ကျွန်ုပ်အကြောင်း

မင်္ဂလာပါ၊ လှိုက်လှဲစွာကြိုဆိုခြင်းနှင့် ကျွန်ုပ်အကြောင်းမိတ်ဆက်

အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုတဲ့အတွက်ရော စိတ်ဝင်စားတဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်အကြောင်းကို ရင်းနှီးစွာ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်နာမည်ကတော့ ထိုက်အောင်ကျော်ပါ။ ၁၉၉၁ ခုနှစ်မှာမွေးပြီး၊ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း မှာ ၁၉၉၅ ကနေ ၂၀၀၇ အထိပညာသင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာရပ် ၆ ခုရှိတဲ့အထဲမှာ ၄ ဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ်အထိကိုတော့ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ရေယာဉ်တည်ဆောက်မှုဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ နောက်ဆုံးနှစ် အဆင့်သတ်မှတ်ချက် (Final Year GPA) ၄.၂၂ / ၅.၀ နဲ့ ပျမ်းမျှနှစ်စဉ် အဆင့်သတ်မှတ်ချက် (Culmulative GPA) ၃.၈၃ / ၅.၀ ရရှိခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်သင်ကြားနေစဉ် ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုအချို့ကို အောက်မှာဖော်ပြထားပါတယ်။

− နှစ်စဉ်ကြက်တောင်ရိုက်ပြိုင်ပွဲများကို ပါဝင်ဆင်နွဲခြင်း၊
− ရေယာဉ်ပုံစံငယ် တည်ဆောက်ခြင်းနှင့် Resistance Testing ကို Towing Tank တွင် စမ်းသပ်ခြင်း၊
− နှစ်စဉ် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ၏ အသင်းဝင်အဖြစ်ပါဝင်ခြင်း၊
− ရေယာဉ်တည်ဆောက်မှုနှင့် အဏ္ဏဝါအင်ဂျင်နီယာဌာနအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပနိုင်ရေးကော်မတီ၏ အသင်းဝင်အဖြစ်ပါဝင်ခြင်း၊
− စီနီယာကျောင်းသားများ၏ နောက်ဆုံးနှစ်စာတမ်းဖြစ်သည့် “ Pollution Control from Ship” ကို ၎င်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တင်ပြပေးနိုင်ရန် ကူညီခဲ့ခြင်း၊
− နောက်ဆုံးနှစ် ဘွဲ့ယူစာတမ်းဖြစ်သည့် “ Design of a Pleasure Craft with Catamaran Hull” ခေါင်းစဉ်နှင့် စာတမ်းပြုစုရေးသားခြင်း။ စသည်တို့ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ စီသန်းနှင့် ရောင်းရင်းများ ရေယာဉ်ဒီဇိုင်း၊ တည်ဆောက်မှုနှင့် အထွေထွေအကြံပေး ကုမ္ပဏီလီမိတက်မှာ အငယ်တန်း ရေယာဉ်တည်ဆောက်သူ အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ မြန်ရွှေပြည်ယန္တရားလီမိတက် (MSP CAT, မြန်မာပြည်၏ Caterpillar ထုတ်ကုန် Authorized Dealer) တွင် Sales and Application အင်ဂျင်နီယာ၊ ရေကြောင်းဌာနစိတ်၊ Project Development and Application Engineering ဌာနခွဲ, Energy and Transportation ဌာနတွင် တာဝန်ယူခဲ့ရပါသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ မှာတော့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာရှိတဲ့ အိုဆာကာတက္ကသိုလ်ရဲ့ ဘွဲ့လွန် အင်ဂျင်နီယာကျောင်းမှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ Global Architecture ဘာသာရပ်ကို လေ့လာခဲ့ပြီး Maritime and Urban Engineering ကို သင်ကြားခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာတော့ အိုဆာကာတက္ကသိုလ်ကနေ ချီးမြှင့်တဲ့ အင်ဂျင်နီယာ မာစတာဘွဲ့ကို ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ကနေ ၂၀၁၈ ခုနှစ် ဧပြီလအထိ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်ရှိ University of Iowa ရဲ့ IIHR ဌာနမှာ ၅လကြာ အလုပ်လုပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းတစ်စုနှင့် Innovation Awaits လို့ခေါ်တဲ့ ၃ဖက်မြင်ပရင့်ထုတ်ခြင်း (3D Printing)၊ လေဆာအသုံးပြု ပုံထွင်းခြင်း (Laser Engraving)၊ လေဆာအသုံးပြု ဖြတ်တောက်ခြင်း (Laser Cutting) နဲ့ အသေးစား စီအန်စီအသုံးပြု ပုံထွင်းခြင်း (Small Scale CNC Routing) ဝန်ဆောင်မှုတွေကို ပေးတဲ့ အဖွဲ့လေး စတင် ဖွဲ့စည်းပြီး ဝန်ဆောင်မှုတွေပေးနေပါတယ်။

ဟုတ်ပါပြီဗျာ။ ကျွန်တော့်အကြောင်းတော့ စုံစုံလင်လင်ပြောပြီးပါပြီ။ နောက်ဆုံး ကျွန်တော့် အခြေအနေနဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ အတွက်ကိုတော့ ကျွန်တော့်ရဲ့ Linkedin စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်ဗျာ။

ကဲ… နောက်တစ်ခါထပ်ပြီး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပါဗျာ။

လေးစားစွာဖြင့်
ထိုက်အောင်ကျော်

အမည် − ထိုက်အောင်ကျော်
အီးမေးလ် − htikeaungkyaw[at]gmail.com
ဖေ့စ်ဘုတ်
Twitter
LinkedIn

Last Updated – 2020-01-16

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.