Boiler… အပိုင်း(၁)

မင်္ဂလာပါ။ ကျွန်တော်လည်း အလုပ်တစ်ဖက်နဲ့ တစ်ယောက်ထဲ Blog လုပ်ပြီးမှ မရေးနိုင်ဖြစ်နေလို့ တောင်းပန်ပါတယ်။ ကိုယ်တိုင်ကလည်း စာကို လေးလုံးကွဲအောင်မရေးနိုင်တော့ ပြသနာတွေ့တာပေါ့။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းတွေထဲက စာရေးတတ်တဲ့သူတွေ Maritime Field, Engineering Field နဲ့ စပ်စပ်တဲ့လူတွေကို သူတို့ရေးထားတဲ့ စာတွေကို ပြန်မျှဝေပေးဖို့လိုက်အကူအညီတောင်းခဲ့တယ်။ ဒီ Boiler ဆိုတဲ့ Post တွေကိုတော့ ကျွန်တော်နဲ့ TTC မှာလည်းက တစ်ခန်းထဲ အတူကျောင်းတက်ခဲ့တဲ့ MMU, 7th Batch, ME Major က ကျောင်းပြီးတဲ့ စိုင်းတင်သူရ ရေးထားတဲ့စာကိုပြန်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ သူ့ Facebook ပေါ်မှာသွားကြည့်နိုင်ပါတယ်။ သူ့ရဲ့ Marine Engineering Knowledge for Engine Cadets ဆိုတဲ့ Facebook Page မှာဆိုရင်လည်း ရေကြာင်းအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စာစုများ ရေးသားထားတဲ့အတွက် သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။

ဒီလိုမျှဝေပေးတဲ့အတွက်လည်း ကျွန်တော်ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ထပ်လောင်းပြောပါရစေ။
ထိုက်အောင်ကျော်

(၁)    Boiler
Boiler ဆိုတာအရိုးရှင်းဆုံးပြောရရင်တော့ ရေနွေးငွေ့  ထုတ်ပေးတဲ့စက်ပါပဲ။ ရေနွေးငွေ့ ထုတ်တယ်ဆိုတော့ သင်္ဘောပေါ်မှာ ရေနွေးငွေ့ကို အသုံးပြုဖို့  လိုအပ်တဲ့နေရာတွေရှိတယ်ဆိုတဲ့သဘောပေါ့။ အဲ့ဒီတော့သင်္ဘောပေါ်မှာ ရေနွေးငွေ့ကို ဘယ်နေရာတွေမှာသုံးသလဲဆိုတာ  အရင်ကြည့်ကြရအောင်။ အဓိက ကတော့အပူပေးဖို့ အတွက်သုံးတာပါ။

  • Fuel Tank, Lubricating Oil Tank တွေကို အပူပေးတဲ့နေရာမှာသုံးတယ်။
  • Fuel Pipe Line, Lubricating Oil Pipe Line တွေကို အပူပေးတဲ့နေရာမှာသုံးတယ်။ ဒီနေရာမှာသုံးတဲ့ ရေနွေးငွေ့လိုင်းကို Steam Trace Line လို့ခေါ်ပါတယ်။
  • Accommodation (လူနေခန်းများ) အထပ်ကအခန်းတွေမှာရှိတဲ့ Heater  လိုင်းတွေ… ပြီးတော့ ရေချိုးခန်းက ရေနွေးလိုင်းတွေကို အပူပေးဖို့ သုံးတယ်။

အပေါ်မှာပြောထားတဲ့အချက်တွေအပြင် ရေနွေးငွေ့ကို  အသုံးပြုတဲ့ အခြားနေရာတွေ ရှိပါသေးတယ်။

fig-1
Steam Lines

Fig-1

Fig-1 မှာ F.O Service Tank  ကိုအပူပေးမယ့်  ရေနွေးငွေ့လိုင်းတွေရဲ့ပုံကို ပြထားပါတယ်။ ငွေရောင်သုတ်ထားတဲ့ Valve Handle တွေက Steam Line တွေကို အဖွင့်အပိတ်လုပ်တဲ့ Valve တွေပါ။ အနီရောင်သုတ်ထားတဲ့ Valve Handle တွေနဲ့ အနီရောင် Tape ပတ်ထားတဲ့  Pipe တွေက Fuel Line တွေပါ။

ပုံမှာ pipe line တွေကို ပတ်ထားတဲ့ဖော့တွေက Heat Protection  လုပ်ဖို့အတွက်ဖြစ်ပါတယ်။ Steam Line တွေနဲ့ အပူပေးထားတဲ့ Fuel  Line တွေရဲ့ Temperature ဟာ 100°C ဝန်းကျင်မှာရှိပါတယ်။ ထိမိရင် အပူလောင်နိုင်တဲ့အတွက် Protection လုပ်ထားရပါတယ်။

(၂) Boiler နှင့်  Cascade Tank (Feed Water Tank)

Boiler ကနေရေနွေးငွေ့ထွက်တယ်။ အဲ့ဒီရေနွေးငွေ့ကို ရေချို (Fresh Water) ကနေထုတ်ယူပါတယ်။ Boiler ထဲကို Fresh Water  ဝင်တဲ့လမ်းကြောင်းနဲ့ ရေနွေးငွေ့ပြန်ထွက်တဲ့လမ်းကြောင်းကို ပြတဲ့ Flow  Diagram  ကို အောက်မှာဖော်ပြထားပါတယ်။

fig-2
Flow Diagram

Fig-2

Fig-2 မှာပြထားတဲ့အတိုင်းပါပဲ… Boiler ထဲမှာရေနွေးငွေ့ထုတ်ယူမယ့် Fresh Water ကို Cascade Tank ထဲ Store လုပ်ထားပါတယ်။ Cascade Tank ကို Feed Water Tank လို့လည်းခေါ်ပါတယ်။ Cascade Tank  ထဲကရေကို Boiler ဆီရောက်အောင်မောင်းတင်ပေးတဲ့ Pump ကတော့ Feed Water Pump ပါ။

Boiler ကနေ Steam ထုတ်ယူပြီးတဲ့အခါ Main Steam Line ကနေတဆင့် သက်ဆိုင်ရာ Steam Line တွေဆီ Supply လုပ်ပါတယ်။ ပုံမှာ Main Steam Line ကနေ ခွဲထွက်လာတဲ့ လိုင်းတစ်လိုင်းကို တွေ့ရမှာပါ။ အဲ့ဒီလိုင်းက
Excess Steam Valve ထဲကိုဝင်သွားပါတယ်။

Boiler ကနေ ထုတ်ပေးတဲ့ Steam ကို Main Steam Line ပေါ် Supply လုပ်ပေးတဲ့ အခါမှာ Excessive Pressure မဖြစ်အောင် Pressure Limit တစ်ခုထားပြီး ထုတ်ရပါတယ်။ Excess steam valve ဆိုတာ အဲ့ဒီလိုမျိုး Pressure Limit ကျော်သွားတဲ့အခါ Line ထဲရှိတဲ့ Steam Pressure ကို လျှော့ပေးဖို့အတွက် ပွင့်ပေးတဲ့ Valve ပါပဲ။ လွယ်လွယ်ပြောရရင်တော့ လေလျှော့ပေးတဲ့ သဘောတရားနဲ့ အတူတူပါပဲ။ Excess Steam Valve ကို Steam Dumping Valve လို့လည်းခေါ်ပါတယ်။

Boiler ကနေထုတ်ပေးနေတဲ့ Steam ပမာဏ တဖြည်းဖြည်းများလာပြီး Steam Pressure က သတ်မှတ်ထားတဲ့ Pressure Limit ထက်ကျော်သွားမယ်ဆိုရင် Excess Steam Valve ပွင့်သွားမယ်… ပြီးရင် Main Steam Line ထဲက Steam အချို့ကို Condenser ဆီပို့ပေးပြီး Main Steam Line ထဲက Steam Pressure ကို လျှော့ချပေးမှာပါ။

Condenser ဆိုတာက Excess Steam Valve ကနေဝင်လာတဲ့ Steam ကို ရေပြန်ဖြစ်အောင် အအေးခံပေးတဲ့ နေရာပါ။ အဲ့ဒီလို အေးခံပေးဖို့အတွက် Sea Water ကို သုံးပါတယ်။ အအေးခံလို့ရလာတဲ့ရေတွေက Cascade Tank ထဲကို ဝင်ပါတယ်။ Cascade Tank ကနေ Boiler ဆီကို အပေါ်မှာပြောခဲ့တဲ့ Circulation တွေအတိုင်းပြန်သွားပါတယ်။

နောက်အပိုင်းတွေမှာတော့ Boiler Burner & Fuel Lines အကြောင်းနဲ့ Boiler Mountings တွေအကြောင်းကို အသေးစိတ်  ပုံများနှင့်တကွရှင်းပြပေးပါ့မယ်။

စိုင်းတင်သူရ

1 comment

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide