ရေယာဉ်တည်ဆောက်မှု ဗိသုကာပညာ

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html)

သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။ ထို့ကြောင့်ဤကဲ့သို့ဖြစ်စဉ်များအတွက် လူအသက်နှင့်ပစ္စည်းများ ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် နယ်ပယ်တွင် လေ့လာ ဆန်းစစ်မှုများ၊ သတ်မှတ်ချက်များနှင့် ဥပဒေသများကို ပြန်လည်သုံးသပ်ချင့်ချိန် ပြင်ဆင်မှုများကို အစဉ်တစိုက်ပုံမှန်ဆောင်ရွက်နေကြပေသည်။ သင်ဆိုလျှင်လည်း မီးလောင်နေသည့်သင်္ဘော၏ အစွန်းဘက်မှာ လိုက်ပါရတဲ့ ခရီးသည်ဖြစ်ချင်မှာ မဟုတ်ဘူးလေ။

ပုံ(၁): စစ်ဒနီဆိပ်ကမ်းတွင် မီးလောင်နေသည့် ရွက်လှေ
(Courtesy: )
ဒီသတ်မှတ်ပြဌာန်းချက်များကို SOLAS (International Convention for the Safety of Life at Sea) မှာ ဖော်ပြထားပြီး နိုင်ငံတစ်ကာအဆင့်သတ်မှတ်ကာ နိုင်ငံအချင်းချင်း သဘောတူစာချုပ်များရေးထိုးပြီး ပင်လယ်ပြင်တွင်ကုန်ကူးနေသော သင်္ဘောများအတွက် ပြဌာန်းထားသည်မှာ ထူးဆန်းသည့် အရာတစ်ခုတော့မဟုတ်ပေ။ SOLAS ထဲတွင် အနိမ့်ဆုံး အသုံးပြုရမည့် ပစ္စည်းများနှင့် Flag State များ၏ တာဝန်ဖြစ်သည့် လုပ်ဆောင်ပုံအဆင့်ဆင့် ကို စောင့်ကြည့်စစ်ဆေးချက် စံသတ်မှတ်ချက်များကို ဖော်ပြပေးထားသည်။ Classification Societies များကလည်း ၄င်း၏သင်္ဘောများအတွက် ကိုယ်ပိုင်သတ်မှတ်ချက်များရှိသည်။ IMO တွင်လည်း ၄င်း၏သတ်မှတ်ချက်များရှိသည်။ Indian Register of Shipping ကမူ Rules and Regulations for the Construction and Classification of High Speed Crafts and Light Crafts ဟူ၍ပြဌာန်းချက်ရှိသည်။မြန်နှုန်းမြင့်သင်္ဘောများသည် Displacement နည်းကာ သင်္ဘောဆောက်ရာတွင် သမာရိုးကျမဟုတ်သည့် ကုန်ကြမ်းများဖြင့် တည်ဆောက်လေ့ရှိကြသည်။ ဥပမာ – Fibre Reinforced Plastics (FRP/GRP), အလျူမီနီယံအလွိုင်းများ စသည်တို့နှင့် တည်ဆောက်ထားကြသည်။ (ယခင်ရှေးလှေများနှင့်ယှဉ်လျှင် ယနေ့ခေတ် ရွက်လှေ များသည် ပိုမိုမြန်ဆန်ကာ လှပကျော့ရှင်းသည်ကို တွေ့ရပေမည်။) ၄င်းတို့ကို ပုံမှန်သင်္ဘော၊ လှေများမှ နည်းပညာပိုင်းအရ ခွဲခြားရသည့်အခါတွင် အမြန်နှုန်းနှင့် Volumetric Froude Number တို့သည် ပြဌာန်းဥပဒေများကို အသုံးပြုရာတွင် အဓိက သော့ချက်များပင်ဖြစ်သည်။ သင်္ဘောများကို ဒီဇိုင်းရေးဆွဲသည့်အခါတွင် ၄င်းသင်္ဘောသည် အရေးကြုံသည့်အခါနှင့် မီးလောင်ပါကအလျင်အမြန်သိရှိစေရန် (အလွန့်အလွန်မြန်မြန်သိနိုင်ရန်) အချက်ပေးစနစ် (Detection System)၊ မီးသတ်ပစ္စည်းများ (Extinguishing Devices)ကို လူအများအလွယ်တကူ မြင်နိုင်ရန်၊ အသုံးပြုနိုင်ရန်နှင့် ထွက်ပြေးနိုင်သည့် လမ်းကြောင်းများ နှင့်အခြားလမ်းများ (Evacuation Routes and Alternate Routes) ပါမပါ ထည့်သွင်းစဉ်းစားကြည့်ရှုရမည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် ကြောက်ရွံ့ခြောက်ခြား စိတ်က ကျွနု်ပ်တို့၏ အသိဉာဏ်နှင့် ဆင်ချင်တုံတရားကို မှုန်ဝါးသွားစေတတ်သည်။ (In such situations, Panic clouds our reason).ကျွန်ုပ်တို့ မြန်နှုန်းမြင့်သင်္ဘောများ၏ အချက်အချို့ကို လေ့လာကြည့်ကြရအောင်။ ပုံမှန်အားဖြင့် ၄င်းဒီဇိုင်းများသည် လေဝင်လေထွက်စနစ်နှင့် ၄င်းကိုထိန်းငြှိသည့်စနစ်များ၊ မီးကူးဆက်မှုကို ခုခံသည့် အပိုင်းများ စသည့် အသေးစိတ်များကိုပါ General Arrangement Plan နှင့်အတူ အသေးစိတ်ပါရှိကာ Surface Lamination အသုံးပြုထားလျှင်ပင် အသုံးပြုထားသည့် အချက်အလက်များကို ဖော်ပြပေးထားလေ့ရှိသည်။ အရေးကြီးသည့် အတိုင်းအတာအချို့မှ မီးကာကွယ်နိုင်သည့်ကြာချိန် (Fire Protection Time) သို့မဟုတ် သင်္ဘောတွင် Structural Failure မဖြစ်ခင် ခံနိုင်သည့်အချိန်သည် သင်္ဘောအကြီးများနှင့်ဆင်တူပင်ဖြစ်သည်။

ပုံ(၂): SOLAS သဘောတူညီချက်သည် သင်္ဘောများဘေးအန္တရာယ် ကင်းရှင်းစေမှုအတွက် နိုင်ငံတကာစံချိန်များ သတ်မှတ်ခြင်းဖြစ်သည်။
(Courtesy: https://www.imo.org)

အန္တရာယ်ဖြစ်စေနိုင်သည့် အဆင့်သတ်မှတ်ချက်ပေါ်မူတည်၍ ခွဲခြားထားသည့် အပိုင်းများ

သင်သည် မီးလောင်သည့်ဖြစ်စဉ်နှင့် ကြုံရသည့်အခါ ပျက်စီးမှုဖြစ်စေနိုင်သည့် အတိုင်းအတာပေါ်မူတည်၍ အပိုင်းခွဲခြားထားသင့်သည်။

– မီးအန္တရာယ်ကျရောက်နိုင်သည့်အဓိကဧရိယာ
မီးလောင်စေနိုင်သည့်အရည်များထားရှိသိုလှောင်သည့်နေရာများ – မီးလောင်စေနိုင်သည့် အရက်များရောင်းချသိုလှောင်သည့်နေရာများ၊ မီးဖိုခန်း၊ မီးဖိုချောင်များ၊ အင်ဂျင်စက်ခန်း၊ အထူးသဖြင့် Internal Combustion Engine ရှိသည့်နေရာများ နှင့်အခြားစက်ပစ္စည်းရှိ အခန်းများ ပါဝင်သည်။ အချို့နေရာသည် ခရီးသည်များ Fire Safety Crew မပါပဲ ဝင်ရောက်ခွင့်မရှိပါ။

ပုံ(၃): သင်္ဘောပေါ်ရှိ အချို့အစိတ်အပိုင်းများ၊ ဥပမာ မီးဖိုခန်း၊ မီးဖိုချောင်များနှင့် မီးလောင်ရန်လွယ်ကူသော အရည်အငွေ့များ သိုလှောင်ထားသည့် နေရာများကို လိုက်၍ မီးလောင်ရန်လွယ်ကူသည့် ဇုန်များဟု သတ်မှတ်ထားရမည်။
(Courtesy: Dubois Naval Architect)

– မီးအန္တရာယ်အသင့်အတင့်ကျရောက်နိုင်သည့်ဧရိယာ
၄င်းတို့တွင် သင်္ဘောအမှုထမ်းတို့၏ အိပ်ခန်းမဟုတ်သည့် အခန်းများ၊
အရက်ပါအဖျော်ယမကာ ထားသည့် စတိုခန်းများ၊ မီးလောင်လွယ်သောပစ္စည်းများ ရောင်းချခြင်းမရှိသော အခြားဆိုင်များပါဝင်သည်။

– မီးအန္တရာယ်ကျရောက်နိုင်ခြေနည်းသည့် ဧရိယာ
ဤတွင် တိုင်ကီများ (Tanks)၊ နေရာလွတ်များ (Empty Spaces)၊ အများတကာသွားလာနေသည့် မီးလောင်နိုင်ခြေနည်းသည့် ဧရိယာများ (Areas open to public exposed to low or no fire risk)၊ အစားအသောက်များခင်းကျင်းပေးထားသည့် ဧရိယာများ (Areas for refreshment)၊ အချို့ကုန်ပစ္စည်းများ (Certain Cargo) နှင့် စက်ခန်းအချို့(Machinery Spaces) တို့ပါဝင်သည်။

လူနေခန်းများကို မီးအန္တရာယ်ကျရောက်နိုင်သည့် နေရာများနှင့်ခွဲခြားခြင်း

လူနေခန်းနှင့် ခရီးသည်ဧရိယာများကို မီးအန္တရာယ်ကျရောက်နိုင်သည့် နေရာများမှ ခွဲထုတ် ထားရမည်။ ခရီးသည်များကိုလည်း ကုန်လှောင်ခန်း၊ Ro-Ro Spaces, ကားတင်ထားသည့် ဧရိယာများကို ခရီးစဉ်တစ်လျှောက် ဝင်ထွက်ခွင့်မပြုရပေ။

သင်္ဘော၏အချို့နေရာများတွင် Decks and Bulkheads များကို မီးခံပစ္စည်းများဖြင့် တည်ဆောက်ကာ အခြားတစ်ဖက်သည် အတိုင်းအတာတစ်ခုထက် အပူချိန်ပိုမို၍ မတက်လာနိုင်စေရန်ထိန်းပေးထားသည်။

မီးလောင်နိုင်သည့်ဧရိယာ ပေါ်မူတည်၍ ကြာချိန်ကန့်သတ်ချက်များရှိသည့် မီးခံပစ္စည်းများကို အသုံးပြုရသည်။ ၄င်းမီးခံပစ္စည်းများသည် သတ်မှတ်ထားသည့်အချိန် အတွင်း မီးခိုး၊ မီးတောက်များ တစ်ခြားတစ်ဖက်သို့မရောက်ရှိအောင် ကာကွယ်မှုပေးနိုင်အောင် Structural ပိုင်းအရ ဒီဇိုင်းရေးဆွဲထားရမည်။ ဤသည်ကို မီးခံနိုင်သည့် အပိုင်း (Fire Resisting Divisions) များဟုခေါ်သည်။ အများသုံးအိမ်သာများတွင်ပင် လေဝင်လေထွက်ရန် ဟထားသည့် Gap များသည် တံခါး၏အောက်ခြေဘက်သို့ ပို့ထားသည်မှာ အဘယ်ကြောင့်ဟုသင်ထင်ပါသနည်း။

အထက်ဖော်ပြချက်အရ သင်္ဘောတွင်ကန့်ထားသည့် အပိုင်းအလိုက် အသုံးပြုထားသည့် Material များကို အောက်ပါအတိုင်း ခွဲခြားနိုင်ပေလိမ့်မည်။

ပုံ(၄): မီးလောင်နိုင်သည့် ဇုန်များကို ခရီးသည်နှင့် သင်္ဘောသားများ နေထိုင်သည့် အခန်းနှင့် သီးသန့်ဖြစ်စေအောင် စီစဉ်ထားရန် အလွန်ပင် အရေးကြီးသည်။
(Courtesy: https://www.classicyachtforsale.com)

Class “A” Divisions
A အဆင့်သတ်မှတ်ထားသည့် အပိုင်းများသည် အခြားတစ်ဖက် (မီးလောင်သည့်ဘက် မဟုတ်သည့်ဘက်) ရှိအပူချိန်ကို ပျမ်းမျှအများဆုံး ၁၄၀ ဒီဂရီဆဲလ်စီးရပ်စ် ထက်ပိုမလာအောင်၊ မည်သည့်နေရာ၌မဆို အများဆုံး ၁၈၀ ဒီဂရီဆဲလ်စီးရပ်စ် ထက်မပိုအောင် အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ရမည်။ အချိန်အတိုင်းအတာပေါ်မူတည်၍ အသုံးပြုသည့် Material သည် အထက်ဖော်ပြချက်ကို ဖြည့်ဆည်းပေးရမည်။ Class “A” Division ကို အပိုင်းလေးပိုင်း ခွဲခြားသတ်မှတ်နိုင်သည်။

1. A-60: အပူချိန်ကို မိနစ်၆ဝအထိ ထိန်းထားပေးရမည်။
2. A-30: အပူချိန်ကို မိနစ်၃ဝအထိ ထိန်းထားပေးရမည်။
3. A-15: အပူချိန်ကို ၁၅မိနစ်အထိ ထိန်းထားပေးရမည်နှင့်
4. A-0: အပူချိန်ကို စက္ကန့်၆ဝထက် ပိုမထိန်းပေးနိုင်ပါ။

Class “B” Divisions
Bအဆင့် သတ်မှတ်ထားသည့် အပိုင်းများသည် အခြားတစ်ဖက်တွင် အပူချိန်ကို ပျမ်းမျှ ၁၄၀ ဒီဂရီဆဲလ်စီးရပ်စ် နှင့် မည့်သည့်နေရာ၌မဆို ၂၂၅ ဒီဂရီဆဲလ်စီးရပ်စ် ထက်မပိုအောင် အချိန်တစ်ခုအထိထိန်းပေးရမည်။ အချိန်များမှာ

1. B-15: ၁၅မိနစ်အထိ အပူချိန်ထိန်းပေးနိုင်သည်။
2. B-0: စက္ကန့်၆ဝထက် ပိုမထိန်းပေးနိုင်ပါ။

Class “C” Divisions
ဤတွင် အပူချိန်သတ်မှတ်ချက်မရှိပေ။ သို့သော် Classification Societies တို့၏ အသိအမှတ်ပြုပေးခြင်းရှိရမည်။

မီးလောင်လွယ်သောပစ္စည်းများအသုံးပြုမှုကို တတ်နိုင်သမျှလျော့ချခြင်း

အပိုင်းကန့်ထားသည့် သင်္ဘော၏ Ceiling ကဲ့သို့ Fire Resisting Divisionထဲမပါသည့် အပိုင်းအချို့ကို မီးမလောင်လွယ်သောအမျိုးအစား အသုံးပြုသင့်သည်။ ၄င်းတို့ကလည်း မထင်မှတ်ပဲ မီးလောင်ပါက အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပေးနိုင်သည်။ အကာအကွယ်မရှိသည့် လူနေခန်းမှ မျက်နှာပြင်များသည်လည်း မီးလောင်ခြင်းမှဖြစ်လာသည့် မီးခိုးနှင့်အဆိပ်အတောက်များ စစ်ဆေးသည့် စမ်းသပ်ချက်များကို အောင်မြင်ရပေမည်။ ဆေးလိပ်သောက်နိုင်သည့် ဧရိယာနှင့် မသောက်နိုင်သည့် ဧရိယာများကိုလည်း တင်းကြပ်စွာ တားမြစ်ထုတ်ပြန်ထားသည့် ဥပဒေများလည်းရှိသည်။ အိပ်ဇောပိုက်များနှင့် ၄င်းနှင့် ဆက်စပ်နေသည့် Structure များကိုလည်း မီးလောင်နိုင်ခြေရှိသည့်အတွက် ၄င်းတို့ကိုလည်း မီးမလောင်နိုင်သည့်ပစ္စည်းများဖြင့်သာ ဖုံးကာထားသင့်သည်။

မီးလောင်နိုင်ချေရှိသည့် နေရာများတွင် လောင်စာတိုင်ကီများကို မည်သည့်အခါတွင်မှထားရှိခြင်းမပြုသည်ကို တွေ့မြင်ရပေမည်။ အဘယ့်ကြောင့်ဆိုသည်ကို ရှင်းလင်းစွာသိနိုင်ပေသည်။ မီးထပွင့်နိုင်သည့်အမှတ် (Flashpoint) 43’C အောက်ရှိလောင်စာများကို အသုံးပြုခွင့်မပြုပါ။ သို့သော် Gas Turbine များအတွက်မူ 35’C အထိ လက်ခံပေးထား ပေသည်။ မီးခံအပိုင်း (Fire Resistant Divisions) များသည် မီးလောင်သည့်အချိန်တွင် သတ်မှတ်ထားသည့် အချိန်အတိုင်း ခံနိုင်ရည်ရှိမရှိကို စစ်ဆေးချက်များ ပြုလုပ်ထားရမည်ဖြစ်သည်။ ဇယားကွက်များတွင် ၄င်းအချိန်သတ်မှတ်ချက်များကို သင်္ဘော၏လက္ခဏာအဖြစ် ဖော်ပြထားချက်များရှိပေသည်။

ပုံ(၅): သင်္ဘောကြမ်းခင်းများ၊ ရေလုံခန်းဆီးများကို မီးလောင်ရန် မလွယ်ကူသည့် material များ အသုံးပြုတည်ဆောက်ရမည်။ တစ်ခါတစ်ရံ material အလွှာအထပ်များ ထပ်မံကပ်ခြင်းဖြင့်လည်း ကာကွယ်လေ့ရှိကြသည်။
(Courtesy: https://www.firemaster.morganthermalceramics.com )

မီးလောင်ခြင်းနှင့် မီးခိုးကိုရှာဖွေဖော်ထုတ်ခြင်းနှင့် ထိန်းချုပ်ခြင်း

မီးလောင်ခြင်းကို စောစီးလျင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။ မီးလောင်မှုဖြစ်နိုင်ချေများသည့်၊ မီးလောင်နိုင်သည့် နေရာများတွင် Automatic Smoke and Fire Detection စနစ်များ ကိုတပ်ဆင်ထားရမည်။ မည်သည့်အရာကို မည်သည့်နေရာတွင်တပ်ဆင်မည်ဆိုသည်ကိုမူ မီးစတင်လောင်ကျွမ်း နိုင်သည့်နေရာ၏ အသုံးပြုပုံပေါ်တွင်မူတည်ပေလိမ့်မည်။ အပူချိန်ထောက်လှန်းမှု Heat Detector ကို မီးဖိုချောင်များတွင်သုံးပြုသင့်ပြီး စင်္ကြန်များ၊ အိမ်သာများတွင်မူ Smoke Detector များကို တပ်ဆင်သင့်ပေသည်။ Propulsive Machinery ထားသည့်နေရာ များတွင်မူ CCTV (Closed Circuit Television) တပ်ကာ ဗီဒီယိုကို စောင့်ကြပ်ကြည့်ရှုရမည် ဖြစ်သည်။ ၄င်းပစ္စည်းများအတွက် လျှပ်စစ်မီးကိုမူ အခြားအရာများနှင့် မတူညီသည့် Alternative Power Source ဖြင့်အသုံးပြုရပေမည်။

တစ်ခါတစ်လေ မီးစက်များနှင့် Gas Turbine များကို ဆူညံမှုသက်သာစေရန်အတွက် Acoustic Enclosure ပုံးများဖြင့်အလုံပိတ်ထားသည်။ ၄င်းတို့အတွက်ကိုမူ သီးသန့် မီးငြှိမ်းသတ်မှု ပစ္စည်းများ တပ်ဆင်ထားရပေမည်။ ၄င်းစက်ပစ္စည်းများထားရှိသည့်အခန်းများတွင်မီးခံပစ္စည်း များကို အသုံးပြုရပေမည်။ အများသုံးအခန်းများ၊ လူဝင်၍ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ Bulkhead များ၊ Lining များ၊ စင်္ကြန်များ၊ Ceiling များကို မီးကူးမှုနှေးသွားစေရန် ပြုလုပ်ထားရမည်။

ပုံ(၆): မည်သည့် သင်္ဘောအမျိုးအစားမျိုး ဖြစ်ပါစေ၊ မီးနှင့်မီးခိုးကို ထောက်လှမ်းနိုင်သည့် စနစ်များ Fire and smoke detection equipment များ မဖြစ်မနေတပ်သင့်သည်
(Courtesy: Nordhaven)

ပြေးပေါက် (Means of Escape)

ပြေးပေါက်ဆိုသည်တွင် သင်္ဘော၏အခြားအပိုင်းများသို့ သွားရောက်နိုင်သည့် ပုံမှန်သွားနေကျ လမ်းကြောင်းများလည်း ပါဝင်သည်။ ထို့အပြင် အရေးပေါ်အချိန်တွင် အခြားနည်းဖြင့်သွားရောက်နိုင်သည့် လမ်းကြောင်းများ ဥပမာ – Manhole, Porthole များမှ အလွယ်တကူထွက်နိုင်ရန်လည်း စီစဉ်ထားရှိရမည်။ သင်ထားထားသည့် လှေကားများသည် နေရာကျဉ်းမြောင်း နေနိုင်သည့်အတွက် အရေးပေါ်အခြေနေတွင် အလွယ်တကူအသုံးပြုနိုင်အောင် စီစဉ်ထားရမည်။ ဤကဲ့သို့ လမ်းပေါက်များကို ထွက်ပြေးရန် သို့မဟုတ် ပိတ်မိနေသူကို ဝင်ရောက်ကယ်ဆယ်နိုင်ရန် မီးလောင်သည့်နေရာမှတဆင့် ဖြတ်သန်းရန် မလိုအပ်အောင် စီစဉ်ဆောင်ရွက်ထားရပေမယ်။

ပုံ(၆): ထွက်ပြေးနိုင်သည့် ပြေးပေါက်များ၊ ပြေးလမ်းများကို  ထင်ရှားစွာ အမှတ်အသားများ ဖြင့် ဖော်ပြပေးထားရမည်။ သို့မှသာ မြောက်မြားစွာသော အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကာ ထွက်ပြေးစဉ်အတွင်း ထိပ်လန့်မှု၊ ရုန်းရင်းဆန်ခတ်များ မဖြစ်ပွားပဲ အလွယ်တကူ လွတ်မြောက်နိုင်မည်ဖြစ်သည်။
(Courtesy: https://www.firemart.co.uk )

မီးငြှိမ်းသတ်မှုပစ္စည်းများထားရှိမှု

သင်္ဘောသား သို့မဟုတ် ခရီးသည်များသည် ၄င်းတို့၏ ထွက်ပေါက်ကို ပိတ်ဆို့နေစေသည့် မီးကို ငြှိမ်းသတ်ရန် ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူသည့် မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ်ရေး ဝတ်စုံများကို ထားရှိပေးထားရမည်။ မီးသတ်ဆေးဘူးများကို စက်ခန်းများတွင် အဓိက ထားရှိရမည်ဖြစ်ပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ထားရမည်။ မီးလောင်သည့်အခါ လွယ်လွယ် ကူကူနှင့် အဆင်သင့် အသုံးပြုနိုင်အောင် စီစဉ်ထားရှိရမည်။ Control Station များ၊ လျှပ်စစ်ပစ္စည်းများအနီးတွင်မူ မီးငြိှမ်းသတ်မှု ကိရိယာများသည် လျှပ်ကူးပစ္စည်းများ ဖြစ်၍ မရပါ။ မီးသတ်ပိုက်၊ ပိုက်ခေါင်းများနှင့် ဘုံပိုင်ခေါင်းများသည်လည်း မီးငြိမ်းသတ်ရေးတွင် အသုံးဝင်သည်။

မီးသတ်ဝတ်စုံများသည်လည်း မီးဒဏ်ခံနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားရမည် ဖြစ်သည့်အပြင် အပူဒဏ်၊ ရေစိုဒဏ် နှင့် လျှပ်စစ်စီးဆင်းမှုကို ကာကွယ်တားဆီးနိုင်ရပေမည်။ Protective Helmets ကာကွယ်ရေးဦးထုပ်များ တွင်လည်း ကြာရှည်အထွန်းခံမည့် မီးများပါရှိသင့်သည်။ အသက်ရှုမှု အထောက်အကူပြုပစ္စည်းများသည်လည်း အနည်းဆုံး မိနစ်၃ဝကြာအောင် အသုံးပြုနိုင်ရမည် ဖြစ်ပါသည်။

LSD

ပုံ(၇): စနစ်တကျ အကွာအဝေးညီညီ ထားရှိထားရမည့် လုံလောက်သောပမာဏရှိ မီးငြှိမ်းသတ်ရေး ကိရိယာများသည် အရေးပေါ်အခြေအနေတွင် များစွာ အထောက်အကူ ဖြစ်စေသည်။
(Courtesy: https://www.wikimedia.org )

ဆောင်းပါးရှင် – Sudripto Khasnabis

 

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

Project Management (Alison.com) – Part 7

05 – System Development Life Cycle စနစ်ဖွံ့ဖြိုးမှု သံသရာခြုံငုံသုံးသပ်ချက် (System Development Life Cycle Overview) သတင်းအချက်အလက်စနစ်များနှင့် ထုတ်ကုန်များ…

10 နှစ် ago

This website uses cookies.