ယခင် အပိုင်း(၁) ကို ဒီနေရာတွင်နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
(၃) Boiler Burner နှင့် Fuel Lines
Boiler ထဲမှာ ရေကို Steam ဖြစ်အောင်လုပ်ဖို့ အပူစွမ်းအင်လိုပါတယ်။ အဲ့ဒီအပူစွမ်းအင်ကိုရဖို့က (၂)နည်းရှိတယ်။
– Main Engine Exhaust Gas (Economizer)
– Fuel
Economizer ဆိုတာက Main Engine ကထွက်လာတဲ့ Exhaust Gas Temperature ကို သုံးပြီး Boiler ထဲကရေကို Steam ဖြစ်အေင် အပူပေးတာပါ။ Main Engine ကနေထွက်လာတဲ့ Exhaust Gas Pipe Line ကို Funnel ဆီတိုက်ရိုက်မသွားပဲ Boiler ထဲကို အရင်ဝင်ပါတယ်။ ပြီးမှ Funnel ဆီကို သွားပါတယ်။
အခု Boiler ထဲမှာ Fuel ကို အသုံးပြုပုံအကြောင်းကို ပြောပါမယ်။ Fuel ကို မီးလောင်အောင်လုပ်ပေးတဲ့ ကိရိယာကို Burner လို့ခေါ်ပါတယ်။ Boiler အမျိုးအစားပေါ်မူတည်ပြီး Burner ရဲ့တည်နေရာလည်း ပြောင်းပါတယ်။ တချို့ Boiler တွေမှာ Burner ကို အပေါ်ဘက်ထိပ်မှာတပ်ဆင်ပြီး တချို့က အောက်မှာ တပ်ဆင်ပါတယ်။
Fig-3
Fig-3 မှာ Burner ကို အပေါ်မှာထားတဲ့ Water Tube Boiler ရဲ့ Sketch ကို ပြထားပါတယ်။ Burner Gas Out ထွက်လာတဲ့အတွင်းနေရာက မီးလောင်ခန်း (Furnace) ဖြစ်ပြီး… အပြင်တစ်ထပ်ကတော့ Main Engine Exhaust Gas နဲ့ အပူပေးမယ့် Economizer ပါ။
Burner မှာအဓိက အစိတ်အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။
– Main Burner (F.O. Nozzle)
– Pilot Burner (Auxiliary Burner) (D.O Nozzle)
– Ignition Transformer
Pilot Burner က Primary Combustion အတွက်ဖြစ်ပြီး D.O (Diesel Oil) ကို Supply လုပ်ပါတယ်။ Main Burner က Main Combustion အတွက်ဖြစ်ပြီး F.O. (Fuel Oil) ကိုအဓိက Supply လုပ်ပါတယ်။ (Main Burner မှာ D.O. သုံးရတဲ့ တချို့အခြေအနေတွေလည်း ရှိပါတယ်။) Ignition Transformer ကတော့ Transformer လို့ဆိုတဲ့အတိုင်းပါပဲ။ သူက DC High Voltage Supply ထုတ်ပေးပါတယ်။
Ignition Transformer ရဲ့ အလုပ်လုပ်ပုံကို အရင်ရှင်းပါဦးမယ်။ သူ့ Process က Electric Arc Welding မှာသုံးတဲ့ DC +/- (၂)လိုင်းခွဲသွားတဲ့ပုံစံမျိုးပါပဲ။ Burner မှာ Ignition Transformer ကနေလာတဲ့ ငုတ်(၂)ခုရှိတယ်။ တစ်လိုင်းက (+) တစ်လိုင်းက (-) ပါ။ Transformer က High Voltage ထုတ်ပေးတဲ့အချိန်မှာ ငုတ်(၂)ခုကြားမှာ +/- ဆွဲငင်မှုကြောင့် မီးကူးပြီး Spark ရိုက်ပါတယ်။
အဲ့ဒီတော့ အလုပ်လုပ်တဲ့ Sequence ကအရင်ဆုံး Pilot Burner ကနေ D.O. ဖြန်းပေးပါတယ်။ ပြီးတော့ Ignition Transformer ကနေ Spark ရိုက်ပြီး D.O. ကို Combustion ဖြစ်စေတယ်။ သတ်မှတ်ထားတဲ့အချိန်တစ်ခုရောက်ရင် Main Burner ကနေ F.O. ဖြန်းပေးတယ်။ ပြီးတော့ Pilot Burner ကနေ D.O. Supply ကိုရပ်လိုက်ပြီး F.O. နဲ့ပဲဆက်လက်လောင်သွားတယ်။ ဒီနေရာမှာ D.O/F.O ခွဲသုံးတာက D.O. က F.O. ထက်မီးလောင်အားကောင်းပါတယ်။ လွယ်လွယ်ပြောရရင် D.O ကမီးစမွေးဖို့အတွက်သုံးတာပါ။ F.O က အဓိကလောင်စာပါ။ D.O. ချည်းပဲသုံးဖို့က D.O. က F.O. ထက်စျေးကြီးပါတယ်။
Fig-4
Fig-4 မှာ Boiler ကို Fuel Supply လုပ်တဲ့ Piping Diagram ကို ပြထားပါတယ်။ Main Burner အတွက် F.O. က F.O Service Tank ကလာပြီး Pilot Burner အတွက် D.O. ကို D.O Service Tank ကနေယူပါတယ်။ Main Burner အတွက် D.O. Line ကိုလည်း ချိတ်ပေးထားပါတယ်။ တချို့အခြေအနေတွေမှာသုံးဖို့ပါ။
ဥပမာပြောရရင် F.O. က Viscosity များပါတယ်။ သူ့ကိုသုံးချင်ရင် ချက်ခြင်းသုံးလို့မရဘဲ Viscosity ကျအောင် အပူပေးရပါတယ်။ မဟုတ်ရင် Pipe Line ထဲမှာ ဆီတွေခဲပြီး ပိတ်သွားမှာပါ။ အကြောင်းကြောင်းကြောင့် F.O. ကို heating ပေးလို့မရတော့တဲ့အခါမျိုးမှာ F.O. အစား D.O. ကိုပြောင်းသုံးရပါတယ်။ D.O က Viscosity နည်းတဲ့အတွက် အပူပေးစရာမလိုတဲ့အတွက်ကြောင့်ပါ။
Booster Pump က F.O. ကို Main Line ကနေ Boiler ရှိတဲ့အထပ်ဆီရောက်အောင်ပို့ပေးပါတယ်။ Main Burner Pump ရဲ့ Function က (၂)ခုရှိပါတယ်။ တစ်ခုက F.O. ကို Burner ဆီကိုပို့ပေးဖို့ပါ။ နောက်တစ်ခုက F.O. ကို သတ်မှတ်ထားတဲ့ Temperature ရောက်တဲ့အထိအပူပေးဖို့ပါ။ F.O. ကို Heater ကို ဖြတ်ပြီး Burner ဆီကိုဝင်… Return Line ကနေပြန်ယူ… ပြီးတော့ Heater ဆီပြန်ပို့… အဲ့ဒီ Circulation နဲ့ F.O. ကိုအပူပေးပါတယ်။
F.O. Heater ကို ဖြတ်ပြီးနောက်မှာ Solenoid Valve တွေကနေတဆင့် Fuel ဟာ Burner ရဲ့ Nozzle Pipe ထဲကိုဝင်ပါတယ်။ ဒီနေရာမှာ F.O. ဟာ F.O Nozzle ကိုသွားတဲ့လိုင်းနဲ့ Return လိုင်းကွဲသွားပါတယ်။ D.O. ကတော့ Nozzle ဆီကိုသာသွားတဲ့လိုင်းရှိပြီး Return လိုင်းမရှိပါဘူး။
Fig-5
Fig-5 မှာပြထားတဲ့အတိုင်း Return လိုင်းဟာ F.O နဲ့ D.O Nozzle Line တွေအပေါ်ကနေ Jacket အုပ်ထားတဲ့ပုံစံနဲ့သွားပါတယ်။ အဲ့ဒီပုံစံက Nozzle Pipe တွေကို Heating ပေးပြီး Fuel Temperature ကိုထိန်းထားတဲ့သဘောပါ။ Fuel Combustion ကိုပိုကောင်းစေပါတယ်။
F.O Return Line ရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုက Burner ကို ရပ်ထားတဲ့အချိန်မှာလဲ Fuel ကို Heater ထဲဖြတ်ခိုင်းပြီး အဆက်မပြတ် Heating ပေးလို့ရအောင်ပါ။ Burner ရပ်ထားပြီး F.O Pump လည်နေတဲ့အချိန်မှာ Nozzle ကို သွားမယ့် Solenoid Valve တွေပိတ်နေပြီး Return Line က Solenoid Valve ကတော့ ပွင့်ပါတယ်။ အဲ့ဒီတော့ F.O. ဟာ Pump ကနေ Heater… ပြီးတော့ Heater ကနေ Pump… အဲ့လိုမျိုးလှည့်ပြီး Heating ရနေမှာပါ။
အကြောင်းကြောင်းကြောင့် F.O Temperature ဟာလိုအပ်တဲ့ Setting မရသေးဘူးဆိုရင် Combustion မလုပ်သေးပဲ Burner ကို ရပ်ထားပြီး F.O. Pump ကို Manual မောင်းပြီး F.O. ကို Heating ပေးလို့ရပါတယ်။
နောက်အပိုင်းများမှာ Boiler Mounting များအကြောင်း ဆက်လက်ရေးပေးပါမယ်။
စိုင်းတင်သူရ