မင်္ဂလာပါ။ ကျွန်တော် ကတော့

ထိုက်အောင်ကျော် ပါ...

ကျွန်တော့် ဝက်ဘ်ဆိုက်ကနေ ကြိုဆိုပါတယ်!

၁မိနစ်အတွင်း #ကျွန်တော့်အကြောင်း

နာမည်က ထိုက်အောင်ကျော်ပါ။ ရန်ကုန်ကပါ။ ကျွန်တော်က ဝါသနာစုံတယ်ဗျ၊ သင်လွယ်တတ်လွယ်ထဲပါတယ်လို့ ပြောရမှာပဲ။

ကျောင်းတွေအနေနဲ့ကတော့ မူလတန်းကနေ အထက်တန်းအထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီတီစီ – ကမာရွတ်) မှာတက်ခဲ့တယ်။ ရေယာဉ်တည်ဆောက်မှုပညာ အင်ဂျင်နီယာဘွဲ့ကိုတော့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ကရခဲ့တယ်။ အင်ဂျင်နီယာ မာစတာဘွဲ့ကို ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်ကနေ ကမ္ဘာလုံးဆိုင်ရာ ဗိသုကာပညာရပ်ကို အထူးပြုပြီး ရခဲ့ပါတယ်။

ကျွန်တော့်ဘဝတစ်လျှောက် ကုမ္ပဏီအမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးမှာ အလုပ်သင်၊ အချိန်ပိုင်းနှင့် အချိန်ပြည့်အလုပ်တွေ လုပ်ခဲ့ပြီး အဲ့လိုနေရာတွေမှာ အလုပ်လုပ်နေရင်း ဒီဝက်ဘ်စာမျက်နှာနှင့် ဘလော့ဂ်ကို ကျွန်တော့်ဘဝမှာ လုပ်ဆောင်ခဲ့တာလေးတွေနဲ့ တွေ့ကြုံခဲ့တာတွေကို မှတ်တမ်းတင်ဖို့ ၂၀၁၄ ခုနှစ်ကနေစပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

တွေ့ရတာ ဝမ်းသာပါတယ်!
Nice to Meet You!
よろしくお願いします!

Htike Aung Kyaw

လူမှုကွန်ယက် စာမျက်နှာတွေကို Follow လုပ်ပေးကြပါ!​

ခင်ဗျားက လန်းတယ်ဗျာ!

ကျွန်တော့်လည်း အဲ့လိုထင်ခံရရင် မိုက်မှာပဲ...

#InnovateMM

ကျွန်တော်က Innovation Awaits ရဲ့ တွဲဖက်တည်ထောင်သူ တစ်ယောက်လည်းဖြစ်၊ ဒစ်ဂျစ်တယ် ထုတ်လုပ်ခြင်း လုပ်ငန်းလည်ပတ်မှု မန်နေဂျာ တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ Innovation Awaits ဟာဆိုရင် ၃ဖက်မြင် ပုံထုတ်လုပ်ခြင်း (3D Printing)၊ လေဆာအသုံးပြု ဖြတ်တောက်ခြင်းနှင့် ပုံထွင်းခြင်း (Laser Cutting and Engraving) နှင့်အတူ အသေးစား စီအင်စီ ပုံထွင်းခြင်း (Small Scale CNC Routing) ဝန်ဆောင်မှုများပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း 3D Print ထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ် ထုတ်လုပ်ခြင်း ဝန်ဆောင်မှုပေးသူဖြစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှူတွေကို အထူးပြုပြီး ဒီမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအကြား ဒစ်ဂျစ်တယ် ထုတ်လုပ်မှုနှင့် နည်းပညာကို ပိုမိုအသုံးချနိုင်လာစေဖို့ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာနယ်ပယ် တစ်စိတ်တစ်ပိုင်းကို မြှင့်တင်နိုင်ဖို့ကြိုးစားနေပြီး ကျောင်းသား ကျောင်းသူများ၊ မိမိကိုယ်တိုင် တီထွင်ပြုပြင်ဆောင်ရွက်လိုသည့် စိတ်အားထက်သန်သူများ၊ 3D ဒီဇိုင်းဆွဲသူများနှင့် အင်ဂျင်နီယာ ကုမ္ပဏီများကို ပေါင်းစပ်ကုန်ထုတ်လုပ်ခြင်းနှင့် ခွဲထုတ်နုတ်ယူခြင်း ဖြင့် ဆောင်ရွက်ရသည့် အကောင်းမွန်ဆုံး ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အစဉ်ကြိုးစားနေပါတယ်။

3D Printing Icon

သုံးဖက်မြင် ပုံထုတ်လုပ်ခြင်း

(3D Printing)

ထပ်ပေါင်းစပ်သည့်နည်းလမ်းကိုအသုံးပြု၍ တစ်လွှာခြင်းစီ ကုန်ကြမ်းပစ္စည်းထပ်ထပ်ပေါင်းထည့်ကာ လိုချင်သည့် သုံးဖက်မြင် အရာဝတ္ထု ထွက်လာစေသည့် ကုန်ထုတ်လုပ်မှုနည်း

Laser Engraving Icon

လေဆာ အသုံးပြု ဖြတ်တောက်ခြင်း
နှင့် ပုံထွင်းခြင်း
(Laser Cutting & Engraving)

လေဆာရောင်ခြည်ကို အသုံးပြုကာ ဝတ္တု၏မျက်နှာပြင်ကို ဖြစ်တောက်ခြင်း သို့မဟုတ် ပုံစံပြောင်းလဲစေခြင်းမျိုး ပြုလုပ်သည့် ဖဲ့ထုတ်ကုန်ထုတ်လုပ်နည်း

CNC Icon

အသေးစား စီအန်စီ အသုံးပြု
ပုံထွင်းခြင်း
(Small Scale CNC Routing)

မာကြောသည့် ကုန်ကြမ်းဝတ္ထုကို ကွန်ပြူတာ လုပ်ငန်းစဉ်ကို အသုံးပြု မောင်းနှင်ထိန်းချုပ်ကာ ဖဲ့ထုတ် ဖြတ်ထုတ်သည့် ကုန်ထုတ်လုပ်နည်း

မကြာသေးမီက ဆောင်ရွက်ခဲ့သည့် အရာအချို့

မကြာသေးမီက Innovation Awaits အဖွဲ့နှင့် အတူတကွဆောင်ရွက်စဉ် လုပ်ကိုင်ခဲ့သည့် အရာအချို့ကို ဤတွင်ဖော်ပြထားသည်။ သင့်ထင်မြင်ချက်ပေးပါ…

ကျွမ်းကျင်မှုများ

ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ

အင်ဂျင်နီယာ၊ ပရောဂျက် အင်ဂျင်နီယာ
၁၃ နှစ်
ကွန်ပြူတာ အထောက်အကူပြု ဒီဇိုင်းနှင့် ကုန်ထုတ်လုပ်ခြင်း
၉ နှစ်
စီမံခန့်ခွဲမှု၊ စီးပွားရေး ဖွံ့ဖြိုးစေမှု
၄ နှစ်
ဒစ်ဂျစ်တယ် ကုန်ထုတ်လုပ်ခြင်း
၂ နှစ်
သုံးဖက်မြင် ပုံထုတ်လုပ်ခြင်းနှင့် ပေါင်းစပ်ကုန်ထုတ်လုပ်ခြင်း
၂ နှစ်
လေဆာအသုံးပြု ပုံထွင်း/ဖြတ်တောက်ခြင်း၊ ကွန်ပြူတာအသုံးပြု ဖြတ်တောက်ခြင်း
၁ နှစ်

ရေကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများ

ရေကြောင်းပညာရပ်
၁၁ နှစ်
ရေယာဉ်တည်ဆောက်မှု ပညာရပ်
၇ နှစ်
သင်္ဘောတည်ဆောက်ခြင်း
၄ နှစ်
သင်္ဘောဒီဇိုင်းရေးဆွဲခြင်း
၅ နှစ်
ရေကြောင်းအင်ဂျင်နီယာ ဘာသာရပ်
၁ နှစ်
ရေကြောင်း ကုန်စည် လည်ပတ်မှု
၅ နှစ်