05 – System Development Life Cycle
စနစ်ဖွံ့ဖြိုးမှု သံသရာခြုံငုံသုံးသပ်ချက် (System Development Life Cycle Overview)
သတင်းအချက်အလက်စနစ်များနှင့် ထုတ်ကုန်များ (Information Systems and Products) သည် အလိုအလျှောက်ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ များသောအားဖြင့် ကြုံတွေ့ခဲ့ရသည့်ပြဿနာများကို မည်သို့ဖြေရှင်းခဲ့သည့်အပေါ်မှ ရလဒ်များဖြစ်သည်။ အအောင်မြင်ဆုံး သတင်းအချက်အလက်နှင့် နည်းပညာစနစ်များသည် အဖွဲ့အစည်းတစ်ခုအတွင်း ပြဿနာကိုမည်သို့ စည်းစနစ်တကျ ပြေလည်အောင် ဖြေရှင်းထားသည်များပင် ဖြစ်သည်။ သတင်းအချက်အလက်ထုတ်ကုန်နှင့်စနစ်များ၏ တိုးတက်မှုသည် အများအားဖြင့် ထင်ရှားသည့် လုပ်ငန်းစဉ်၏အဆင့်အချို့ကို ဖြတ်သန်းရစမြဲပင်ဖြစ်သည်။
စနစ်သံသရာ (System Life Cycle) ၊ စနစ်ဖွံ့ဖြိုးမှုသံသရာ (System Development Life Cycle) နှင့် စနစ်ဖွံ့ဖြိုးမှုနည်းပညာ (System Development Methodology) ဟူ၍ ထိုလုပ်ငန်းစဉ်ကို အမည်အမျိုးမျိုး ခေါ်တွင်စေကြသည်။ ဤနေရာမှစ၍ကျွန်ုပ်တို့ System Development Life Cycle (SDLC) ဟုခေါ်ဆိုကြမည်။ သို့သော် မည်သို့အခေါ်အဝေါ် ပြောင်းစေကာမူ အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။
ဤအလုပ်ကြော်ငြာစာတစ်ခုတွင် SDLC ကို လုပ်ငန်းသုံးဝေါဟရ (Industry Term) အဖြစ် အသုံးပြုထားသည် ကို တွေ့ရမည်။
အဆင့် (Phase) တစ်ခုစီတိုင်းတွင် အလုပ်ပြီးမြောက်ရန်နှင့် နောက်ဆုံးထွက်ကုန် (Final Product) ရရှိလာစေရန် ဆက်တိုက်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်စဉ်များ (Series of Events) ၊ အဆင့်များ (Steps) ပါဝင်သည်။
×××××××××××××××××××××××××××××××××××××××××
အလုပ်အမည် – ပရောဂျက် မန်နေဂျာ – End to End Testing
$110,000 package
ကျွန်ုပ်တို့ဖောက်သည်သည် နိုင်ငံ့ဂုဏ်ဆောင်ဖြစ်သည်။ ဤအသစ်ခေါ်သည့် အလုပ်နေရာတွင် သင်သည် လုပ်ငန်း၏အိုင်တီပရောဂျက်များ ဖွံ့ဖြိုးမှု ၊ စီမံခန့်ခွဲခြင်းနှင့် End to End Testing လုပ်ငန်းစဉ် တို့ကို ထိန်းသိမ်းကြည့်ရှု ကြပ်မတ်ရမည်ဖြစ်သည်။ သင်သည် E-E Testing, စီမံခန့်ခွဲခြင်း၊ ညှိုနှိုင်းဆောင်ရွက်ခြင်း (Coordination) ၊ Software Releases များစမ်းသပ်ခြင်းထက် ပံ့ပိုးမှုပေးခြင်း (Facilitation) စသည့် ဖွံ့ဖြိုးမှုစံနှုန်းများကို ကျွမ်းကျင်လာမည်ဖြစ်သည်။ သင့်အတွက် စီးပွားရေး လုပ်ငန်းစဉ်တစ်ခုလုံးမှ Project Manager များ Business Manager များနှင့် ထိတွေ့ဆက်ဆံခဲ့မှုများ၊ စမ်းသပ်လုပ်ငန်းစဉ်များအကျိုးရှိစွာ ဆောင်ရွက်မှုများအတွက် အထောက်အထားမှတ်တမ်းများ (Proven Record) ရရှိမည်ဖြစ်သည်။ နည်းပညာနှင့် စီးပွားရေးနောက်ခံ (Technical and Business Background) အတွက် ကြီးမားကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်ခြင်းများတွင် သင်၏ခေါင်းဆောင်မှု အရည်အချင်း (သို့) IT Project များ၏ နည်းပညာစီမံဖန်တီးမှုအရည်အချင်းတို့ကို ဖော်ပြနိုင်မည် ဖြစ်သည်။ SDLC အတွင်းတွင် သင်သည် ယုတ္တိရှိသည့် Project Management ကိစ္စများ၊ ကျွမ်းကျင်မှုအဆင့်အမျိုးမျိုးအတွက် Strong Testing Experience များ ရရှိမည်ဖြစ်သည်။
×××××××××××××××××××××××××××××××××××××××××
အစီအစဉ်ရေးဆွဲမှုအဆင့် (The Planning Phase)
ရေဒီယို အသံလွှင့်ဌာန 3RRR သည် ၄င်း၏ သတင်းအချက်အလက် ကွန်ယက်ဟောင်းအစား ကွန်ယက်သစ်ကို အစားထိုးအသုံးပြုတတ်ဆင်ခဲ့မှုကို RRR ဌာနမန်နေဂျာ Kath Letch မှ ပြောင်းလဲ မှုအတွက်တာဝန်ယူခဲ့ရသည်။ ဤဗီဒီယိုတွင် အစီအစဉ်ရေးဆွဲမှု အဆင့်အကြောင်းကို လေ့လာကြည့်ပါ။
အဖွဲ့အစည်းအတွင်း အပြောင်းအလဲများကို ဖြစ်စေနိုင်သော အကြောင်းအချက်များစွာရှိသည်။ အချို့ဥပမာများမှာ –
– အစိုးရမူဝါဒ (Government Policy) ပြောင်းလဲမှု
– ဥပဒေပြဌာန်းချက် အသစ်များ ၊ ပြင်ဆင်ချက်များ (Introduction of New or Amendment to Existing, Legislation)
– ဈေးကွက်စီးပွားရေးအလားအလာ (Market Trends)
– လူ့အဖွဲ့များ၏ သဘောထားနှင့် တန်ဖိုး (Community Attitudes and Values)
– စက်ပစ္စည်း ကိရိယာများ၏ ရရှိအသုံးပြုနိုင်မှုနှင့် ဈေးနှုန်း (Availability and Cost of Equipments)
– ပြိုင်ဆိုင်လိုစိတ် တိုးတက်စေမှု (Desire for Increased Competitiveness)
– ကျန်းမားရေးနှင့် ဘေးကင်းလုံခြုံမှု (Health and Safety)
တို့ပါဝင်သည်။
မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ ကွန်ပြူတာအခြေပြု သတင်းအချက်အလက်စနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာစေရန် စေ့စပ်သေချာသည့် အစီအစဉ်ရေးဆွဲခြင်း လိုအပ်ပေမည်။ ကောင်းမွန်သော အစီအစဉ်ရေးဆွဲမှုကြောင့် –
– Project အတွင်း လုပ်ရမည့်အတိုင်းအတာ ခြုံငုံချက်ကို သိရှိမည်။ (Scope of Project to be Defined)
– ဖြစ်ပေါ်လာနိုင်မည့် ပြဿနာများကို ကြိုတင် တွေ့ရှိထားနိုင်မည်။ (Potential Problem Areas to be Identified)
– လုပ်ငန်း အဆင့်ဆင့်ကို ကြိုတင်သတ်မှတ်ထားနိုင်မည်။ (Sequence of the Tasks to be Identified)
– စီမံခန့်ခွဲမှုအတွက် အခြေခံအထောက်အပံ့များ (for Provision of a Basis for Control)
ယေဘုယျ အခြေခံ အစီအစဉ်ရေးဆွဲနည်း အဆင့်ဆင့်တွင်
– ပြဿနာကို အသိအမှတ်ပြုထားရန်။ (Recognising the Problem)
– ပြဿနာကို အနက်ဖွင့်ဆိုရန်။ (Defining the Problem)
– Project ရည်မှန်းချက်များ ချမှတ်ရန်။ (Setting Project Objectives)
– ကန့်သတ်ချက်များ စူးစမ်းဖော်ထုတ်ရန်။ (Identifying Constraints)
– ဖြစ်နိုင် မဖြစ်နိုင် လေ့လာမှုများ ပြုလုပ်ရန်။ (Conducting Feasibility Studies)
– Project အဆိုပြုချက် ပြုလုပ်ရန်။ (Creating Project Proposals)
– စီမံခန့်ခွဲမှု နည်းလမ်းများ ချမှတ်ရန်။ (Establishing Control Mechanisms)
စနစ်သစ်တစ်ခုအတွက် အစီအစဉ်ရေးဆွဲမှုကို အထောက်အကူပြုရန် GANTT Chart ကို အသုံးပြုကြသည်။
မှတ်ချက်
– ဤလုပ်ငန်းတွင် အစီအစဉ်ရေးဆွဲမှုသည် စနစ်သို့မဟုတ် ညွှန်ကြားချက်များ (Program or System) ကို အစီအစဉ်ရေးဆွဲခြင်းမျိုး မဟုတ်ပဲ ပရောဂျက်တစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Define the Project) ၊ နောက်ဆုံးတွင် အောင်မြင်မှုရရှိနိုင်စေရန် ရည်မှန်းချက်ချမှတ်ခြင်း (Set Objectives That will be Used to Evaluate the Overall Success of the Final Solution) စသည့် ကနဦး လုပ်ဆောင်ချက်များသာ ဖြစ်သည်။
×××××××××××××××××××××××××××××××××××××××××
စိစစ်လေ့လာသောအဆင့် (Analysis Phase)
SDLC ၏ စိစစ်လေ့လာသောအဆင့်သည် ယခုလက်ရှိအသုံးပြုနေသည့်စနစ်များကို ပိုမိုကောင်းမွန်သည့် စနစ်သစ်ဖြင့်အစားထိုးရန်ရည်ရွယ်ချက်ဖြင့် လေ့လာခြင်းဖြစ်သည်။ ဤအဆင့်တွင် အရေးကြီးသည့်ဆုံးဖြတ်ချက် အမြောက်အများကို ပြုလုပ်ရသည်။ စနစ်အတွက် မည်သူများက ဆောင်ရွက်ရမည်၊ စနစ်သစ်တွင်ရရှိရမည့် ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်များ ချမှတ်ခြင်းတို့လည်း ပါဝင်ပေသည်။
လက်ရှိစနစ်၏ အားသာချက် အားနည်းချက် အချက်အလက်များကို အောက်ပါနည်းလမ်းများဖြင့် စုဆောင်းသည်။
– သတိပြုစောင့်ကြည့်ခြင်း (Observation)
– သုတေသနပြုလုပ်ခြင်း (Research)
– လူတွေ့မေးမြန်းခြင်း (Interview)
– အချက်အလက်စီးဆင်းမှုနှင့် လုပ်ဆောင်မှုလမ်းကြောင်းများကို သဲလွန်စရရှိစေရန် နမူနာရယူခြင်း (Sampling to Trace Procedural Paths and Information Flows)
စိစစ်လေ့လာသောအဆင့်တွင် အောက်ပါအချက်များ ပါဝင်သည်။
– Project အားကြေညာခြင်း (Announcing the Project)
– Project အဖွဲ့ တည်ဆောက်ခြင်း (Creating Project Team)
– အချက်အလက် လိုအပ်မှုများကို ဖွင့်ဆိုခြင်း (Defining Information Needs)
– စနစ်၏စွမ်းဆောင်ချက် လိုက်နာရမည့် စံနှုန်း ဖွင့်ဆိုခြင်း (Defining System Performance Criteria)
– ဒီဇိုင်းအဆိုပြုချက် ပြုလုပ်ခြင်း (Creating a Design Proposal)
စိစစ်လေ့လာသောအဆင့်၏ အဆုံးသတ်တွင် ပရောဂျက်ကို ရှေ့ဆက်ဆောင်ရွက်ရန် သင့်မသင့်ကို ဆုံးဖြတ်ချက်ချမှတ်ရသည်။ ဤဆုံးဖြတ်ချက်ကို ဒီဇိုင်းအဆိုပြုချက်အတွင်းပါရှိသည့် အချက်အလက်များ အပေါ် အခြေခံပြီး ပြုလုပ်သည်။ ထို့အတွက် ဒီဇိုင်း အဆိုပြုချက်တွင် ပရောဂျက် ပြီးစီးမည့် အချိန်သတ်မှတ်ချက်၊ ပရောဂျက်၏ ရည်မှန်းချက်များနှင့် လိုအပ်သည့် အရင်းအမြစ်များအားလုံးကို သေချာ ရှင်းလင်းစွာ ဖော်ပြထားရန် အလွန်ပင်အရေးကြီးလှပါသည်။
×××××××××××××××××××××××××××××××××××××××××
[paypal-donation]