အခန်း – ၀၂၊ အပိုင်း – ၀၂ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၄။ လေသည် အသက်လော
အထက်ပါ ပြဿနာကို မေး၍ ဖြေ၍ ပြီးချိန်တွင် နေဝင်ခါ နီးသွားသဖြင့် မိလိန္ဒမင်းသည် အရှင်နာဂသေနထံ ခွင့်ပန်ကာ နန်းတော်သို့ ပြန်သွား၏။ နာဂသေန၊ နာဂသေန ဟူ၍လည်း တစ်လမ်းလုံး ရွတ်ဆိုသွား၏။ မိလိန္ဒမင်းက အမိန့်ပေးထားသဖြင့် ဒေဝမန္တိယ အမတ်သည် အရှင်နာဂသေနအား နက်ဖြန်တွင် မိလိန္ဒမင်းနှင့် ပြောဆိုဆွေးနွေးတော်မူရန် ပင့်လျှောက်၏။ အရှင်နာဂသေနကလည်း လက်ခံလိုက်၏။
နောက်တစ်နေ့နံနက်တွင် ဒေဝမန္တိယ၊ အနန္တကာယ၊ မင်္ကုရ၊ သဗ္ဗဒိန္န ဟူသော အမတ် လေးယောက်တို့သည် မိလိန္ဒမင်းထံ ချဉ်းကပ်လာကြကုန်၏။ ထိုတွင် သဗ္ဗဒိန္နအမတ်က “အရှင်မင်းကြီး၊ အရှင်နာဂသေနကို ရဟန်းတစ်ကျိပ်နှင့် ကြွလာစေရန် လျှောက်ထားရမည်လော” လျှောက်တင်၏။ မိလိန္ဒမင်းက “အလိုရှိသလောက် ရဟန်းများနှင့် ကြွလာတော်မူပါစေဟု” မိန့်ဆို၏။ ဤသို့ မိန့်ဆို သည့်အကြားမှပင် သဗ္ဗဒိန္နအမတ်က ယခင်အတိုင်း ထပ်မံ၍ သုံးကြိမ် သုံးခါ လျှောက်တင်လေရာ မိလိန္ဒမင်းက “ငါတို့သည် ရဟန်းများစွာအား ဆွမ်းကပ်ခြင်းငှာ မစွမ်းနိုင်ကုန်သလော” ဟု ကြိမ်းမောင်း၏။ ဤတွင်မှ သဗ္ဗဒိန္နအမတ် မျက်နှာ မသာမယာဖြစ်သွား ရလေသည်။
ထို့နောက် အမတ်လေးယောက်တို့သည် အရှင်နာဂသေနထံ ချဉ်းကပ်ကာ “အရှင်ဘုရား၊ အလိုရှိသမျှ ရဟန်းများနှင့်တကွ ကြွတော်မူပါ” ဟု လျှောက်ထားကြ၏။ အရှင်နာဂသေနသည် ရဟန်းရှစ်သောင်းနှင့်တကွ နန်းတော်သို့ ကြွလာ၏။ လမ်းခရီး၌ အနန္တကာယ အမတ်သည် အရှင်နာဂသေနထံ ချဉ်းကပ်၍ အောက်ပါပြဿနာကို မေးလျှောက်၏။
“အရှင်ဘုရား၊ နာဂသေနဟူသော စကား၌ အဘယ်သည် နာဂသေန ဖြစ်ပါသနည်း”
“အဘယ်ကို နာဂသေနဟူ၍ သင်ထင်မှတ်ပါသနည်း”
“အရှင်ဘုရား၊ ကိုယ်တွင်းလေဟု ဆိုအပ်သော အသက်သည် အတွင်းသို့လည်း ဝင်ပါ၏။ အပြင်သို့လည်း ထွက်ပါ၏။ ဝင်၍ ထွက်နေသော ထိုလေကို နာဂသေန ဟု မှတ်ထင်ပါသည် အရှင်ဘုရား”
“အသက်ခေါ်သော ဤလေသည် အပြင်သို့ ထွက်ပြီး နောက် အတွင်းသို့ မဝင်ခဲ့ပါလျှင်၊ အတွင်းသို့ ဝင်ပြီးနောက် အပြင်သို့ မထွက်ခဲ့ပါလျှင် ထိုယောက်ျားသည် အသက်ရှင်ပါဦးမည်လော”
“အသက်မရှင်နိုင်တော့ပါဘုရား”
“ခရုသင်းမှုတ်သောသူတို့ ခရုသင်းကို မှုတ်သောအခါ သူတို့ကိုယ်တွင်းမှ ထုတ်လွှတ်လိုက်သော လေသည် သူတို့ ကိုယ်တွင်းသို့ ပြန်၍ ဝင်ပါသေးသလော”
“ပြန်၍ မဝင်တော့ပါ ဘုရား”
ပလွေမှုတ်သောသူ၊ တံပိုးမှုတ်သောသူတို့နှင့် ပတ်သက်၍လည်း ဤသို့ပင် အမေးအဖြေ ပြုကြ၏။
“ထိုကဲ့သို့ ဖြစ်ပါလျက် ထိုသူတို့သည် အဘယ်ကြောင့် အသက်မသေကြပါကုန်သနည်း”
“တပည့်တော်သည် စကားကပ်၍ ပြောဆိုတတ်သော အရှင်ဘုရားနှင့် စကားဖက်ပြိုင် မပြောနိုင်တော့ပါ။ လိုအပ်သော အနက်အဓိပ္ပာယ်ကို ဟောကြားတော်မူပါရန် တောင်းပန်ပါ၏ ဘုရား”
“သင်ပြောဆိုသောလေသည် အသက် မဟုတ်ချေ။ ဤလေသည်ကား ကရဇယာယ တည်းဟူသော စတိသမုဋ္ဌာနီက ရုပ်အပေါင်းက ပြုပြင်စီမံထားသော ထွက်သက် ဝင်သက်တို့သာတည်း”
ဤသို့ အရှင်နာဂသေနက သင်္ခါရယမိုက် ပါဠိတော်မှာ လာရှိသော အဘိဓမ္မာ တရားသဘော တို့ကို မိန့်ကြားဖြေရှင်းလိုက်လေရာ အနန္တကာယအမတ်သည် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သော ဥပါသိကာ တစ်ယောက် ဖြစ်လာလေ၏။
ဆက်ရန် –
အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော…
မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို…
အခန်း – ၀၂၊ အပိုင်း – ၀၉ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၆။ အကြောင်းများစွာ အကျိုးတစ်ပါးသာလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၄။ သမာဓိသည် အဘယ်လက္ခဏာ ရှိသနည်း…
This website uses cookies.