Boiler… အပိုင်း(၄)

ယခင်အပိုင်းကို ဒီနေရာ တွင်နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

(၄-၄) Fan & Damper

Boiler ရဲ့ Furnace ထဲမှာ Combustion ဖြစ်ဖို့အတွက်လိုအပ်တဲ့ လေကို Fan ကနေပေးပါတယ်။ Fan ကို Electric Motor နဲ့ မောင်းပါတယ်။

Damper က Fan ကနေ Furnace ဆီကို ဝင်တဲ့ လေဝင်လမ်းကြောင်းကို အဖွင့်အပိတ်လုပ်ပေးတဲ့တံခါးပါ။ Fan တစ်လုံးမှာ Damper နှစ်ခုပါပါတယ်။ တစ်ခုက Fully Open- Fully Close Damper ဖြစ်ပြီး နောက်တစ်မျိုးက Combustion Control Damper ပါ။

Fully open – Fully Close Damper က Fan လည်နေတဲ့အချိန်မှာလေဝင်လမ်းကြောင်းကို အပြည့်ဖွင့်ပေးထားပြီး Fan ရပ်လိုက်တဲ့အချိန်မှာ ပိတ်ပေးထားတဲ့ Damper ပါ။

Boiler ကနေထုတ်ပေးတဲ့ Steam ပမာဏအနည်းအများလိုအပ်ချက်အပေါ်မူတည်ပြီး Furnace ထဲမှာရှိတဲ့ မီးအားကို အတိုးအလျှော့လုပ်ပေးရပါတယ်။ မီးအားအတိုးအလျှော့လုပ်တဲ့အခါမှာ မီးလောင်ဖို့ပေးတဲ့ဆီပမာဏအပြင် လေအားကိုပါအတိုးအလျှော့လုပ်ပေးရပါတယ်။ Combustion Control Damper က အဲ့ဒီအလုပ်ကိုလုပ်ပေးပါတယ်။ လေဝင်လမ်းကြောင်းရဲ့ အကျဉ်းအကျယ်ကို Damper ရဲ့ အဖွင့်အပိတ် Position နဲ့ကစားပြီးတော့ လိုအပ်တဲ့လေပမာဏကို Control လုပ်ပါတယ်။ Damper နှစ်မျိုးလုံးကို Motor နဲ့ပဲအဖွင့်အပိတ်လုပ်ပါတယ်။

Fan & Damper
Fan & Damper

Fig-11

(၄-၅) Flame Eye

Flame Eye
Flame Eye

Fig-12

Flame Eye က Furnace ထဲမှာ Burner ကနေထွက်လာတဲ့မီးတောက်ကို Sense လုပ်တဲ့ Sensor ပါ။ မီးတောက်ကို Sense လုပ်ပေးရတဲ့အကြောင်းကတော့

– Burner ကနေ Combustion ဖြစ်ဖို့ မီးတောက်ရမယ့်အချိန်မှာမီးမတောက်တဲ့အခါ

– Combustion လုပ်နေတဲ့အချိန် အကြောင်းကြောင်းကြောင့် မီးသေသွားတဲ့အခါ

– Combustion ရပ်ထားသော်လည်း မီးတောက်ရှိနေတဲ့အခါမှာ
Alarm Signal ထုတ်ပေးဖို့ပါ။

(၄-၆) Water Level Gauge Glass

Water Level Gauge Glass
Water Level Gauge Glass

Fig-13

Water Level Gauge Glass က Boiler ထဲမှာရှိတဲ့ရေ Level ကိုပြပါတယ်။ Sight Glass ကနေရေ Level ကိုကြည့်လို့ရပါတယ်။ Level Gauge ထဲမှာ Water Level Detecting Rod တွေရှိပါတယ်။ အဲ့ဒီ Rod တွေက Level Gauge ထဲကရေ Level ကို Sense လုပ်ပြီး သတ်မှတ်ထားတဲ့ Minimum Water Level အောက်ရောက်သွားရင် Alarm Signal ထုတ်ပေးပါတယ်။

Level Gauge ထဲကရေတွေကို ဖောက်ချပြီး ရေအသစ်ထပ်ထည့်တာကို Gauge Glass Blow Down လုပ်တယ်လို့ခေါ်ပါတယ်။ Gauge Glass Blow Down လုပ်တဲ့ Procedure ကို Fig-14 မှာ ပြထားပါတယ်။

fig-14Fig-14

– ပထမဆုံး Water Cock ကိုပိတ်ထားပြီး Steam Cock နဲ့ Drain Cock ကို ဖွင့်ပါမယ်။ အရင်ဦးဆုံး Drain Cock ကနေရေထွက်လာပါမယ်။ ရေကုန်သွားတဲ့အခါ Steam ထွက်လာပါလိမ့်မယ်။

– Drain Cock ကနေ Steam ထွက်လာပြီဆိုရင် Steam Cock ကိုပိတ်ပြီး Water Cock ကိုဖွင့်ပါ။ Drain Cock ကနေ ရေထွက်လာတဲ့အခါ Drain Cock ကိုပိတ်ပါ။

– Drain Cock ကိုပိတ်လိုက်တဲ့အခါ Gauge Glass ထဲမှာရေ Level တက်လာပါလိမ့်မယ်။ Boiler ထဲမှာရှိတဲ့ Steam Pressure ကြောင့် Gauge Glass ထဲကရေ Level ဟာ Boiler ထဲကတကယ့်ရေ Level ထက်ပိုပြီး မြင့်တက်နေမှာပါ။

– နောက်ဆုံး Steam Cock ကို ဖွင့်လိုက်တဲ့အခါ Gauge Glass ထဲကို တိုးဝင်လာတဲ့ Steam Pressure ကြောင့် Gauge Glass ထဲကရေ Level ဟာပြန်ကျသွားပြီး Boiler ထဲမှာရှိတဲ့ ရေ Level နဲ့ ညီသွားပါလိမ့်မယ်။

(၄-၇) Air Vent Cock

Air Vent Cock ကို ပုံမှန် Boiler လည်နေတဲ့အချိန်မှာပိတ်ထားပြီး ဖွင့်ရတဲ့အချိန်(၂)ချိန်ရှိပါတယ်။

– Boiler ကို အချိန်အကြာကြီးရပ်ထားပြီးမှ ပြန်နှိုးတဲ့အခါ Tube တွေနဲ့ Steam/Water Drum ထဲမှာ ခိုနေတဲ့လေတွေကို ထုတ်ပစ်ဖို့နဲ့

– Boiler ကို အချိန်အတော်ကြာရပ်ဖို့ Shut Down လုပ်တဲ့အချိန်မှာ Tube နဲ့ Steam/Water Drum ထဲမှာ Steam တွေကုန်သွားတဲ့အချိန် Vacuum ဖြစ်မသွားဖို့ ဖွင့်ပေးရပါတယ်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။

စိုင်းတင်သူရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide