ထုံးစံအတိုင်းပေါ့ဗျာ… ထိုက်အောင်ကျော်ဆိုတဲ့ကောင်က အမြဲလိုလို ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လေ။ Blog လည်းရေးသာရေးတာ၊ ဘယ်တော့မှကြိုရေးထားတာမရှိဘူး။ ညဖက်ညဖက် internet လိုင်းကောင်းမှတင်မယ်ဆိုပြီး ညဖက်ရောက်မှ စစပြီး ရေးတာ။ မနေ့က မနက်ရုံးသွားပြီး ညဘက် ရုံးက Junior တစ်ယောက် EMSHIP Scholar ရလို့ သွားတက်ခါနီး ရုံးအဖွဲ့ကို Farewell Dinner ကျွေးတော့ ဝါးတီးသွားကြိတ်လိုက်တာနဲ့ အဟီး… ပြန်ရောက်တော့ အိပ်ယာထဲ Diving ထိုး အိပ်ထည့်လိုက်တာ မိုးလင်းမှနိုးတော့ တယ်။ ဟီး… စာမရေးဖြစ်တာ ဆင်ခြေတွေမျိုးစုံ လျှောက်ပေးနေတယ်။
ကဲ…ထားပါ။ ဘာဆက်ပြောရမှန်းမသိတော့ဘူး။ Section Modulus အကြောင်းကပြောမယ်ဆိုရင်အများကြီးပါ။ Rule အမျိုးမျိုး၊ Regulation အထွေထွေနဲ့ ကျွန်တော်လည်း နှစ်မျိုးလောက်ပဲ တွက်ဖူးတာပါ။ တစ်မျိုးနဲ့ တစ်မျိုးမတူတော့ ပြောရခက်တယ်ဗျ။ ကိုယ်တိုင်နားလည်အောင်ဖတ်ကြည့် တွက်ကြည့်မှပဲ အဆင်ပြေမှာပါ။ အရင်အပိုင်းက ပြောခဲ့သလိုပဲလေ၊ Classification Society အမျိုးမျိုး၊ သင်္ဘောအမျိုးအစား အမျိုးမျိုးနဲ့ အသုံးပြုတဲ့နေရာအမျိုးမျိုး၊ Material အမျိုးမျိုးပေါ်မူတည်ပြီး တွက်နည်းကလည်း အမျိုးမျိုးပြောင်းမှာပါ။ ကျွန်တော်တွက်ဖူးသလောက်နဲ့ သိသလောက် BV ကတော်တော်ခက်တယ်ဗျ။
Pillar လေးတစ်ချောင်းရဲ့ Scantling တွက်ဖို့အရေး နှစ်ဖက်လုံးက Bkt နဲ့ Fixed လုပ်မှာလား။ (ဒါနဲ့… ပြောရဦးမယ်။ BKT ဆိုတာ Bracket ကို အတိုရေးတာနော်။ Presentation သွားနားထောင်တုန်းက Midship Section ပုံတွေမှာ Dimension မထိုးတာနဲ့၊ Scantling မထိုးတာနဲ့၊ ထိုးလိုက်တော့လည်း အလွဲလွဲအချော်ချော် ဖြစ်တာနဲ့ တွေ့ခဲ့ရတယ်။ အဲ့ထဲ လွဲပုံချော်ပုံလေး ကြုံလို့ ထည့်ပြောလိုက်ပါဦးမယ်။ Bracket ကို အတိုကောက်ရေးရင် BKT လို့သုံးရမယ့်အစား BRA လို့သုံးထားပါတယ်။ ဘာအဓိပ္ပာယ်ပေါက်သွားလည်းတော့ ဖတ်တဲ့လူပဲ စဉ်းစားကြည့်ပေါ့ဗျာ။
ဟေ့လူ… ဘာတွေ ပေါက်တတ်ကရ စဉ်းစားနေတာလဲ… ကျွန်တော်ပြောတာ Brazil ရေးထားတာများလားလို့ ပြောတာ။ ခင်ဗျားဗျာ…ဘာတွေလျှောက်စဉ်းစား နေတာလဲ… ခက်ခက်တော့တာပဲ… 😛 )
ကဲကဲ… ပြောနေတာလေး ဆက်ရအောင် BV မှာ Pillar တွက်တာလေး… ခုနကပြော ထားတာ Pillar တွက်တာ နှစ်ဖက်လုံး Fixed ဖြစ်လား၊ Pillar အပေါ် ဘာ Cargo ဘာ ပစ္စည်းတင်မှာလည်း။ Still Water Pressure, Inertial Pressure ပြန်တွက်။ Inertial Pressure တွက်ဖို့အတွက် Partial Safety Factor လို၊ အဲ့ဒါအတွက် Navigational Coefficient လို၊ အဲ့တော့ သွားမယ့် နေရာရဲ့ Wave Height လိုပြန်ရော။ ရသွားပြန်တော့ တစ်ခါ Compartment ရဲ့ CG လို။ အဲ့ Compartment ရဲ့ CG ရဖို့အတွက် Surge Accelerationကို ဟိုနေရာသွားရှာ ဒီနေရာသွားရှာ။ ရပြန်တော့ Pitch Amplitude တဲ့ လာပြန်ရော။ အာ့ အတွက်ကျပြန်တော့ Motion & Acceleration Parameter တဲ့။ အဲ့ဟာရဖို့ကျပြန်တော့ သင်္ဘော Length, Service Speed, Wave Parameter တဲ့ တောင်းပြန်ရော။ ရသွားတော့ ပြီးပလား။ မပြီးသေးဘူး။ သင်္ဘောရဲ့ Periodတဲ့။ Period က Length ကနေရတယ်။ အဲ့ကနေဘာတွေမှန်းကိုမသိဘူး။ ဆိုလိုတာက ရေရေလည်လည်ရှုပ်တယ်ဗျာ။ Pillar ရဲ့ Diameter လေး၊ Thickness လေး၊ Scantling လေးရဖို့ကို ဘယ်က သင်္ဘောရဲ့ Length တွေရော၊ Service Speed ရော၊ Wave တွေရော ပါလာတာ ဘာမှန်းကို မသိတာ။ ပြီးရင် Buckling အတွက်ကပြန်စစ်ရသေးတယ်။
ပြောချင်တာက Strength တွက်တာ ထင်သလောက်မလွယ်ပါဘူး။ ဒါပေမယ့် ခုအချိန်လည်းက စပြီး သဘောလောက်ပဲဖြစ်ဖြစ်နားလည်အောင်လုပ်ထားမှ အဆင်ပြေပါလိမ့်မယ်။ အဲ့လိုပြောလို့လည်း လန့်ဖြန့်ပြီး မတွက်တော့ဘူး မလုပ်လိုက်ပါနဲ့။ အဲ့ဒီလိုပြောမယ်ဆိုရင် ပြန်ပြောပြမယ်။ Strength တွက်ရင် Plating Thickness လည်း တွက်ရတယ်လေ။ ကဲ… အဲ့ Plating တွက်ရင် သင်္ဘောLength နဲ့ Secondary Member တွေရဲ့ တစ်ချောင်းနဲ့ တစ်ချောင်း ကွာတဲ့ Span ကို သိရင် ပေါင်းနုတ်မြှောက်စားလုပ်လိုက်ရင် အဖြေထွက်လာတာပဲမဟုတ်လား။ ဒီလောက်လွယ်တာလို့ ပြောမှာပေါ့။ မဟုတ်ဘူးလား။ သူ့အပိုင်းနဲ့ သူ၊ လွယ်တာရှိသလို ခက်တာလည်းရှိပါတယ်။ လွယ်တာကြီးရွေးတွက်လို့ သင်္ဘောတစ်စီးမထွက်လာနိုင်သလို ခက်တာတွေတွက်ပြီး မှားရင်လည်း ဘာမှအသုံးမဝင်ပါဘူး။
ပြောချင်တာက လွယ်လွယ်ခက်ခက် အမှားနည်းအောင် အရင်ဆုံးတွက်ဖြစ်အောင်တွက်။ အမှားနည်းတာကနေ အမှားမရှိအောင် အထိကြိုးစားသွားရမှာပဲ။ ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ မသိရင် သိတဲ့သူရှာမေး။ တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်ပဲ ဒီဥစ္စာတွက်နေရတာ မှမဟုတ်တာ။ ကိုယ့်မှာ အဖြေမရှိလို့ သူများမှာလည်း အဖြေမရှိဘူး မထင်နဲ့။ ကိုယ့်ထက်တော် ကိုယ့်ထက်တတ်တဲ့လူတွေ အများကြီးပါ။ ဘယ်လောက်ပဲ တော်နေ တတ်နေ မာနမထောင်ပါနဲ့။ ကိုယ့်ထက်သာတဲ့သူတွေ ဒီကမ္ဘာမှာအများကြီး ရှိခဲ့ဖူး၊ ရှိနေ၊ ရှိလာဦးမှာပဲ။ စိတ်ဓါတ်ကျဖို့ ပြောတာ မဟုတ်သလို မာနထောင်ဖို့လည်း ပြောတာမဟုတ်ပါဘူး။ လေ့လာမစဲ သင်ယူမစဲတဲ့ ပညာတွေ ကိုယ်နဲ့ မဝေးတဲ့နေရာမှာ မမြဲရှိနေပါတယ်။
လေရှည်တာ နဲနဲများပြီ။ ဟိုနေ့က Effective Breadth တွက်ဖို့ Attached Plating ရဲ့ Length နဲ့ Breadth ယူတဲ့ အကြောင်းလေး နဲနဲဆက်ကြည့်ကြတာပေါ့။ ဟိုနေ့က Bottom Transverse (Floor) တွက်တော့ Attach Plating ရဲ့ Length ကို ဘယ်ဟာယူပြီး Breadth ကို ဘယ်ဟာယူခဲ့ပါသလဲ။
Bottom Transverse အတွက် Longitudinal Framing မှာ Attach Plating ရဲ့ Length ကို Longi Girder နှစ်ခုကြား အကျဲဆုံးအကွာအဝေး ကို ယူပြီး Breadth ကို Web Frame နှစ်ခုကြား အကျဲဆုံး Spacing ကို ယူတွက်ပါတယ်။ Transverse Framing မှာကျတော့ Attach Plating ရဲ့ Length က Bottom Transverse အတွက်ဆိုရင် သင်္ဘောရဲ့ Breadth ဖြစ်ပြီး Attach Plating ရဲ့ Breadth က Frame နှစ်ခုကြားအကွာအဝေးဖြစ်ပါလိမ့်မယ်။ Bottom Transverse ယူဆပုံနဲ့ Deck Transverse (Deck Beam) ယူဆပုံက အတူတူပါပဲ။ ဒီနေရာမှာ အကျဲဆုံးအကွာအဝေးလို့ သုံးထားတာမှာ တစ်ချို့သင်္ဘောတွေက Spacing က အညီမယူထားတာတွေ ရှိတတ်ပါတယ်။ ဥပမာပြောမယ်ဆိုရင် ပုံ (၁) ကို ကြည့်ပါ။
Center Line Girder နှစ်ချောင်းကြားက ၁.၅မီတာ ကွာတယ်။ C.L Girder နဲ့ Side Girder ကြားက ၂.၂၅မီတာကွာပြီး Side Girder နဲ့ Side Shell နဲ့ ကြားက ၂မီတာကွာပါတယ်။ ဒီလိုဆိုရင် Bottom Transverse ကို တွက်တဲ့အခါ Bottom Plating ရဲ့ Length ကို ဘယ်ဟာ ယူပါမလဲ။ ၂.၂၅ ကို ယူပြီးတွက်မှာပေါ့။ ဟုတ်တယ်မှတ်လား။ ဒီလိုပဲ Plating ရဲ့ Breadth ကိုယူတဲ့အခါမှာ Longi Framing ဆိုရင် Web နှစ်ခုကြား အကျဲဆုံးကို ယူရပါမယ်။ ယေဘုယျအားဖြင့်ကတော့ Web တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးက တူလေ့ရှိပါတယ်။ ဒါပေမယ့် မတူတာတွေလည်းရှိတယ်။ ပုံ(၂) ကို ကြည့်ဗျာ။0,4,8,11,15 လို့ရေးထားတဲ့ နေရာမှာ Bottom Transverse တွေရှိတယ်ပေါ့ဗျာ။ အစိတ်တစ်စိတ်ကို ၅ဝဝမီလီမီတာ ကွာတယ် ဆိုရင် Web0, Web4 ကြား၊ Web4, Web8 ကြား၊ Web11, Web15 ကြားမှာ Span က 2000mm ဆီရှိပေမယ့် Web8, Web11 ကြားမှာ 1500mm ပဲရှိနေတယ်။ ဒါဆိုရင် 2000mm ယူတွက်လိုက်ရင် အားလုံးမှာ သုံးလို့ရတာပေါ့ဗျာ။ တိတိကျကျပြောရမယ်ဆိုရင်တော့ Web11 အတွက်တွက်မယ်ဆိုရင် Web8,Web11 ကြားက 1500mm ရဲ့တစ်ဝက်နဲ့ Web11,Web15 ကြားက 2000mm ရဲ့တစ်ဝက် ပေါင်းထားတာကို ယူတွက်ရမှာပါ။ အဲ့ဒါဆိုရင် Web 11 ကို တွက်ရင် Plating ရဲ့ Breadth က ၁၇၅၀ ယူရမှာပေါ့။ ဒါဟာ Web8 နဲ့ Web11 အတွက်ပဲအဆင်ပြေမယ်လေ။ ကျန်တဲ့ဟာအတွက်ကျတော့ နည်းနေမှာပေါ့။ ဟုတ်တယ်မှတ်လား။ အဲ့တော့ တစ်ခါတည်း အများဆုံးဟာဖြစ်တဲ့ ၂၀၀၀ (=၁၀၀၀+၁၀၀၀) ကိုသာယူတွက်လိုက်တော့တာပေါ့ဗျာ။ ရှုပ်ကုန်ပြီလားမသိဘူး။ ပုံ(၃)၊ ပုံ(၄) ကြည့်ပါဗျာ။ Deck Beam နဲ့ Floor က ယူဆပုံခြင်း အတူတူပဲ။
Frame မှာလည်း ထိုနည်း၄င်းပဲ။ Longi Girder နေရာမှာ Side Stringer လို့သာပြောင်းစဉ်းစားလိုက်ဗျာ။ ပါချင်လည်းပါမယ်။ မပါချင်လည်းမပါဘူး။ Ordinary Frame အတွက်ဆိုရင် Transverse စဉ်းစားတုန်းက အတိုင်းပဲ b ကသေးမယ်။ Web Frame စဉ်းစားမယ်ဆိုရင်တော့ b က Web Frame နှစ်ခုကြားပေါ့။ Side Stringer (Longitudinally Continuous) ပါနေရင် “ l” က ငယ်ပြီး မပါရင်တော့ ကြီးမှာပေါ့။ ဒီနေရာမှာ တစ်ချက်ပဲ။ “ l” ယူတဲ့အခါ Bottom Transverse ရဲ့ Top Plate နဲ့ Deck Beam ရဲ့ Top Plate ကြားပဲယူရမှာ (BKT အကြောင်းထည့်မပြောသေးပါ။) Longitudinally Continuous Side Stringer ပါနေရင် “ l” က Floor ရဲ့ Top Plate နဲ့ Side Stringer ကြား၊ Side Stinger နဲ့ Deck Beam ရဲ့ Top Plate ကြား နှစ်ခုကို ယှဉ်ပြီး ကြီးတာယူပေါ့။ (အမှန်ကတော့ ဟိုဘက်တစ်ဝက်၊ ဒီဘက်တစ်ဝက် ပေါင်းထားတာ ယူရမှာ)။ Side Stringer တစ်ချောင်းထက်ပိုတယ်ဆိုရင် ခုနက အပေါ်မှာ Girder တွေနဲ့ ရှင်းထားတဲ့အတိုင်းယူပါ။ (ပုံ ၁)
ကဲ… Transverse Member တွေရဲ့ Attach Plate length, breadth ယူနည်းတော့ ပြောလို့ပြီးပြီ။ Longi Member တွေကျန်သေးတယ်။ ဘယ်လောက်နားလည်လည်း မလည်လည်းတော့ မသိဘူးဗျာ။ နားမလည်ရင်တော့ ကျွန်တော် အသုံးမကျလို့လို့သာ ခွင့်လွှတ်ပေးကြပါ။
အခုဆိုရင် Bottom Transverse, Deck Transverse, Side Frame (Ordinary), Side Frame (Web) တွေနဲ့ ကပ်နေတယ့် Plating တွေပြီးပြီ။ Bottom Girders, Deck Girder တွေ၊ Bottom Longitudinals, Deck Longitudinals တွေ၊ Side Stringers တွေ၊ Bulkhead Stiffeners, Bulkhead Stringers တွေ ကျန်သေးတာပေါ့ ညော်…
မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ… 😛
ထိုက်အောင်ကျော်
p.s. ဖတ်ချင်ချင် မဖတ်ချင်ချင် နောက်အပိုင်း ရှိဦးမှာနော့်… 😛