Boiler… အပိုင်း(၃)

ယခင် Boiler… အပိုင်း(၂) ကို ဒီနေရာ ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။

(၄) Boiler Mounting

Boiler Mounting ဆိုတာက Boiler Operation မှာပါဝင်တဲ့ Parts တွေကို ပြောတာပါ။ Part တစ်ခုစီက သက်ဆိုင်ရာ အလုပ်တစ်ခုစီကိုလုပ်ဆောင်ပါတယ်။ Fig-6 မှာ Boiler ရဲ့ Top Side မှာရှိတဲ့ Boiler Mounting တွေကို ပြထားပါတယ်။

Boiler Mounting
Boiler Mounting

Fig-6

(၄-၁) Solenoid Valve

Boiler Burner မှာတပ်ထားတဲ့ Fuel Valve တွေဟာ Solenoid Valve တွေပါ။ Solenoid Valve ဆိုတာ သာမန် Valve တွေလို Handle နဲ့ Manually ဖွင့်စရာမလိုပဲ Sensor သုံးပြီး Auto အဖွင့်/အပိတ် လုပ်တဲ့ Valve ပါ။ Solenoid Valve (၂) မျိုးရှိပါတယ်။

– လေအားသုံး (Pneumatic – Air Pressure ဖြင့် အဖွင့်/အပိတ် လုပ်)
– သံလိုက်အားသုံး (Electro Magnet ဖြင့် အဖွင့်/အပိတ် လုပ်)

Control Unit မှာထည့်ထားတဲ့ Operation Sequence (ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး Auto ထည့်ထားသောစနစ်) .. ပြီးတော့ Temperature ဘယ်လောက် Pressure ဘယ်လောက်မှာ Valve ဖွင့်မယ် ပိတ်မယ် စတဲ့ Setting ချိန်ထားတာတွေပေါ်မူတည်ပြီး Auto ဖြင့် အဖွင့်/အပိတ် လုပ်သွားတာပါ။ အဖွင့်/အပိတ် လုပ်တဲ့နေရာမှာလည်း (၂)မျိုးရှိပါတယ်။

– Normally Open Type (သာမန်အချိန်မှာပွင့်နေပြီး သတ်မှတ်ထားသော Setting မှာပိတ်ပေးသော Type)
– Normally Close Type (သာမန်အချိန်မှာပိတ်နေပြီး သတ်မှတ်ထားသော Setting မှာပွင့်ပေးသော Type)

Solenoid Valve
Solenoid Valve

Fig-7

(၄-၂) F.O Heater

F.O Heater
F.O Heater

Fig-8

F.O ကို Tank ထဲမှာလည်း အပူပေးသလို Boiler Burner အထဲသို့ မဝင်ခင်မှာလည်း ထပ်ပြီး အပူပေးပါတယ်။ Tank ထဲမှာ Tank တစ်ခုလုံးစာဆီပမာဏအများကို အပူပေးထားပါတယ်။ F.O Heater ကတော့ Burner ထဲကိုမဝင်ခင်မှာ Fuel မီးလောင်အားကောင်းစေဖို့ သတ်မှတ်ထားတဲ့အပူချိန်အတိုင်းရစေဖို့ ထပ်ပြီး အပူပေးတာပါ။

F.O Heater Sketch
F.O Heater Sketch

Fig-9

Fig-9 မှာ F.O Heater ရဲ့ Sketch ကို ပြထားပါတယ်။ Electrical Heater ဖြစ်ပါတယ်။ Temperature အတိုးအလျော့ကို Temperature Controller နဲ့ချိန်ပါတယ်။ ပုံမှန်အားဖြင့် F.O Temperature Setting ကို 125~130°C မှာထားပါတယ်။

(၄-၃) Safety Valve

Safety Valve
Safety Valve

Fig-10

Safety Valve ကတော့ Boiler ကနေထုတ်ပေးတဲ့ Steam Pressure ကို Maximum Working Pressure ထက်ကျော်မသွားအောင်လုပ်ပေးတဲ့ Safety Device ပါ။ ပုံမှန်အားဖြင့် Steam Pressure ဟာသတ်မှတ်ထားတဲ့ Setting ထက်ကျော်လာလို့ရှိရင် Excess Steam Valve ပွင့်သွားပြီး Steam Pressure Release လုပ်ပါလိမ့်မယ်။ Safety Valve က အကြောင်းကြောင်းကြောင့် Excess Steam Valve မပွင့်ဘဲ Steam Pressure ဆက်ပြီးထိုးတက်နေတဲ့အချိန်မှာ အရေးပေါ် Steam Pressure ကို လျှော့ပေးနိုင်အောင်ထားပေးထားတာပါ။ Safety Valve ဟာသတ်မှတ်ထားတဲ့ Pressure Setting မှာ Auto ပွင့်သလို Manually လည်းဖွင့်လို့ရပါတယ်။

နောက်အပိုင်းတွင် ကျန်ရှိနေတဲ့ Boiler Mounting များဖြစ်တဲ့ Fan & Damper, Flame Eye, Water Level Gauge Glass, Air Vent Cock အကြောင်းတွေကို ဆက်လက်ရေးသားပေးသွားမှာဖြစ်ပါတယ်။

စိုင်းတင်သူရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide