ကျွန်တော့်အကြောင်း

နည်းပညာ၊ ဒီဇိုင်းနဲ့ ကိုယ်တိုင်လုပ်ရတဲ့ ပရောဂျက်တွေကို နှစ်သက်တယ်။

Pixel Design

Htike Aung Kyawမင်္ဂလာပါဗျာ။ ကျွန်တော့်နာမည် ထိုက်အောင်ကျော် ပါ။ ရန်ကုန်ကပါ။ ဂျပန်နိုင်ငံ အိုဆာကာမြို့နဲ့ အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့တွေမှာ နေထိုင်ခဲ့ဖူးပါတယ်။ အခုတော့ ရန်ကုန်ပြန်ရောက်နေပါပြီ။ ဂျပန်၊ စင်ကာပူနဲ့ အမေရိကန် နိုင်ငံတွေရောက်ဖူးပါတယ်။ ၂၀၁၇ မှာ ဂျပန်၊ အိုဆာကာတက္ကသိုလ် ကနေ Global Architecture ဘာသာရပ်နဲ့ မာစတာဘွဲ့ ရရှိခဲ့ပါတယ်။

ဘွဲ့ကြိုသင်တန်းကိုတော့ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကနေ ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာဘွဲ့ရရှိထားတာပါ။ ဒီဇိုင်းဆွဲရတာတွေနှစ်သက်ပြီး အိမ်ဒီဇိုင်း၊ အဆောက်အဦးပုံစံ၊ Landscaping ဒီဇိုင်းတွေနဲ့ သင်္ဘောဒီဇိုင်းတွေကို အထူးကြိုက်နှစ်သက်ပါတယ်။ 3D ပရင့်ထုတ်တာ၊ Digital Fabrication/Makerspace/FabLab တွေမှာ အလုပ်လုပ်ရတာလည်း ကိုလည်း အလွန်စိတ်ဝင်စားပါတယ်။

အရင်တော့ စီသန်းနှင့်ရောင်ရင်းများ အထွေထွေရေကြောင်းအကြံပေး ဝန်ဆောင်မှု ကုမ္ပဏီ (C. Than and Associates, Marine Design Firm) ၊ မြန်ရွှေပြည်ယန္တရားကုမ္ပဏီ (Myan Shwe Pyi Tractors Ltd.) (MSPTL, MSP CAT) တွေမှာ အလုပ်လုပ်ဖူးတယ်။ တစ်နိုင်တစ်ပိုင်လုပ်တဲ့အလုပ်တွေအနေနဲ့ဆိုရင်တော့ CMS (အထူးသဖြင့် WordPress နဲ့) ဝက်ဘ်ဆိုက် ရေးတယ်၊ ဘာသာပြန်တယ်၊ ဗီဒီယိုတွေမှာ စာတမ်းထိုးပေးတယ်၊ OpenStreetMaps မှာ မြေပုံတွေပြင်တာနဲ့ Business Location တွေ ထည့်ပေးတာ စတာတွေ လုပ်ပါတယ်။ ကျွန်တော်ပိုက်ဆံရနိုင်မယ့် အလုပ်မျိုးရှိမယ်ဆိုရင် ဆက်သွယ်လိုက်ဗျာ။

ကျွန်တော်အကြောင်း အသေးစိတ်သိချင်ရင်တော့ Linkedin မှာဖတ်လို့ရပါတယ်။ ကိုယ်ရေးမှတ်တမ်း CV လိုချင်တယ်ဆိုရင် ဒီ အီးမေးလ်ကိုဆက်သွယ်ပေးပါ။

ရေးခဲ့၊ ဆွဲခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေထဲက အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ် – 

Show
Hide