မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၀)

အခန်း – ၀၂၊ အပိုင်း – ၀၉ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

၁၆။ အကြောင်းများစွာ အကျိုးတစ်ပါးသာလော

“အရှင်နာဂသေနဘုရား၊ ဆိုခဲ့ပြီးသောတရားတို့သည် တစ်သီးတခြား ကွဲပြားကြပါလျက် တစ်ပါး တည်းသော အကျိုးကို ပြီးစေပါသလော”

“မင်းမြတ်၊ မှန်ပေ၏။ ထိုတရားတို့သည် ကိလေသာကို သတ်နိုင်ကြပေကုန်၏”

“ထိုတရားတို့သည် အဘယ်သို့လျှင် တစ်ပါးတည်းသောအကျိုးကို ပြီးစေပါကုန်သနည်း။ အဘယ်သို့လျှင် ကိလေသာကို သတ်ကြပါကုန်သနည်း။ ဥပမာ ပြုတော်မူပါဦး”

“မင်းမြတ်၊ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် တို့သည် တစ်သီးတခြား ကွဲပြားကြပါလျက် စစ်မြေပြင်၌ တစ်ဖက်မှစစ်သည်များကို နှိမ်နင်းအောင်မြင်ခြင်းဟူသော အကျိုးတရား တစ်ပါးတည်းကိုသာ ပြီးစေကြကုန်၏။ ဤအတူပင်၊ ထိုအရာတို့သည်လည်း တစ်သီးတခြား ကွဲပြားကြပါလျက် တစ်ပါးတည်းသော အကျိုးကိုသာ ပြီးစေကြပေကုန်၏”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

**************************************************************************************

ဤတွင် မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ ပြီးဆုံးပါပြီ။ အခန်း – ၀၂ ၏ အဒ္ဓါနဝဂ် အခန်းကို နောက်ရက်များတွင် ဆက်လက်တင်ဆက်ပေးပါ့မည်။

 

ဆက်ရန် –

 

htikeagkyaw

Recent Posts

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၄)

အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော "အရှင်နာဂသေနဘုရား၊…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၃)

အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း "အရှင်နာဂသေနဘုရား၊…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၂)

အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၁)

မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၀၉)

အခန်း – ၀၂၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၄။ သမာဓိသည် အဘယ်လက္ခဏာ ရှိသနည်း…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၀၈)

အခန်း – ၀၂၊ အပိုင်း – ၀၇ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၂။ ဝီရိယသည် အဘယ်လက္ခဏာ ရှိသနည်း…

9 years ago

This website uses cookies.