အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုတဲ့အတွက်ရော စိတ်ဝင်စားတဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်အကြောင်းကို ရင်းနှီးစွာ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်နာမည်ကတော့ ထိုက်အောင်ကျော်ပါ။ ၁၉၉၁ ခုနှစ်မှာမွေးပြီး၊ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း မှာ ၁၉၉၅ ကနေ ၂၀၀၇ အထိပညာသင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာရပ် ၆ ခုရှိတဲ့အထဲမှာ ၄ ဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ်အထိကိုတော့ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ရေယာဉ်တည်ဆောက်မှုဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ နောက်ဆုံးနှစ် အဆင့်သတ်မှတ်ချက် (Final Year GPA) ၄.၂၂ / ၅.၀ နဲ့ ပျမ်းမျှနှစ်စဉ် အဆင့်သတ်မှတ်ချက် (Culmulative GPA) ၃.၈၃ / ၅.၀ ရရှိခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်သင်ကြားနေစဉ် ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုအချို့ကို အောက်မှာဖော်ပြထားပါတယ်။
− နှစ်စဉ်ကြက်တောင်ရိုက်ပြိုင်ပွဲများကို ပါဝင်ဆင်နွဲခြင်း၊
− ရေယာဉ်ပုံစံငယ် တည်ဆောက်ခြင်းနှင့် Resistance Testing ကို Towing Tank တွင် စမ်းသပ်ခြင်း၊
− နှစ်စဉ် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ၏ အသင်းဝင်အဖြစ်ပါဝင်ခြင်း၊
− ရေယာဉ်တည်ဆောက်မှုနှင့် အဏ္ဏဝါအင်ဂျင်နီယာဌာနအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပနိုင်ရေးကော်မတီ၏ အသင်းဝင်အဖြစ်ပါဝင်ခြင်း၊
− စီနီယာကျောင်းသားများ၏ နောက်ဆုံးနှစ်စာတမ်းဖြစ်သည့် “ Pollution Control from Ship” ကို ၎င်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တင်ပြပေးနိုင်ရန် ကူညီခဲ့ခြင်း၊
− နောက်ဆုံးနှစ် ဘွဲ့ယူစာတမ်းဖြစ်သည့် “ Design of a Pleasure Craft with Catamaran Hull” ခေါင်းစဉ်နှင့် စာတမ်းပြုစုရေးသားခြင်း။ စသည်တို့ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ စီသန်းနှင့် ရောင်းရင်းများ ရေယာဉ်ဒီဇိုင်း၊ တည်ဆောက်မှုနှင့် အထွေထွေအကြံပေး ကုမ္ပဏီလီမိတက်မှာ အငယ်တန်း ရေယာဉ်တည်ဆောက်သူ အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ မြန်ရွှေပြည်ယန္တရားလီမိတက် (MSP CAT, မြန်မာပြည်၏ Caterpillar ထုတ်ကုန် Authorized Dealer) တွင် Sales and Application အင်ဂျင်နီယာ၊ ရေကြောင်းဌာနစိတ်၊ Project Development and Application Engineering ဌာနခွဲ, Energy and Transportation ဌာနတွင် တာဝန်ယူခဲ့ရပါသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ မှာတော့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာရှိတဲ့ အိုဆာကာတက္ကသိုလ်ရဲ့ ဘွဲ့လွန် အင်ဂျင်နီယာကျောင်းမှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ Global Architecture ဘာသာရပ်ကို လေ့လာခဲ့ပြီး Maritime and Urban Engineering ကို သင်ကြားခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာတော့ အိုဆာကာတက္ကသိုလ်ကနေ ချီးမြှင့်တဲ့ အင်ဂျင်နီယာ မာစတာဘွဲ့ကို ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ကနေ ၂၀၁၈ ခုနှစ် ဧပြီလအထိ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်ရှိ University of Iowa ရဲ့ IIHR ဌာနမှာ ၅လကြာ အလုပ်လုပ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းတစ်စုနှင့် Innovation Awaits လို့ခေါ်တဲ့ ၃ဖက်မြင်ပရင့်ထုတ်ခြင်း (3D Printing)၊ လေဆာအသုံးပြု ပုံထွင်းခြင်း (Laser Engraving)၊ လေဆာအသုံးပြု ဖြတ်တောက်ခြင်း (Laser Cutting) နဲ့ အသေးစား စီအန်စီအသုံးပြု ပုံထွင်းခြင်း (Small Scale CNC Routing) ဝန်ဆောင်မှုတွေကို ပေးတဲ့ အဖွဲ့လေး စတင် ဖွဲ့စည်းပြီး ဝန်ဆောင်မှုတွေပေးနေပါတယ်။
ဟုတ်ပါပြီဗျာ။ ကျွန်တော့်အကြောင်းတော့ စုံစုံလင်လင်ပြောပြီးပါပြီ။ နောက်ဆုံး ကျွန်တော့် အခြေအနေနဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ အတွက်ကိုတော့ ကျွန်တော့်ရဲ့ Linkedin စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်ဗျာ။
ကဲ… နောက်တစ်ခါထပ်ပြီး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပါဗျာ။
လေးစားစွာဖြင့်
ထိုက်အောင်ကျော်
အမည် − ထိုက်အောင်ကျော်
အီးမေးလ် − htikeaungkyaw[at]gmail.com
ဖေ့စ်ဘုတ်
Twitter
LinkedIn
Last Updated – 2020-01-16