အရင်အပိုင်းမှာ Attached Plating ရဲ့ Breadth, Length ကို ယူနည်းတွေ တစ်ပိုင်း တစ်စပြောခဲ့ပြီးပြီ။ အကြမ်းဖျင်းယူနည်းသဘောပဲပြောခဲ့တာပါ။ အတိအကျကတော့ Rule တစ်ခုနဲ့ တစ်ခု Span ကို Definition ဖွဲ့ပုံချင်း ကွာနိုင်ပါတယ်။ Bracket က ဘယ်လိုတွဲထားရင် ဘယ်အထိ Span ကို ယူတွက်တို့ဘာတို့ရှိပါတယ်။ ဒါပေမယ့် သိသိသာသာပြောင်းလဲမှု ကြီးကြီးမားမားတော့ မရှိပါဘူး။ ကျောင်းက Presentation တွေမှာ သွားတွေ့တာက Rule အရလိုအပ်တဲ့ Minimum SM တွေကို တွက်လိုက် ကြတယ်။ ပြီးလည်း ပြီးရော Local Member ရဲ့ SM ကိုတွက်ပြီး နှိုင်းယှဉ်ပြတယ်။ အဲ့အထိကမှန်တယ်။ မှားတာက Rule အရလိုတဲ့ SM က 200, 300 ဆိုရင် Local Member ရဲ့ SM ကို ဘယ်လိုဘယ်လိုတွက်လိုက်ကြတယ်မသိဘူး။ 2000,3000 လောက်ဖြစ်ပြီး Minimum ထက်များတယ် Passed ဆိုပြီး ရေးထားကြတယ်။ ဘယ်လို့ဘယ်လိုမှ SM က ၁ဝဆလောက် ကွာလို့မဖြစ်ဘူးလေ… ၂ဆ၊ ၃ဆ ဆို လက်ခံလို့ရသေးတယ်။ ၁ဝဆကတော့ မှားနေတယ်ဆိုတာ သေချာနေတယ်။ သင်္ဘောက Strength တွေအရမ်းကောင်းပြီး Alien လာတိုက်ရင်တောင် ဘာမှမဖြစ်ဘူးတို့ဘာတို့ဖြစ်နေမယ်။ ဒါမှမဟုတ်လဲ သူ့Weight နဲ့ သူ Submarine ဖြစ်နေလောက် ရောပေါ့…
ဒါက တွက်တာမှားတာရှိသလို အယူအဆမှားတာတွေလည်း ရှိကောင်းရှိမှာပါ။ ဥပမာတစ်ခုပြောရရင် presentation တစ်ခုမှာ Centerline Girder ရဲ့ Web Thickness ကို Rule က 12.5mm တောင်းထားတာလားမသိဘူး။ အဲ့ဒါကို ဆရာသမားတို့က Safe ဖြစ်အောင်ဆိုပြီး 30mm သုံးထားတဲ့လို့ပြသွားတာတွေ့လိုက်ရတယ်။ အမယ်လေးလေး… အဲ့မှာတင် Weight တွေဘယ်လောက်တက်သွားပြီလဲ… 12.5 ဆိုတာကိုက တော်ရုံတန်ရုံထူနေပြီနော်ဆရာတို့။ ကဲထားပါတော့။ တွက်ထားတာ မှန်သမျှကို ပြန်စစ်စေချင်တယ်။ Presentation မှာ Examiner တွေ အများဆုံးနဲ့ အမြန်ဆုံးထောက်ပြနိုင်တာတွေက Strength အပိုင်း၊ Stability အပိုင်း မှာ အများဆုံး ရှိတယ်။ ပြီးတော့ ပုံတွေပေါ့… Web Thickness ပြောလို့ ကြုံတုန်းလေး ပြောရဦးမယ်။ Girder တွေ Floor တွေ Longitudinal တွေရဲ့ Web Thickness က Attached Plating Thickness နဲ့ လည်း ဆက်စပ်မှုရှိပါတယ်။ ကျွန်တော်တွက်ဖူးတဲ့ Lloyd’s Inland 2011 မှာတော့ Minimum Web Plating Thickness in Relation to the Connected Plating ဆိုပြီး ဇယားကွက်တစ်ကွက်ပေးထားပါတယ်။ Plating က 3.5mm နဲ့ 5mm ကြားဆိုရင် Web Thickness က အနည်းဆုံး 4mm ရှိရမယ်။ စသဖြင့် ပေးထားပါတယ်။ ဝင်မဝင် ပြန်စစ်ကြပါ။ Mothership ရှိတဲ့၊ Mothership အတိုင်းယူထားတဲ့ အများစုကတော့ ဝင်ပြီးသားနေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြန်တွက်မယ်ဆိုရင် သတိထားရ မှာပါ။
နောက်တစ်ခုက Rounding Off ပါ။ သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် Plating တွက် တဲ့အချိန်မှာ Equation အရ တွက်လိုက်ပေမယ့် ဒသမ တစ်သီတစ်တန်းကြီးနဲ့ ပြတာ ရုပ်ဆိုးလှပါတယ်။ Lloyd’s မှာတော့ 0~0.2 ဆိုရင် 0mm ယူ။ 0.2~0.7 ဆိုရင် 0.5mm ယူ။ 0.7~1.0 ဆိုရင် 1.0mmယူ စသဖြင့် ပြောထားပါတယ်။
Rules and Regulations အရတွက်တော့မယ်ဆိုရင် အဲ့Rules ကို အစအဆုံး နားလည်အောင် တစ်ခေါက်လောက် ဖတ်သင့်ပါတယ်။ General, Idealization, Definition, Concept စတာပါမကျန် အကြမ်းအရင်ဖတ်လိုက်ပါ။ အဲ့ဒါတွေမတိုင်ခင်အရေးကြီးဆုံးတစ်ခုမှာချင်ပါတယ်။ ကိုယ့်သင်္ဘောက ဘယ်ထဲသွားမှာလည်း? Inland လား၊ Coastal လား၊ Sea-Going လား Intracoastal လား၊ Wave Height ဘယ်လောက်ရှိမယ့် Zone ထဲလည်း၊ စသဖြင့်… Length, Breadth, Depth ဘယ်လောက်ရှိပြီး L/D Ratio, B/D Ratio နဲ့ LOA က ကိုယ်သုံးမယ့် Rule နဲ့ ကိုက်ညီမှရှိလား အရင်ဆုံးစစ်ရမှာ ပထမဆုံးအချက်ပါ။
ပြီးတော့ ကိုယ်သုံးတဲ့ Rule နာမည်ကို မှန်အောင် Presentation မှာထည့်ပေးပါ။ အခုတွေ့ရတာတွေမှာ DNV Rule, ABS Rule, Lloyd’s Rule, စသဖြင့်ပဲရေးထားတာ တွေ့ခဲ့ရတယ်။ ABS ရဲ့ ဘယ်နှခုနှစ်ကထုတ်ထားတဲ့ ဘယ်ထဲသွားတဲ့ သင်္ဘောတွေ အတွက် ဘာသင်္ဘောအမျိုးအစားအတွက် Rule ဆိုတာမျိုးမဖော်ပြထားကြဘူး။ အဲ့ဒါအကြီးမားဆုံးအမှားထဲမှာပါပါတယ်။ တစ်နေရာမဟုတ်တစ်နေရာမှာ ဥပမာ – Rules and Regulations for the Classification of Inland Waterway Ships, Passenger Ships, November 2008, Incorporating Notice No. 1,2,3,4,5 & 6, Lloyd’s Register Rule Finder 2011 – Version 9.15 လိုမျိုးဖော်ပြသင့်ပါတယ်။ ရှည်လွန်းလို့အတိုပြောချင်တယ်ဆိုရင်တောင်မှ Keypoints ဖြစ်တဲ့ Classification of Inland Waterway Ships, Passenger Ships, Lloyd’s 2011 Rule Finder လောက်တော့ ပြောသင့်တယ်။
ပြီးရင် Rule မသုံးခင်၊ Rule ရဲ့ Constraints တွေကို စစ်ပေးရမယ်။ ခုနကပြောခဲ့တဲ့ Ratio တွေ LOA စတာတွေပေါ့။ Presentation ပြတဲ့နေရာမှာ Equation တွေအကုန် ပြန်ကူးထည့် ဂဏန်းအစားသွင်းတွေ ဖော်ပြနေစရာမလိုဘူး။ ခုနကပြောတဲ့ သုံးတဲ့ Rule နာမည်။ Constraints စစ်ပေးထားတာ။ Rule အရလိုတာနဲ့ Actual စစ်ပေးထားတာ နှိုင်းယှဉ်တဲ့ ဇယားလောက်ပါရင်ရပြီ။ Equation တွေပြနေလို့ ဒီ Equationတွေက ကျွန်တော်တို့ ခင်ဗျားတို့ ထုတ်ထားတာမဟုတ်ဘူးလေ… နားထောင်တဲ့လူလည်း ဘယ်လိုနည်းနဲ့မှ စိတ်မဝင်စားဘူး။ Project စာအုပ်ထဲ မထည့်ဖို့ပြောတာမဟုတ်ဘူးနော်။ Presentation မှာ မသုံးသင့်ဘူးထင်တယ်လို့ ကျွန်တော့်အမြင်ပြောပြတာ။
ကဲကဲ… ဒီနေ့ ကျွန်တော် ပွဲဆက်များနေလို့ သိပ်မရေးဖြစ်လိုက်ဘူးဗျာ…
ဒီလောက်နဲ့ပဲဒီအပိုင်းကို ရပ်ပါပြီ။ မရေးပဲ ရပ်လိုက်ပြန်ရင်လည်း ကိုယ့်အကြောင်းကိုယ် သိတယ်။ နောက်နေ့ ဆက်မရေးချင်တော့ဘူး။ အဲ့ဒါကြောင့် မရေးဖြစ်မှာစိုးတာနဲ့ ဒီလောက်လေး ရေးပြီး တင်ပေးလိုက်ပါတယ်။
ဆက်လက်အားပေးကြပါဦးခင်ဗျာ။ အမှားပါရင် အားမနာပါနဲ့ဗျာ။ ထောက်ပြပေးကြပါ။
ထိုက်အောင်ကျော်
#Supermoon Tonight…
khant htet maung
calculated SM ရှာတာမှာ ship မှာ တပ်ထားတဲ့အတိုင်း တွက်ကြလို့ အကို။ for eg. side frame အတွက်ဆို ship ရဲ့ baseline ကနေ d ယူကြလို့။ အကိုပြောတဲ့အတိုင်းတွက်တာ သိပ်မကွာတော့ဘူး။ SM ကိုလည်း bottom နဲ့ပဲ ယှဉ်နေတာ top ပါစဉ်းစားရမှန်းမသိဘူး။ ကျေးဇူးတင်ပါတယ်ခဗျာ။
htikeagkyaw
အမှားတွေ့သွားပြီဆိုတော့ ဝမ်းသာပါတယ်ဗျာ။ ကျန်တဲ့လူတွေရော အဲ့လိုပဲမှားကြတာလား။ Local Section/ Local Members တွေကို တွက်မယ်ဆိုရင် သူတို့ကို တစ်ခုချင်းစီ ခွဲတွက်ပါတယ်။ ဖြုတ်တွက်ပါတယ်။ AutoCAD နဲ့ တွက်မယ်ဆိုရင်လည်း UCS ကို ပြောင်းတွက်ပါတယ်။ အမှန်ရသွားပြီဆိုတော့ ရေးရကျိုးနပ်ပါတယ်ဗျာ။ ကျန်တဲ့လူတွေကိုလည်း ပြောပြပေးလိုက်ပါဦးဗျာ။
အချိန်ပေးပြီး ကျွန်တော့် blog ကိုဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။