ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို စတင် ရေးသားတတ်ရန် ကြိုးစားခဲ့ပါသည်။

ပထမဦးဆုံး WordPress.com တွင်စတင်ရေးသားခဲ့ပါသည်။ https://htikeagkyaw.wordpress.com တွင် စတင်ရေးသားခဲ့ပြီး ယခုအထိ ထိုဘလော့ဂ်ရှိနေသေးပါသည်။ ထိုတွင်စတင်ရေးသားစဉ်က ဇော်ဂျီဖောင့်ကို အသုံးပြုကာစာစုများရေးသားခဲ့သည်။ စာစုများကို ရေးသားရာတွင် မိမိစိတ်ကြိုက် ပြင်ဆင်နိုင်ခြင်းမရှိသည်များကို တွေ့လာရပါတယ်။ တစ်ဖက်မှာလည်း Barcamp Yangon တွေသွားထားပြီး WordPress.org ကိုကလိပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ရေးချင်သည်ကလည်း ပါသည်။ Xampp တို့ Wamp တို့နဲ့ Offline တော့ ကလိဖူးသား။ အဲ့ခေတ်အဲ့အခါက Visa Card, Master Card, PayPal မဆိုထားနှင့် MPU Card တွေတောင် သိပ်ခေတ်စားသေးတာမဟုတ်။ Webhosting, Web Domain ဘယ်ဝယ်နိုင်လိမ့်မလဲ။ (အမှန်က လခနှစ်ပဲခြောက်ပြားနဲ့ ဘယ်သူမှမဖတ်တဲ့ ဘလော့ဂ်ကို ကလိဖို့အတွက် မသုံးပဲ ကပ်စီးနဲတာလည်း ပါသပေါ့)

Singapore က စီနီယာ ကိုစိုးအောင်က WordPress.com ကို Basic Plan ကနေ Premium Plan ကို ဝယ်ပေးမယ်လို့ ပြောပေမယ့်  ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မသေချာ မရေရာ၊ ဆက်ရေးဖြစ်မရေးဖြစ်မသိတာနဲ့  ရပါတယ်အစ်ကိုရာ၊ မဝယ်ပေးပါနဲ့၊ ကျေးဇူးတင်ပါတယ်၊ လိုရင်ပြောပါ့မယ်နဲ့ ပြီးသွားတာပဲ။ ၂၀၁၄ အောက်တိုဘာလမှာ ဘလော့ဂ်ဖတ်တဲ့သူတွေများလာပြီး ရေကြောင်းတက္ကသိုလ်က ဆရာမတစ်ချို့နဲ့ ဂျူနီယာတစ်ချို့က ဘလော့ဂ်အကြောင်းသိလာကြတယ်။ ဒါပေမယ့် မြန်မာပြည် အင်တာနက်က အရမ်းကောင်းတယ်လေ… ဝင်မရ၊ ဖတ်မရကြဘူးတဲ့။ WordPress.com ကလည်း ဘလော့ဂ်တွေဆိုတော့ အဲ့ခေတ်အဲ့အခါက ISP တွေကလည်း ပိတ်တစ်ခါ၊ ဖွင့်တစ်လှည့်ပေါ့။ ဝင်မရတာက ၆၀ ရာနှုန်းလောက်ရှိတယ်။

အဲ့ဒါနဲ့ ကိုယ်လည်းစပြီး 000.webhost.com မှာ Free Domain, Free Hosting နဲ့ စပြီး WordPress.org ကို အောက်တိုဘာ ၂၃၊ ၂၀၁၄ မှာစပြီးရေးခဲ့တယ်။ Font Embedding ပါထည့်နိုင်လာတော့ မြန်မာစာ ကို စက်တိုင်းမှာ ဖတ်နိုင်လာတယ်။ မြန်မာစာ မထည့်ထားတဲ့ ဖုန်းတွေ အစ ဖတ်လို့ရနိုင်တယ်။ အစပိုင်းတော့ အကုန်အဆင်ပြေတယ်။ https://htikeagkyaw.com ဆိုတဲ့ website မှာ ရေးခဲ့တာ။ အခုတော့ ပျက်သွားပြီ။ အဲ့တုန်းက Theme, Fonts, Posts အကုန် အဆင်ပြေတယ်။ အစပိုင်းမှာတော့ Downtime ကလည်း မရှိသလောက်ပဲ။ ၆လလောက်လည်းကြာရော Free Domain, Free Hosting တို့၏ထုံးစံအတိုင်း Ad တွေ ပါလာတယ်။ Site က ဖွင့်မရတာ ပိုစိတ်လာတယ်။ အဲ့ဒါနဲ့ ကိုယ်လည်း Site ကို တတ်နိုင်သမျှ Backup လုပ်ပြီးပဲနေလိုက်တယ်။ ပို့စ်အသစ်တော့ ဆက်မရေးဖြစ်တော့ပါဘူး။ နောက်ပါ comoj.com က Blog လည်း ပစ်ထားတာနဲ့ တစ်နှစ်ပြည့်တော့ပျက်သွားပါတယ်။ ကျွန်တော်လည်း အလုပ်အသစ်ပြောင်းလုပ်တာနဲ့ တစ်ခါ ၈လကြာတော့ ဂျပန်မှာ ကျောင်းတက်ခွင့် ရတာနဲ့ အလုပ်ပေါင်း သောင်းခြောက်ထောင်နဲ့  ရှုပ်ချင်ယောင်ဆောင်နေတာနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဆိုက်လည်း ပျက်သွားတာပဲ။ ကျွန်တော်လည်း ဂျပန်ပြည်ကို ရောက်လာခဲ့သည်။

ဂျပန်ပြည်ကို စက်တင်ဘာလကုန် ၂၀၁၅ မှာ စရောက်ခဲ့ပါတယ်။ ပထမတစ်လကတော့ နေမထိ ထိုင်မသာ အခြေမကျနိုင်ဘူးပေါ့ဗျာ။ ဒီလိုပဲ တစ်လလောက်ကြာမှ အခြေကျပြီး (မကျလည်းကျ၊ ကျလည်းကျ) ပြီး၊ ဘလော့ဂ်ပျက်သွားတာသိတော့ ပြန်စချင်ပြန်တယ်။ ဒီတစ်ခါမှာတော့ Hosting လေးတစ်ခုဝယ်ဖြစ်သွားတယ်။ ဒိုမိန်းဝယ်ဖို့ကျ အဲ့လောက်မလိုသေးပါဘူးလေဆိုပြီး ကပ်စီးကနဲပြန်ရော။ Hosting ဖိုးကလည်း ကိုယ့်အိတ်ထဲက ကိုယ်ထုတ်ရတော့ နှမြောတော့နှမြောတာပေါ့။ ဒါပေမယ့် Free Hosting ကိုသုံးပြီး ပြဿနာပေါင်းစုံ ကြုံဖူးခဲ့တော့ အဲ့လောက်လည်း ခေါင်းမစားချင်တော့တာလည်းပါတယ်။ မျက်စိမှိတ်ပြီး ဝယ်လိုက်တယ်။ ဖတ်မယ့်သူမရှိတဲ့ ဘလော့ဂ်အတွက် ဒိုမိန်းတော့ဝယ်မနေတော့ဘူးလေ။ ကလိလို့ရရင်ပြီးရော၊ စုထား၊ ဆောင်းထား၊ ရေးသားထားတဲ့ စာစုတွေဆက်ရှိနေရင်ပြီးရောဆိုပြီး Free Domain (Cu.cc) မှာ Register လုပ်ပြီး ဆိုတာကို အောက်တိုဘာ ၃၀၊ ၂၀၁၅ မှာ စတင်ခဲ့ပါတယ်။ htikeagkyaw.com က စိတ်ကြိုက်ပြင်ဆင်ခဲ့ပေမယ့် Free Hosting မှာ တင်မိတာကတစ်ကြောင်း၊ Backup တွေက Posts နဲ့ Pages တွေပဲလုပ်လို့ရခဲ့တာက တစ်ကြောင်း၊ တစ်နှစ်ပြည့်ပြီး Expire ဖြစ်သွားခဲ့တာကတစ်ကြောင်းနဲ့ စိတ်ကြိုက်ပြင်ထားတဲ့ Themes, Font Embedding စတာတွေအကုန်ပလုံသွားခဲ့ပါတယ်။ Posts တွေက ပုံတစ်ချို့လည်း ပျောက်သွားခဲ့တယ်။ စာစုတွေနဲ့ Page တွေတော့ကျန်ခဲ့တယ်။ အဲ့တော့ Theme အသစ်ပြန်ကလိရတာပေါ့။ ဒီတစ်ခါတော့ Font Embedding ကို သိပ်ခေါင်းမစားချင်တော့တာကတစ်ခု၊ Search, Sort, Translate လုပ်လို့ရအောင် ယူနီကုဒ်ကို လုံးဝပြောင်းပစ်ဖို့ သန္ဓိဌာန်ချခဲ့တယ်။ ရေးထားတဲ့ ပို့စ်တွေကလည်း မနည်းတော့ ဇော်ဂျီဆိုတဲ့ ဖြစ်သလိုရိုက်ခဲ့တာကနေ ယူနီကုဒ်ဆိုတဲ့ စနစ်တကျဖြစ်တဲ့ စနစ်ကို ပြောင်းတဲ့အခါ ကဗြောက်တိ ကဗြောက်ဆန်တွေဖြစ်ကုန်တာပေါ့။ ခုထိလည်း ပြောင်းနေသေးတုန်းပဲ။ မပြီးသေးဘူး။ ဒီတစ်ခါမှာတော့ ပို့စ်တစ်ခုထဲကို ဘာသာမျိုးစုံ ရေးနိုင်အောင် Language Plugin သွင်းပြီး Subdomain တွေခွဲသုံးဖို့ လေ့လာခဲ့ အချိန်ပေးခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်လုပ်ကြည့်တယ်။ အဆင်မပြေတာတွေအများကြီးပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်း ပုံပေါ်လာပါပြီ။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ပေါ့။ အဲ့ကနေ ဆိုတဲ့ အင်္ဂလိပ် ဆိုက်နဲ့ ဆိုတဲ့ မြန်မာဆိုက်နှစ်ခု ထွက်လာတယ်။

အိုဆာကာမှာကျောင်းတက်နေရင်း သူငယ်ချင်းစိုးထွဋ် ဖေ့စ်ဘုတ်ခ်ပေါ်ရေးတင်တဲ့ မိလိန္ဒပဉှာကျမ်းစာစုလေးတွေဖတ်ပြီး စုပြီးတင်ချင်လာတယ်။ အဲ့ဒါနဲ့ subdomain တစ်ခုထပ်လုပ်ပြီး ကို ပထမနှစ်ဝက်အပြီး အတန်းတွေမရှိတုန်း စာစုတွေကို ယူနီကုဒ် ပြောင်းတင်ခဲ့တယ်။ ဧပြီလ၊ မေလ ၂၀၁၆ ဝန်းကျင်မှာဖြစ်မယ်ထင်တယ်။ ဒီလိုပဲ အတန်းတွေပြန်စတော့ ပစ်ထားလိုက်ပြန်ရော။ SEO လို့ခေါ်တဲ့ Search Engine Optimization Google တို့၊ Bing တို့လို Search Engine တွေမှာ ကိုယ့် posts နဲ့ blog ကို ပေါ်စေချင်လို့ ကြိုးစားခဲ့ပင်မယ့် အားလုံးတော်တော်ခရီးရောက်မှ သိလိုက်ရတာက cu.cc domain က Spam နဲ့ Phishing တွေများလွန်းတာကြောင့် Google က အဲ့က Result တွေကို မပြပေးပါဘူး။ Facebook မှာလည်း cu.cc ဆိုတာပါတာနဲ့ messenger က အဲ့စာကို မပို့ပေးတော့ဘူး။ နောက်မှသာ ပြန်ပြီး Human လား Bot လား Captcha Image တို့ဘာတို့နဲ့စစ်ပြီး ပြန်ပို့ခွင့်ပေးတယ်။ ဒုတိယနှစ်ဝက်ပြီးတော့ အခု ရန်ကုန်ခဏပြန်ရောက်နေတယ်။ ရန်ကုန်မှာလည်း ယောင်လည်ယောင်လည်နဲ့။ အဲ့ဒါနဲ့ ဘလော့ဂ်ဘက်ပြန်လှည့်ဖို့ကြိုးစားခဲ့တယ်။ ထုံးစံအတိုင်း နှေးကွေးလေးလံပြီး ပိုက်ဆံတစ်ဖြုတ်ဖြုတ်ကုန်တဲ့ ဖြုတ်ကနဲကုန်နှေးကနဲကွေးတဲ့ တယ်လီနော်ရဲ့ စူပါဖွတ် Plan နဲ့ ဘလော့ဂ်ဖက်ပြန်လှည့်ခဲ့တယ်။

Free Domain တို့ ထုံးစံ၊ တစ်နှစ်နေရင် ဘာဖြစ်မယ်မှန်းမသိ။ cu.cc domain က ၁၀လပိုင်း ၃၀ မှာ ကုန်မှာဆိုတော့ အခုလည်းက Domain ပြောင်းဖို့စဉ်းစားပြီး dot.tk domain ကိုပဲ ယူခဲ့ပါတယ်။ cu.cc  မှာလည်းက PayPal Donation Button ထည့်ပြီး ကိုကြီးတို့ မကြီးတို့ရေ… မုန့်ဖိုးလေး တစ်ပြားနှစ်ပြား မ… စ… ကြပါလို့ အော်ခဲ့ပေမယ့် တစ်နှစ်သာပြည့်သွားတယ်။ တစ်ပြားမှဝင်မလာဘူး။ အဲ့ဒါနဲ့ပဲ အခုလဲ Hosting ကိုသာ သက်တမ်းဆက်တိုးထားပြီး Free Domain နဲ့ပဲ ဆက်သုံးရသပေါ့။ htikagkyaw.comoj.com နဲ့ htikeagkyaw.com ကြားမှာ အဆက်ပြတ်သွားလို့ အစကနေ ပြန်စရသလိုဖြစ်တော့ အခုတော့ htikeagkyaw.com နဲ့ htikeagkyaw.com ကို ချိတ်ထားပါတယ်။ ဘာတွေထူးခြားလာလည်းဆိုတော့ အခုသုံးတဲ့ တီကေ ဒိုမိန်းက top level ဒိုမိန်းဖြစ်လို့ ssl certificate သုံးလို့ရသွားတယ်။ comoj သုံးတုန်းက ကျွန်တော့် Blog အတိုက်ခံရပါတယ်။ User Account တွေတစ်ရက်ထဲ ရာနဲ့ချီဝင်လာတယ်။ Password ကို Brute Force Crack လုပ်တာခံရတယ်။ မဆီမဆိုင် ကြော်ငြာ posts တွေတက်လာတယ်။ ကံကောင်းချင်တော့ အဲ့တုန်းကတော့ မပြုတ်သွားဘူး။ အခု ထပ်ဖြစ်မှာဆိုးလို့ တတ်သလောက်မှတ်သလောက် Security မြှင့်ရတာပေါ့။

အခုလောလောဆယ် ဇော်ဂျီကျန်နေတဲ့ ပို့စ်တွေကို ယူနီကုဒ် ဆက်ပြောင်းမယ်။ ဖြစ်နိုင်ရင် အင်္ဂလိပ်ပို့စ်ကို မြန်မာပြန်၊ မြန်မာပို့စ်တွေအားလုံးကို အင်္ဂလိပ်ပြန်ချင်တယ်။ MMU ရဲ့ Profile ကို တစ်နည်းနည်းနဲ့မြှင့်ပေးချင်တယ်။ ကျောင်းမှာအခုချိန်အထိ Official Webpage မရှိတာကြည့်ပြီး အဲ့လိုမဖြစ်စေချင်ဘူး။ ကိုယ်နိုင်တဲ့တစ်နည်းနည်းနဲ့ ကျောင်းအကြောင်း ရေးပေးချင်တယ်။ ကိုတရုတ် (ကိုပြည့်ဝေအောင်) ရေးထားတဲ့ site ရှိမှန်းတော့သိတယ်။ ကျောင်းကလည်း လုပ်ဖို့ကြိုးစားနေတယ်လို့တော့ ကြားတာပဲ။ နောက်ဆုံး တကယ်အဖြစ်ချင်ဆုံးကတော့ ကျွန်တော်တို့ ရေကြောင်းတက်စဉ်တုန်းက ရှိခဲ့တဲ့ mmustudents.ning.com လို Forum လေးတစ်ခု။ ကျောင်းအကြောင်း၊ Senior, Junior အချင်းချင်း ရိုင်းပင်းကူညီတာမျိုး၊ ကျောင်းကမပြေလည်မှုလေးတွေကို လူကြီးတွေသိအောင်ပြောတာမျိုး၊ စာအကြောင်းဆွေးနွေးတာမျိုး၊ နည်းပညာဆောင်းပါးတွေ၊ နည်းပညာသတင်းတွေ၊ မျက်မှောက်ခေတ်ဘာတွေဖြစ်နေတာလည်းဆိုတာတွေ၊ စာတွေ့လက်တွေ့ဘာတွေကွာခြားလဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ Forum ထက်ပိုတဲ့ Portal တစ်ခုလုပ်ပေးချင်တာပဲ။ ခက်တာက ဒါတွေက တစ်ယောက်ထဲလုပ်ရုံနဲ့မပြီးတဲ့ကိစ္စတွေပါ။ ပြီးတော့ မြန်မာစာရိုက်စနစ် ဇော်ဂျီကလည်း ကောင်းကောင်းကြီး ဒုက္ခပေးဦးမှာလေ။ မကောင်းမှန်းသိပေမယ့်၊ အရိုးစွဲနေတော့လည်း အချိန်တစ်ခုကြာဦးမပေါ့လေ… အခုဆိုရင် ယူနီကုဒ်အကြောင်း ကျွန်တော် စသိခဲ့တာ မရှိဘူးဆိုရင် ၆နှစ်ကျော်လောက်ပြီ။ ခုထိလည်း မသုံးကြသေးဘူး။ အားလုံးသုံးတဲ့ အချိန်တစ်ခုကို စောင့်မျှော်ရင်း…..

အခုလောလောဆယ်တော့ Forum လုပ်နိုင်ဖို့ Implement လုပ်ပြီးပြီ။ User တွေ Register လုပ်လို့ရပြီ။ Groups တွေ Create လုပ်လို့ရတယ်။ Social Networking Platform တစ်ခုလိုလုပ်ချင်ပေမယ့် အဓိကက အချိန်၊ ပိုက်ဆံနဲ့၊ လုပ်အားပဲ။ တစ်ယောက်ထဲနဲ့တော့ တစ်ခုမှဖြစ်လာမှာ မဟုတ်ပါဘူးဗျာ။  ကျွန်တော်ကတော့ ကျွန်တော်ဖြစ်စေချင်တဲ့ဟာတစ်ခုကို ဖြစ်အောင် တစ်ရွေ့ရွေ့တော့ ကြိုးစားသွားမှာပဲ။ အားလုံးအတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ဆုတောင်းရင်း ဤမျှတော့ ဒီလောက်ပါပဲခင်ဗျာ…

 

ထိုက်အောင်ကျော်

 

Summary

(2014~2016) Htike Aung Kyaw’s Blog (WordPress.com)   (Rarely Updated, Myanmar (Zawgyi))
(2014~2015) Htike Aung Kyaw’s Blog (Comoj.com) (Not Available Anymore, Bye Bye!)
(2015~2016) Htike Aung Kyaw’s Blog (Cu.cc) (Will End Support in October 2016)
(2016~Now) Htike Aung Kyaw’s Blog (Tk) (Available in English, Myanmar. Can be used as Forum. HTTPS support)

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

Project Management (Alison.com) – Part 7

05 – System Development Life Cycle စနစ်ဖွံ့ဖြိုးမှု သံသရာခြုံငုံသုံးသပ်ချက် (System Development Life Cycle Overview) သတင်းအချက်အလက်စနစ်များနှင့် ထုတ်ကုန်များ…

10 နှစ် ago

This website uses cookies.