရင်တော့ ပြေလည်သွားမှာပါ… 😛

နောက်တစ်ခုက Unit Conversion… ပေ၊ လက်မ၊ မူး၊ မတ် တင်း၊ မီလီမီတာ၊ မီတာ၊ စင်တီမီတာ၊ ကိုက်၊ ထွာ၊ တောင် စုံအောင်ကို ပြောတဲ့ ဒီနေရာမှာ ရုတ်တရက်ဆို နှိပ်စရာ Calculator ကလည်း မရှိ။ အပေါ်ကရွတ်ပြသွားတာတွေက Distance/Length ပဲရှိသေးတယ်နော်… Litre (British), Litre (American), Gallon, Ton, cubic metre နဲ့လည်းပြောရော… အကုန်ရောသွားရော။ အနည်းဆုံး အနည်းဆုံး ၁ပေမှာ ၃၀၄.၈ မီလီမီတာရှိတယ် ဆိုတာနဲ့ Diesel Oil ရဲ့ Density, Litre နဲ့ Gallon ဆက်သွယ်ချက်၊ Litre နဲ့ Volume ဆက်သွယ်ချက်လောက်တော့ ခေါင်းထဲရှိထားရင် နဲနဲပိုအဆင်ပြေမလားလို့ပါ။

ကဲကဲ… ဒီနေ့တော့ ဒီမှာ ခဏရပ်မယ်ဗျာ… နောက်အပိုင်းတွေမှာ သင်္ဘောသွားတိုင်းရင်း သမ္ဗာန်စီးရင် ထီးမဖွင့်မိလို့ ငံပြာရည်(လက်ဆေးရေ) လောင်းချခံရတဲ့ ကျွန်တော့်အကြောင်းလေးတွေ ရေးမှာမို့ ဆက်ဖတ်ပေးကြပေါ့ဗျာ… ကဲဘယ်မှာလဲ MARPOL…
ပြောရင်းနဲ့တောင် နှာခေါင်းထဲ မုန့်ဟင်းခါးနံ့ပြန်ရလာပြန်ပြီ… ဝေါ့… 😛

ထိုက်အောင်ကျော်

p.s. တင်ပေးလိုက်တဲ့ ပုံတွေမှာ Sketch က အကြမ်းဆွဲတာ ကောင်းလှချည်လားမထင်နဲ့။ အဲ့ဒါအိမ်ပြန်ရောက်မှ အချောပြန်ဆွဲထားတာ။
အကြမ်းဆိုတဲ့ဟာက ကိုယ့်ဟာကိုယ်တောင် မနည်းပြန်ဖတ်ရတယ်။
@ဆြာMin Nyi Aung… TTC လက်ရေးလို့လာမနှိမ်နဲ့… ကြိုပြောထားတာ… 😛

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.