Categories: Uncategorized

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၀၉)

အခန်း – ၀၂၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

၁၄။ သမာဓိသည် အဘယ်လက္ခဏာ ရှိသနည်း

“အရှင်နာဂသေနဘုရား၊ သမာဓိသည် အဘယ်လက္ခဏာ ရှိပါသနည်း”

“မင်းမြတ်၊ သမာဓိသည် အကြီးအမှူးဖြစ်ခြင်းလက္ခဏာ ရှိ၏။ သမာဓိသည် ကုသိုလ်တရား အားလုံးတို့၏ အကြီးအမှူးဖြစ်၏။ ကုသိုလ်တရားအားလုံးတို့သည် သမာဓိ၌ ညွှတ်ကုန်၏၊ ကိုင်းကုန်၏၊ ရှိုင်းကုန်၏”

“အရှင်ဘုရား၊ ဥပမာ ပြတော်မူပါဦး”

“မင်းမြတ်၊ အထွတ်တပ်သော အိမ်၏အခြင်ရနယ်ဟူသမျှသည် အထွတ်မှာ စုရုံးပေါင်းဆုံ ကြရကုန်၏။ အထွတ်သည် အခြင်ရနယ်ဟူသမျှတို့ထက် အချက်အချာကျ၍ မြင့်မြတ်၏။ ဤအတူပင် သမာဓိသည် ကုသိုလ်တရားအားလုံးတို့၏ အကြီးအမှူးဖြစ်၏။ ကုသိုလ်တရားအားလုံး တို့သည် သမာဓိ၌ ညွှတ်ကုန်၏၊ ကိုင်းကုန်၏၊ ရှိုင်းကုန်၏”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

၁၅။ ပညာသည် အဘယ်လက္ခဏာ ရှိသနည်း

“အရှင်နာဂသေနဘုရား၊ ပညာသည် အဘယ်လက္ခဏာ ရှိပါသနည်း”

“မင်းမြတ်၊ မနသိကာရ ပြဿနာ၌ပင် ‘ပညာသည် ပိုင်းဖြတ်ခြင်း လက္ခဏာရှိ၏’ ဟု ဖြေဆိုခဲ့ပေပြီ။ ယခုတစ်ဖန် တစ်နည်းအားဖြင့် ဖြေရသော်ကား ပညာသည် ထွန်းလင်းတောက်ပခြင်းလက္ခဏာ ရှိ၏။”

“အရှင်ဘုရား၊ ပညာသည် အဘယ်ကဲ့သို့ ထွန်းလင်းတောက်ပခြင်းလက္ခဏာ ရှိပါသနည်း”

“မင်းမြတ်၊ ပညာဖြစ်ပေါ်လာလတ်သော် အဝိဇ္ဇာ၊ အမိုက်တိုက်ကို တိုက်ထုတ်ဖျက်ဆီး၏။ ဝိဇ္ဇာဉာဏ် အလင်းရောင် ထွန်းပြောင်လာ၏။ အရိယာသစ္စာတို့ကို ထင်ထင်ရှားရှား သိမြင်လာ၏။ ထို့ကြောင့်ပင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကို ဖြောင့်ဖြောင့်မှန်မှန် ဉာဏ်ဖြင့် ရှုမြင်နိုင်ပေ၏။”

“အရှင်ဘုရား၊ ဥပမာ ပြတော်မူပါဦး”

“မင်းမြတ်၊ ယောက်ျားတစ်ယောက်သည် မိုက်မှောင်သောအိမ်ထဲ၌ ဆီမီးထွန်းညှိလိုက်ရာ ဆီမီးသည် အမိုက်မှောင်ကို တိုက်ထုတ်၏။ အလင်းရောင်ကို တောက်ပြောင်စေ၏။ ထိုအလင်းရောင်ဖြင့် အိမ်ခန်းထဲရှိ အရာဝတ္ထုတို့၏ အဆင်းအရောင်တို့ကို ထင်ထင်ရှားရှားသိမြင်လာ၏။ ဤအတူသာပင်၊ ပညာဖြစ်ပေါ်လာလတ်သော် အဝိဇ္ဇာ၊ အမိုက်တိုက်ကို တိုက်ထုတ်ဖျက်ဆီး၏။ ဝိဇ္ဇာဉာဏ်အလင်းရောင် ထွန်းပြောင်လာ၏။ အရိယာသစ္စာတို့ကို ထင်ရှားစွာသိမြင်လာ၏။ ထို့ကြောင့်ပင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကို ဖြောင့်ဖြောင့်မှန်မှန် ဉာဏ်ဖြင့် ရှုမြင်နိုင်ပေ၏”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

 

ဆက်ရန် –

htikeagkyaw

Recent Posts

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၄)

အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော "အရှင်နာဂသေနဘုရား၊…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၃)

အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း "အရှင်နာဂသေနဘုရား၊…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၂)

အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၁)

မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၀)

အခန်း – ၀၂၊ အပိုင်း – ၀၉ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၆။ အကြောင်းများစွာ အကျိုးတစ်ပါးသာလော "အရှင်နာဂသေနဘုရား၊…

9 years ago

မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၀၈)

အခန်း – ၀၂၊ အပိုင်း – ၀၇ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၂။ ဝီရိယသည် အဘယ်လက္ခဏာ ရှိသနည်း…

9 years ago

This website uses cookies.